DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, July 3, 2008

ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးချိန် ပုဂလိကသတင်းများထုတ်ဝေခွင့်ပေးချိန်တွင် ကြံခိုင်ရေးအသင်းဝင်များကို သတင်းစာတိုက်များမှ လစာပေးခန့်အပ်ထားရမည်ဟု သတင်

စစ်အစိုးရရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးချိန် ပုဂလိသတင်းစာများထုတ်ဝေခွင့်ပေးအပ်သည့်အချိန်တွင် စာပေစီစစ်ရေးဝန်ထမ်းများနှင့် ကြံခိုင်ရေးအသင်းဝင်များကို သတင်းစာတိုက်များမှ လုပ်ခလစာများပေးအပ်ကာ ခေါ်ယူထားရမည်ဖြစ်ပြီး ၄င်းတို့မှ နိုင်ငံတော်မူဝါဒနှင့်ကိုက်ညီသည့်သတင်းများကို တိုက်တွင်း စီစစ်ဖြတ်တောက်မှုများပြုလုပ်ပြီ သတင်းများကိုသာ ဖော်ပြကြရမည်ဟုဆိုသည့် သတင်းများ ရန်ကုန်စာနယ်ဇင်းလောကတွင် ထွက်ပေါ်လျှက်ရှိသည်။ဝါရင့်စာနယ်ဇင်းဆရာတစ်ဦးမှ ထိုကိစနှင့်ပတ်သက်ပြီးဆိုရာတွင် "အခု သူတို့တို့လုပ်နေတဲ့ပုံစံက တရုတ်တို့၊ ဗီယက်နမ်တို့မှ လုပ်နေတဲ့ ပုံစံမျိုးကို ချိုးနေတာဗျ။ အဲ့ဒီနိုင်ငံတွေမှာ သက်ဆိုင်ရာကွန်မြူနစ်ပါတီဝင်တွေကို သတင်းစာတိုက်တွေမှာ ထည့်ထားပြီးတော့ အဲ့ဒီလူတွေက သူတို့ပါတီနဲ့ အမျိုးသားအကျိုးစီးပွားအတွက်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သတင်းစာဆရာတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို စိစစ်ထိန်းချုပ်တာမျိုးတွေရှိတယ်လေ။ အခုစစ်အစိုးရကလည်း ဒီလိုပုံစံမျိုးလုပ်မယ်လို့ ယူဆရတယ်။" ဟုဆိုသည်။
ထို့အပြင် ယခုအချိန်တွင် စစ်အစိုးရမှ တစ်ဖတ်သက်ရေးဆွဲအတည်ပြုပြီးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများ၏ ထောက်ခံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ မြန်မာနိုင်ငံတွင် အားဓမကျင်းသုံးကြတော့မည်ဖြစ်သည့်အတွက် ပြည်သူပြည်သားများနှင့် ပြည်တွင်းမီဒီယာအသီးသီးမှ ထိုဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းပါရှိသော အကြောင်းအရာများအား ခရေစေ့တွင်းကျသိရှိရန်လိုအပ်ပြီး တည့်ကျစွာဖြင့် ဥပဒေအတိုင်း လိုက်နာ လုပ်ကိုင်နိုင်ရန် လွန်စွာအရေးကြီးနေသဖြင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် ကြိုးစားသင့်ကြောင်း လည်းကောင်းမှ ဆက်လက်ပြောကြားသည်။

No comments: