DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, July 11, 2008

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂအဖွဲ့ချုပ်လူငယ်များ လေးဆယ့်ခြောက်နှစ်မြောက် လက်ကမ်းစာစောင်ထုတ်ဝေ


၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ နံနက် (၅) နာရီအချိန်တွင် စစ်အာဏာရှင်ဗိုလ်နေ၀င်းနှင့် စစ်အစိုးရ၏ ဗုံးခွဲဖျက်စီးခြင်းကို ခံလိုက်ရသည့် ရန်ကုန်တကသိုလ်ကျောင်းဝင်းအတွင်းရှိ သမိုင်းဝင်ကျောင်းသားသမဂ အဆောက်အဦးကြီး၏ (၄၆) နှစ်မြောက် နှစ်ပတ်လည်အဖြစ် ရန်ကုန်တိုင်းရှိ မြို့နယ်အချို့နှင့် ဧရာဝတီတိုင်းအတွင်း ဟင်္သာတမြို့နယ်များရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မျိုးဆက်သစ်လူငယ်များမှ လေးဆယ့်ခြောက်နှစ်မြောက် နှစ်ပတ်လည် လက်ကမ်းစာစောင်ကို အဖွဲ့ဝင်လူငယ်များအတွင်း ထုတ်ဝေဖြန်ချိလျှက်ရှိကြောင်း သိရသည်။

ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး ဗုံးခွဲဖျက်စီးခံရပြီးနောက်ပိုင်း ယနေ့အချိန်အထိ မြန်မာနိုင်ငံတွင် မြေအောက်အဖွဲ့အစည်းတစ်ခု အဖြစ်သို့ ရောက်ရှိသွားခဲ့ရသော ကျောင်းသားသမဂအဖွဲ့ကြီး၏ မျိုးဆက်သစ်လူငယ်များမှ ကမကထပြုကာ လက်ကမ်းစာစောင်အဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူအပေါင်းသို့ ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂရှိရမယ်။ ကျောင်းသားထု အခွင့်အရေးကို ကာကွယ်မြင့်တင်ကြ။ သမဂ္ဂစိတ်ဖြင့် တိုက်ပွဲဝင်၊ ခွပ်ဒေါင်းအလံအား အမြင့်မားဆုံး လွှင့်ထူကြ။ စသည့် နှိုးဆော်ချက်များပါဝင်ထားသည်။

မျိုးဆက်သစ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များအနေဖြင့် စစ်အစိုးရ၏ အာဏာရှင်အုပ်ချုပ်မှုလက်အောက်တွင် မြေအောက် အဖွဲ့အစည်း တစ်ခုအနေဖြင့် ရပ်တည်လှုပ်ရှားနေကြရပြီး အဖွဲ့ဝင်ကျောင်းသားလူငယ်များအနေဖြင့် စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်စွာ ဖမ်းစီးနှိုပ် စက်ခြင်းများကို အစဉ်အမြဲခံစားနေကြရသူများဖြစ်သလို။ ယခုထုတ်ဝေ ဖြန့်ဖြူးလျှက်ရှိသော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂအမှတ်တရလက်ကမ်းစာစောင်ကိုလည်း အဖွဲ့ဝင်များ၏ လံခြုံရေးအရ လက်သိပ်ထိုးဖြန့်ဖြူးနေကြရကြောင်း သိရသည်။ ထိုလေးဆယ့်ခြောက်နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်ကို ဇူလိုင်လ (၇) ရက်နေ့စတင်ကာ ဖြန့်ဖြူးခဲ့ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင် မျိုးဆက်သစ်ကျောင်းသားများအနေဖြင့် လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မျိုးဆက်သစ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် လူငယ်များထံမှ သိရသည်။

No comments: