DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, July 21, 2008

့် အာဇာနည်နေ့ ကျင်းပ ရန် ဇူလိုင် (၁၈) ရက်မှ အနီးကပ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှ အခမ်းအနားကျင်းပရန်စီစဉ်ရ

မြန်မာ့သမိုင်းတွင် မည်သို့မျှဖျောက်ဖျက်ပြစ်ရန်မလွယ်ကူသည့် မြန်မာ့နိုင်ငံလွတ်လပ်ရေးရရှိရန် ဆောင်ရွက်ခဲ့သူ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မြန်မာ့နိုင်ငံရေးခေါင်းဆောင်အများအပြား လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည့် အာဇာနည်နေ့အခမ်အခမ်းအနားကို လုပ်ကြံခံရသည့် ၁၉၄၇ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့သော်လည်း ယခုနှစ် ၂၀၀၈ ခုနှစ် (၅၃) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုမူ အခမ်းအနားနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့ သည်ကို တွေ့ရသည်။အာဇာနည်နေ့ကျင်းပရေးနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများ၏ ညွှန်ကြားချက် တစ်စုံတစ်ရာ ရောက်ရှိလာခြင်းမရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကာ ဇူလိုင်လ (၁၈) ရက်နေ့ ရောက်မှ အခမ်း အနား ကျင်းပရန် အပူတပြင်းစီးစဉ်ခဲ့ရကြောင်းသိရသည်။ညနေရှစ်နာရီ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သော သတင်းများတွင်မူ မြန်မာလူမျိုးတို့အတွက် အရေးကြီးလှသည့် အာဇာနည်နေ့ အခမ်းအနားသတင်းလုံးဝ ပါဝင်ခြင်းမရှိခဲ့ပဲ ကာကွယ်ရေး ၀န်ကြီး ဌာန၀န်ကြီး ဗိုလ်ချုပ်ကိုကို၏ ဧရာဝတီတိုင်း လေဘေးပြန်လည်ထူထောင်ရေး လှည့်လည်စစ်ဆေးမှုသတင်း၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အောင်သောင်း၏ သတင်း၊ သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အုန်းမြင့်၏သတင်း၊ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့၏ သတင်းများနှင့်အတူ နအဖတိုင်းမှူးများ၏သတင်းများ၊ ကြံဖွံ့အသင်းဝင်များ ၏ သတင်းများကိုသာ မိနစ်သုံးဆယ်ကြာမှ ထုတ်လွှင့်သွားခဲ့သည်။ ရုပ်မြင်သံကြားကြည့် ပြည်သူများအနေဖြင့်မူ အာဇာနည်နေ့သို့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ကျဆုံးသွားခဲ့သည့် အာဇာနည်များပုဂ္ဂိုလ်များ၏ မိသားစုများ တက်ရောက်ဂုဏ်ပြုပုံသတင်းများကိုပင် ယခင်နှစ်များကဲ့သို့ ကြည့်ရှု့ခွင့်မရခဲ့ကြကြောင်းသိရသည်။နေပြည်တော်ရှိ နအဖဗိုလ်ချုပ်များမှ အာဇာနည်နေ့အခမ်းအနားကျင်းပရန် မေ့ချင်ယောင်ဟန်ဆောင်နေကြပေမယ့် အာဇာနည်နေ့မတိုင်မှီ ဇူလိုင် (၁၈) ရက်နေ့ ညဦးပိုင်း များမှာတော့ လက်နက်အပြည့်အစုံနှင့် လူထုအုံကြွမှု အထူးဖြိုခွင်းရေး စစ်ဆင်မှုများကို ရန်ကုန်မြို့ရှိ အချက် အခြာမြို့နယ် များတွင် နအဖအာဏာပိုင်များဖြစ်ကြသည့် ရဲနှင့် စစ်တပ်တို့ အတူပူးပေါင်းပြုလုပ်သွားကြောင်းသိရသည်။ ထိုသို့ပြုလုပ်ရာ တွင် ဒိုင်း၊ မျက်ရည်ယိုဗုံး၊ သေနက်၊ လောက်လေးဂွစသည့် အကြမ်းဖက်နှိုမ်နင်းရေး လက်နက်အပြည့်အစုံကို ကိုင်ဆောင်ထားသော ရဲသားအယောက်နှစ်ဆယ်ပါ မော်တော်ယဉ်အစီးခြောက်ဆယ်ဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အနှံသို့ လှည့်လည်ကာ အင်အားပြသခဲ့ကြပြီး မော်တော်ယဉ်တစ်စီးလျှင် အယောက် ငါးဆယ်ပါ စစ်ကားများကို လှည်းတန်း၊ မြေနီကုန်း၊ ရွှေကုန်တိုင်၊ တာမွေအ၀ိုင်း၊ သမိုင်းလမ်းစုံ၊ လှိုင်သာလမ်းစုံစသည့်နေရာများတွင် ညဆယ့်တစ်နာရီအချိန်မှ မိုးလင်းသည်ထိ လုံခြုံရေးချထားခဲ့ ကြောင်း မျက်မြင်သက်သေများမှ MHT သို့ဆိုသည်။ထိုကိစနှင့်ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ၀ါရင့်နိုင်ငံရေးသမားတစ်ဦးမှ MHT သို့ဆိုရာတွင် နအဖဗိုလ်ချုပ်တွေအနေနဲ့ ပြည်သူတွေကို လမ်းမပေါ်ထွက် မလာအောင် လုပ်တဲ့နည်း လမ်း တွေအများကြီးရှိတဲ့ထဲက သူရဲ့ စိတ်ဓာတ်က တိရစာန် စိတ်ဓာတ်ဖြစ်နေတော့ တိရစာန်ကျင့် တိရစာန်ကြံကြံကြတာပဲလေ။ သူတို့ကသာ ပြည်သူကို စေတနာမေတ္တာအပြည့်အ၀နဲ့ အုပ်ချုပ်နေကြရင် ဘယ်ပြည်သူမှ လမ်းမပေါ်ကို ရောက်လာနိုင်စရာ အကြောင်း မရှိဘူး။ အခုကိစကလည်း နိုင်ငံသမိုင်းနဲ့ဆိုင်တဲ့ကိစ ဒီကိစကြောင့် ပြည်သူတွေလမ်းမပေါ်ရောက်လာတယ်ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ သူတိုင်းအတွက် ဂုဏ်ယူစရာပါ။ အခုဟာက ဒီလိုလမ်းမပေါ်ထွက်လာမှဆိုးတာကြောင့် ညကြီးအချိန်မတော် တစ်မြို့လုံး ပတ်ပြီး အင်အားပြတယ်။ ပြည်သူတွေက ကြောက်စိတ်အရသာ ငြိမ်ခံနေကြပေမယ့် ပြည်သူတိုင်းရဲ့ စိတ်ဓာတ်တွေထဲမှာတော့ ယမ်း အပြည့်နဲ့ အချိန်မရွေးပေါက်ကွဲသွားစေနိုင်တဲ့ စိတ်ခံစားချက်တွေ အပြည့်ပဲဆိုတာ သူတို့မေ့နေကြတယ်။ ဒါကို ဟန်ဆောင်ပြီး မေ့ထား ချင်ကြတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အချိန်အခါနဲ့ အခြေအနေကိုလိုက်ပြီး ကိုယ်စိတ်ထဲမှာရှိနေတဲ့ ယမ်းအိုးကြီးကို ဖောက်ခွဲပစ်ကြဖို့ ကျွန်တော်က MHT ကတဆင့် တိုက်တွန်းချင်ပါတယ်။ ဟု ဆိုသည်။

No comments: