DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, July 3, 2008

ပခုကူမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား လုပ်ငန်းရှင်များသို့ တစ်အုပ်လျှင်သုံးသောင်းကျပ်နှင့် မယူမနေရရောင်းချလျှက်ရှိ

ပြီးခဲ့သည့်စက်တင်ဘာလတွင်းက မြန်မာ့ဒီမိုကရေစီရေးအတွက် ရဟန်းသံဃာတော်များဦးဆောင်ကာ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေးစီရေး တောင်းဆိုခဲ့ကြသည့် လှုပ်ရှားမှုကိုစတင်သန္ဓေတည်စေရာ မြန်မာပြည်အလယ်ပိုင်းရှိ ပခုကူမြို့တွင်မူ ဒေသခံအာဏာပိုင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ စစ်အစိုးရမှ လည်းကောင်းတို့အာဏာတည်မြဲရေးအတွက် ရှေးရှု့ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အား တစ်အုပ်လျှင်သုံးသောက်ကျပ်ဖြင့် လုပ်ငန်းရှင်များအား မယူမနေရစနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် လုပ်ငန်းလိုင်စင်သက်တမ်းတိုးနှင့် ရယကအဖွဲ့တို့၏ ထောက်ခံချက်များကို တောင်းခံသည့်အချိန်တွင် အာဏာပိုင်များမှ ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။ အမှန်မှာ ထိုအခြေခံဥပဒေစာအုပ်သည် ထောက်ခံမဲပေးရမည့် အချိန်မတိုင်မီ နိုင်ငံသားတစ်ယောက်လျှင် တစ်အုပ်နှုန်း၊ သို့မဟုတ် မိသားစုတစ်စုလျှင် တစ်အုပ်နှုန်း အစိုးရမှ အခမဲ့ဖြန့်ဝေရမည်ဖြစ်သဖြင့် ယခုကဲ့သို့ အခြေခံဥပဒေအတည်ပြုပြီးမှ ထိုဥပဒေစာအုပ်အား မယူမနေရရောင်းချနေမှုကြောင့် ဒေသခံတို့အနေဖြင့် မကြေမနပ်ဖြစ်နေရကြောင်း MHT သို့ ဆိုသည်။

No comments: