DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, March 12, 2009

ဒီချုပ် ဒုဥက္ကဌ ဦးတင်ဦး အသက် ၈၂ နှစ်ပြည့်

ကိုဝိုင်း
ကြာသပတေးနေ့၊ မတ်လ 12 2009 18:07 - မြန်မာစံတော်ချိန်

ဘန်ကောက် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ အသက် ၈၂ နှစ်မြောက်မွေးနေ့ကို ပါတီရုံးချုပ်တွင် ယနေ့ပြုလုပ်ခဲ့သည်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦး၏ ဇနီးဖြစ်သူ ဒေါက်တာ တင်မိုးဝေက မွေးနေ့ပွဲ အမှတ်တရအဖြစ် ပုံမှန် ရုံးတက်နေကျ အန်အယ်ဒီအဖွဲ့ဝင်များအား အစားအသောက်များဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာပြည်အထက်ပိုင်း ဒီပဲယင်းဒေသတွင် နိုင်ငံရေး စည်းရုံးရေးခရီး လှည့်လည်စဉ် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော လူဆိုး၊ လူမိုက်များက အကြမ်းဖက် တိုက်ခိုက်ခံရပြီး အဖမ်းခံခဲ့ရသည်။

သူ့ကို ဗွေဆော်ဦးတွင် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရန်ကုန်နေအိမ်သို့ ခေါ်ဆောင်ပြီး အိမ်ချုပ် ချထားခြင်း ဖြစ်သည်။

အလားတူပင် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ် အကျယ်ချုပ် ကျခံနေရဆဲဖြစ်သည်။

No comments: