DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, March 7, 2009

ကျောက်ဖြူနယ်မှာ စစ်တပ်က မီးသွေးကို လျှော့ဈေးနဲ့ ဝယ

ငြိမ်းချမ်း
သောကြာနေ့၊ မတ်လ 06 2009 19:27 - မြန်မာစံတော်ချိန်


ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထွက် မီးသွေးများကို ဒေသအာဏာပိုင်များက ပြင်ပပေါက်ဈေးထက် ထက်ဝက်မက လျှော့ချကာ အတင်းအကျပ် ဝယ်ယူပြီး စစ်တပ်ရန်ပုံငွေအတွက် အမြတ်တင် ရောင်းချနေသည်။

မြို့နယ်အတွင်း ဈေးကွက်တွင် ၁ဝ ပိဿဝင် မီးသွေးတအိတ်လျှင် ကျပ် ၂၅ဝဝ ရှိသော်လည်း ဒေသခံ စစ်တပ်အမိန့်ဖြင့် မီးသွေးထွက်ရှိရာ စနဲကျေးရွာအုပ်စုတွင် ထွက်ရှိသမျှကို တအိတ်လျှင် ကျပ် ၁ဝဝဝ ဈေးဖြင့် မရောင်းမနေရဟုဆိုကာ ပြီးခဲ့သည့်လကုန်ပိုင်းမှ စတင်၍ သိမ်းကြုံးဝယ်နေခြင်း ဖြစ်သည်။


“ကျောက်ဖြူက ဗျူဟာမှူး ကျော်ဦးနဲ့ စနဲချောင်း ဥက္ကဋ္ဌ ဦးမောင်ဘုတို့က မီးသွေးကို မရောင်းမနေရ ဝယ်နေတာပါ။ အပြင်မှာ သွားရောင်းရင်လည်း အဖမ်းခံရတယ်” ဟု ဘင်္ဂလား-မြန်မာ နယ်စပ်သို့ ရောက်ရှိလာသူ အဝတောင် ကျေးရွာသား ကိုရွှေသိန်းက မဇ္ဈိမကို ပြောသည်။

လျှော့ဈေးဖြင့် ဝယ်ယူနေသူများမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်ဖြူ အခြေစိုက် အမှတ် ၃ နည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်ဦး၏ အမိန့်ဖြင့် စနဲကျေးရွာအုပ်စု ဥက္ကဋ္ဌ က ဦးစီးလုပ်ကိုင်ခြင်းဖြစ်သည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ စနဲချောင်းအုပ်စုတွင် စနဲချောင်း၊ အဝတောင်၊ မျောချောင်း၊ စံပေချောင်း၊ ပြုံဘေးရွာများ အပါအဝင် ကျေးရွာ ၈ ရွာခန့်သည့် မီးသွေးဖုတ်သည့် ရွာများဖြစ်ပြီး စုစုပေါင်း မီးသွေးဖို ၁ဝဝ ခန့် ရှိကာ တရက်လျှင် ပိဿချိန် ၂၈ဝဝ မှ ၃ဝဝဝ အကြား ထွက်ရှိကြောင်း ကျောက်ဖြူမြို့ခံက ဆိုသည်။

ဤသည်မှာ တလလျှင် အလုပ်ဆင်းရက် ၂၂ ရက်တွင် တန်ချိန်ပေါင်း ၄ဝဝဝ ခန့် ထွက်ရှိသည့် နှုန်းထားဖြစ်သည်။ (မက်ထရစ် တတန်လျှင် ၁ဝဝဝ ကီလိုဂရမ် ရှိသည်)

မီးသွေးဖုတ်ရန်အတွက် လိုအပ်သည့် သစ်များကိုမူ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ် အတွင်းမှ ခုတ်လှဲကာ၊ မီးသွေးများကို အဆိုပါ မြို့နယ်များရှိ ကုန်သည်များထံ ရောင်းချသည်။

ယခုအခါ စစ်တပ်က လျှော့ဈေးဖြင့် ဝယ်သည့် မီးသွေးများကို ထိုမြို့နှစ်မြို့တွင် ပျောက်ဈေးဖြင့် ရောင်းချသည်။

မီးသွေးဖုတ်သူများသည် အမြတ်နည်းပြီး တွက်ခြေမကိုက်သော်လည်း အဖမ်းအဆီး ခံရမှာ စိုးရိမ်သဖြင့် ရောင်းပေးနေရသည်ဟု ဒေသခံများက ဆိုသည်။

ပြီးခဲ့သည့်လ လကုန်ပိုင်းမှ စတင်ခဲ့သည့် ၂ဝဝ၉ ခုနှစ် မီးသွေးဖုတ်ခွင့် လိုင်စင်အဖြစ် မီးသွေးတဖိုကို ကျပ်တသိန်းခွဲစီ တောင်းခံပြီးချိန်မှ စတင်ကာ လျှော့ဈေးဖြင့် ဝယ်ယူခြင်းလည်း ဖြစ်ကြောင်း ကိုရွှေသိန်းက ပြောသည်။

ဒေသခံများသည် မီးသွေးဖုတ်နှင့် ဆားချက်လုပ်ငန်း လုပ်ကိုင်ကာ သက်မွေးဝမ်းကျောင်းနေသူများ ဖြစ်သည်။

No comments: