DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, July 21, 2008

အာဇာနည်နေ့ကို မုန်တိုင်ဒဏ်ကြောင့် အကျဉ်းချုံကျင်းပခဲ့သော်လည်း ဆိုကရေးတီးပြိုင်ပွဲကိုမူ အစဉ်အလာမပျက်ကျင်းပရန် စစ်အစိုးရစီစဉ်

ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော အာဇာနည်နေ့ကိုမူ မုန်တိုင်းဒဏ်ကြောင့်ဟု အကျဉ်းချုံ ကျင်းပသွားခဲ့သော်လည်း န၀တလက်ထက်မှစတင်ကာ ကျင်းပလာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီး ပြိုင်ပွဲကိုမူ အစဉ်အလာမပျက် နေပြည်တော် ကြက်ပြေးတွင် ကျင်းပနိုင်စေရန် လုပ်ငန်းစဉ်ညှိနှိုင်း အစည်းအဝေးများခေါ်ယူကာ ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲဝင် အဆို၊ အက၊ အတီး၊ အရေးပညာရှင်များကို ပြည်နယ်နှင့်တိုင်းအလိုက် အဆင့်ဆင့်ရွေးချယ်ကြမည်ဖြစ်ရာ မုန်တိုင်ဒဏ်သင့်ဒေသများမှလည်း ထိုပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်စေရန် အထက်မှ ညွှန်ကြားထားသည့် အတွက် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ ဒေသပိုင်အာဏာပိုင်များအနေဖြင့် မုန်တိုင်းအတွင်း အသက်ရှင် ကျန်ရစ်သူ အနုပညာရှင်များကို လိုက်လံရှာဖွေစုဆောင်းနေရကြောင်း MHT မှ သတင်းများရရှိသည်။

No comments: