DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, March 12, 2009

တစ်နိုင်ငံလုံးရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စခန်းပိုင် မြေနေရာများတွင် ဖွင့်လှစ်ထားသည့် ဝန်ထမ်း သက်သာဆိုင်များ မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထားကာ ပိတ်ပေးရမည

ပြည်နယ်တိုင်းအသီးသီးရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စခန်းပိုင် နယ်မြေနေရာများတွင် ဖွင့်လှစ်ထားသော ဝန်ထမ်း သက်သာဆိုင်များမှာ ၂၀၀၉ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားကာ ပိတ်ပေးရန် ဆိုင်ဖွင့်သူများသို့ သက်ဆိုင်ရာစခန်းတာဝန်ရှိသူများက အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း ဝန်ထမ်းသက်သာဆိုင် များမှ
သတင်းရရှိသည်။ ရန်ကုန်တိုင်းအတွင်းရှိ စခန်းအချို့မှ တရားဝင်အကြောင်းကြားစာပေးပို့ခြင်း၊ စခန်းအချို့မှာသိ
ရှိကြောင်းလက်မှတ် ရေးထိုးစေခြင်းဖြင့်အသီးသီး အသိပေးထားခဲ့သည်ဟုသိရသည်။ မန္တလေးမြို့ပေါ်တွင်လည်း
ထိုနည်းတူဝန်ထမ်း သက်သာဆိုင်များအား မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားကာ ဆိုင်ပိတ်ပေးရန် အကြောင်း
ကြားထားပြီးဖြစ်ကြောင်းနှင့် ကရင်ပြည်နယ်ဘားအံမြို့တွင်မူ တရားဝင် စာထုတ်ပြန်ကာ အသိပေးထားခြင်းဖြစ်
ကြောင်း ရဲတပ်ဖွဲ့ပိုင် မြေများတွင် ဆိုင်ဖွင့်လှစ်သူများက ဆိုသည်။ ဝန်ထမ်းသက်သာဆိုင်များဟု ဆိုရာတွင် အချို့
မှာနှစ်ပေါင်း ၁၃နှစ်၊ ၁၄နှစ်အထိ သက်တမ်းရှိသည့် ဆိုင်များဖြစ်ကြောင်း ရေရှည်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုကာ
အရင်းအနှီးထည့်နိုင်သမျှထည့်ထားသည့် ဆိုင်များပါဝင်ကြောင်းသိရသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းပိုင် မြေနေရာများတွင်ဖွင့်လှစ်ထားသည့် ဝန်ထမ်း သက်သာဆိုင်ခန်းများမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုပါကများစွာရှိကြောင်း ၂၀၀၉ခုနှစ်မတ်လ ၁၃ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထား ပါသည်။

No comments: