DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, July 11, 2008

နာဂစ်လေဘေးအကြောင်းပြကာ လယ်တစ်ဧက ၅၀၀ ကျပ်အဓမ္မကောက်ခံမှု ဇွန်လကုန်က ၃၀၀ ကျပ်ပြန်ပေး

နာဂစ်လေဘေးသင့်ပြည်သူတို့အား ထောက်ပံ့ကူညီရန်ဟုဆိုကာ ပဲခူးတိုင်း အနောက်ပိုင်းတိုင်းခွဲ မြို့အသီးသီး၏ ဒေသခံတို့ထံမှ လယ်တစ်ဧက ၅၀၀ ကျပ်နှုန်း ဒေသအာဏာပိုင်တို့က ဇွန်လအတွင်းကောက်ခံခဲ့ကြောင်း၊ ယခုအခါ ဒေသခံတို့မှ တိုင်တန်းကြသည်ဟုဆိုကာ အဆိုပါ ၅၀၀ ကျပ်မှ ကြက်ဆူစေ့ဖိုး ၂၀၀ ကျပ်နုတ်ယူပြီး ၃၀၀ ကျပ် ကိုဇွန်လကုန်ပိုင်းက ပြန်ပေးနေကြောင်း၊ အဆိုပါ ကောက်ခံမှုအပြီး အိမ်ထောင်တစ်စု ၀ါးတစ်လုံး ထောက်ပံ့ရမည်ဟု ဆိုကာ ၂၀၀ ကျပ်ကောက်ခံသွားသည်ကိုတော့ ပြန်မပေးကြောင်း၊ လေဘေးသင့်ပြည်သူ တို့အား စေတနာနှင့် ပေးကမ်းလှူဒါန်းသင့်သည်ကို ကျေးလတ်တောင်သူတို့ နားလည်ပြီးဖြစ် သော်လည်း ယခုလို အဓမ္မနည်းဖြင့် အတင်းအကြပ်ကောက်ခံခြင်းကိုတော့ မည်သူမျှမလို လားကြောင်း ဒေသခံအများက ဆိုကြသည်။

No comments: