DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, March 10, 2009

ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကုန်သွယ်မှုပမာဏကျဆင်းနေချိန်တွင် ကုန်သွယ်မှုအား နှောင့်နှေးစေသော အခြားအတားအဆီးများ ကျော်လွှားနိုင်မှု အရေးကြီးလာ






ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ အ ကျပ်အတည်းကြောင့် နိုင်ငံအလိုက် ကုန်သွယ်မှုပမာဏကျဆင်းနေချိန် တွင် ကုန်သွယ်မှုအား နှောင့်နှေးစေ သော အခြားအတားအဆီးများမဖြစ် စေရန်လည်းများစွာအရေးပါကြောင်း စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူများကသုံးသပ်ကြသည်။

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ သို့ သော် ယခုနှစ်အတွင်း ကမ္ဘာ့ဘဏ္ဍာ ရေးဆိုင်ရာ အကျပ်အတည်း ရိုက် ခတ်ပြီးနောက်ကုန်သွယ်မှုပုံစံပြောင်း လဲလာနိုင်ကြောင်းလည်း သုံးသပ်မှု များရှိနေသည်။

''မြန်မာနိုင်ငံက အခုနှစ်တွေ အတွင်းမှာ နှစ်စဉ်ကုန်သွယ်မှုတိုး တက်လာခဲ့ပါတယ်။ ကုန်သွယ်မှု ဆိုတဲ့အပိုင်းမှာ export ပိုင်းရော၊ import ပိုင်းရောပါသွားတဲ့အတွက် အခုနောက်ပိုင်းမှာ ကုန်သွယ်မှုပုံစံ ပြောင်းလဲလာနိုင်တယ်။ ဥပမာ ကုန်သွယ်မှုပမာတိုးတက်တာမျိုးထက် ကုန်သွယ်မှုအသာစီးရဖို့လိုလာတယ်။ အခုနောက်ပိုင်း Financial Crisis ဖြစ်လာကြတာ၊ နိုင်ငံတွေကသူတို့ရဲ့ ထုတ်ကုန်တွေအတွက်ဈေးကွက်တွေ ရှာလာတယ်။ အပြိုင်ပို့ကြမှာပဲ။ အဲဒီအချိန်မှာ ကုန်ပစ္စည်းတွေက တရားဝင်လမ်းကြောင်းကရော၊ တရားမ၀င်လမ်းကြောင်းကရော ၀င် လာနိုင်တယ်''ဟု စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ ကုန်သွယ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် Normal Trade နှင့်အတူ Border Trade ကဏ္ဍမှာလည်းများစွာအရေးပါလျက် ရှိရာ ပို့ကုန်ပစ္စည်းများအား လျော လျောရှုရှုနှင့် လျင်လျင်မြန်မြန် တင်ပို့နိုင်ရေးမှာ များစွာအရေးပါ သကဲ့သို့ သွင်းကုန်ပစ္စည်းများဒေသ တွင်းသို့ ၀င်ရာတွင် အခြား အတား အဆီးများကိုကျော်ဖြတ်ရသည့်အတွက် စားသုံးသူလက်ထဲသို့ သင့်တင့်မျတ ပြီးဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ပိုသောဈေးဖြင့် ရောက်ရှိလာခြင်းမှာ လည်း မလိုလားအပ်သော trade barrier များကြောင့်ဖြစ်ကြောင်း အချို့က သုံးသပ်ကြသည်။

''ဥပမာ မြန်မာနိုင်ငံက ထိုင်း နိုင်ငံကပစ္စည်းကို သွင်းလာတယ်ဆို ပါတော့ မြ၀တီလမ်းကြောင်းကနေ သွင်းလာတယ်။ ရန်ကုန်ရောက်ဖို့ ဆိုရင် ဂိတ်နှစ်ဂိတ်ဖြတ်ရတယ်။ အဲဒီမှာပစ္စည်းတွေထဲမှာ တရားမ၀င် ကန့်သတ်ထားတဲ့ပစ္စည်းတွေ ပါ၊ မပါ ဂိတ်မှာ စစ်ဆေးကြတယ်။ လုပ်ငန်း ရှင်တွေက အစအဆုံး ကားပေါ်က ပစ္စည်းပြန်မချနိုင်တော့ ရတဲ့နည်းနဲ့ ဖြေရှင်းသွားကြတယ်။ ဒါပေမဲ့ အဲဒီ အတွက် ကုန်ကျစရိတ်ကိုတော့ စား သုံးသူဆီကပြန်ယူတာပဲ။ အဲဒီတော့ စားသုံးသူနစ်နာတာပေါ့။ တကယ် တမ်းကန့်သတ်ကုန် ပါလာမှာ စိုးတယ်ဆိုရင် တကယ်စစ်ဆေးသင့် တယ်။ အဲဒါတွေက ကုန်သွယ်မှုမှာ မလိုလားအပ်တဲ့ အနှောင့်အယှက် တွေပဲ''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

''အခုနောက်ပိုင်း ကုန်သွယ်မှု ကဏ္ဍအဆင်ပြေချောမွေ့ဖို့ ပိုပြီးလို လာပါတယ်။ သွင်းကုန်ပိုင်းရော၊ ပို့ကုန်ပိုင်းရော အများကြီးအဆင်ပြေ ဖို့ လိုလာတာပါ။ ပို့ကုန်ပိုင်းမှာဆို ရင်လည်း ဒေသတွင်းနိုင်ငံတွေ၊ border ချင်း ထိစပ်နေတဲ့ နိုင်ငံတွေ အချင်းချင်းကုန်သွယ်တဲ့နေရာမှာ မလိုလားအပ်တဲ့ အတားအဆီးတွေ နည်းနိုင်သမျ နည်းတာအကောင်း ဆုံးပါပဲ။ အခုနောက်ပိုင်းဈေးကွက် က အကန့်အသတ်နဲ့ဖြစ်လာတယ်။ crisis က ဘယ်လောက်ကြာမယ် မသိဘူး။ barrier တွေ သိပ်မများ ရင်တော့အကောင်းဆုံးပါပဲ''ဟုအခြား လုပ်ငန်းရှင်တစ်ဦးကလည်း သုံး သပ်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နယ်စပ် ချင်း ထိစပ်နေတဲ့ နိုင်ငံများနှင့် ကုန်သွယ်ရာတွင် နယ်စပ်ကုန်သွယ် မှုကို အဓိကအားပြုရန် ကန့်သတ် နေသောကြောင့် ဒေသအလိုက်ထား ရှိသော check point များအား မှန်ကန်မှုများမှာ များစွာအရေးပါ လာကြောင်း၊ အလားတူကုန်သွယ်မှု ဆိုင်ရာအတားအဆီးများ နည်းနိုင် သမျ နည်းအောင် လျော့ချနိုင်ခြင်း သည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း၊ အလားတူ မြန်ဆန်မှု အတွက် ဖြေရှင်းနိုင်သည့်နည်းလမ်း များ ရှာဖွေသင့်ကြောင်းသိရှိရသည်။

အလားတူပင် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်၏ဧပြီလမှဒီဇင်ဘာလ အထိ မြန်မာနိုင်ငံခြားကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၈၅၀၀ ကျော်ရရှိခဲ့ကြောင်းနှင့်ပို့ကုန် ပိုင်းတွင် ယခင်နှစ်ထက် ၁၄ ဒသမ ၃၀ ရာခိုင်နှုန်း တိုးတက်ခဲ့သော် လည်း နယ်စပ်ကုန်သွယ်မှုတွင်မူ ၂ ဒသမ ၈၈ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း သိရသည်။ ''နယ်စပ်ကုန်သွယ်ရေးကနေ ကုန်သွယ်တဲ့နေရာမှာ check point တွေက အများကြီးရှိတယ်။ တကယ် မှန်မှန်ကန်ကန်လုပ်နေတဲ့ check point တွေ ရှိသလို နားလည်မှုနဲ့ လုပ်ချင်သလိုလုပ်နေတဲ့ check point တွေလည်း ရှိတယ်။ ဥပမာ မြ၀တီကလာရင် စစ်တောင်းဂိတ်နဲ့ ပဲခူးဂိတ်ကို ဖြတ်ရတယ်။ အခု နောက်ပိုင်းပဲခူးဂိတ်ကအရမ်းနာမည် ကြီးနေတယ်။ အကြိမ်ကြိမ်ငွေ ပေးပြီးဖြတ်နေရတယ်။ အလားတူပဲ ဒေသတွင်း ကန့်သတ်ကုန်တွေရှိ တယ်။ ဥပမာ ဆန်မလုံလောက်မှာ စိုးလို့ ဒီကဆန်ကို ဟိုမသယ်ရဆို တာမျိုး၊ အဲဒီအခါမှာ check point တွေကို ရိုးရိုးဖြတ်လို့မရတဲ့အတွက် ကုန်သည်တွေက အခြားနည်းသုံး လာတယ်။ လိုချင်တဲ့ခရီးသွားလို့ရအောင် နည်းလမ်းတွေရှာကြတဲ့အခါ အခြားမလိုလားအပ်တဲ့ barrier တွေ ထပ်ဖြတ်ရတဲ့အတွက် ကုန်ပစ္စည်း စီးဆင်းမှုနဲ့ ဈေးနှုန်းအနေအထား တွေရဲ့ အခြေအနေက ပုံမှန်မဟုတ် တာမျိုး ကြုံတွေ့ရပါတယ်''ဟု ကုန် သည်တစ်ဦးက ပြောကြားခဲ့သည်။

''အခြားတစ်ဖက်မှာလည်း အ စစ်အဆေးမရှိလွှတ်ပေးထာရင်အခြား ကန့်သတ်ကုန်တွေပါလာနိုင်တယ်။ အဲဒီတော့ မှန်ကန်ပြီးထိရောက်တဲ့ နည်းလမ်းတွေသုံးဖို့လိုလာပါတယ်။ အတားအဆီးတစ်ခုပဲဖြစ်ပြီး မထိ ရောက်ရင် စားသုံးသူကို ပိုပြီး ၀န် ထုပ်ဝန်ပိုးဖြစ်စေပါတယ်''ဟုပဲခူးမြို့ မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

No comments: