DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, July 11, 2008

ကြို့ပင်ကောက်ရဲစခန်းမှ သက်သေခံကျွဲနှစ်ကောင် အစာငတ်ရေငတ်နှင့် သေဆုံးဖွယ်အခြေအနေရှိနေ

ပဲခူးတိုင်း၊ အနောက်ပိုင်းတိုင်းခွဲ၊ ကြိုပင်ကောက်မြို့နယ် ရဲစခန်းမှ သက်သေခံပစည်းအဖြစ် ထိန်းသိမ်းထားသော ခိုင်းကျွဲနှစ်ကောင်သည် အစာငတ်ရေငတ်နှင့် သေဆုံးဖွယ်အခြေအနေရှိနေကြာင်း ရဲစခန်းအ၀န်းအ၀ိုင်းမှ သိရသည်။
အဆိုပါခိုင်းကျွဲနှစ်ကောင်သည် ကြို့ပင်ကောက်မြို့နယ် ဘိသလွန်ရွာမှ တစ်ကောင်စပါး (၇၀) နှင့် စွယ်တော်ဂွေး ချောင်းရွာသား ဦးလှိုင်ဝင်းမှ ငှားရမ်းလုပ်ကိုင်ခဲ့ကြောင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကျွဲနွားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပွားလျှက်ရှိရာ ဦးလှိုင်ဝင်း၏ ကျွဲနှစ်ကောင်သည် ဇွန်လလယ်ခန့်က အခိုးခံ့ခဲ့ရကြောင်း၊ ကျွဲနွားပြန် ပေးဂိုဏ်းမှ ဦးလှိုင်ဝင်းအား ကျွဲတစ်ကောင် သုံးသိန်းနှင့် ပြန်လည်ရွေးယူရန် ကြားလူတစ်ဦးနှင့် ဆက်သွယ်ခဲ့ ကြောင်း၊ ဦးလှိုင်ဝင်းမှ ကျွဲတစ်ကောင် တစ်သိန်းခွဲပေးသည်ကို ပြန်ပေးဂိုဏ်မှ လက်မခံခဲ့သည့်အတွက် ဦးလှိုင် ၀င်းမှ ရဲကိုအကြောင်းကြာကာ ကြားလူကို ဖမ်းဆီးလိုက်ကြောင်း၊ ကွင်းဆက်အရ ဂိုဏ်ဝင်အချို့ကိုလည်း ဖမ်းဆီး မိနေပြီဖြစ်ကြောင်း၊ ရဲမှ သက်သေခံကျွဲနှစ်ကောင်ကို ပြန်ရလိုလျှင် ငွေပေးရမည်ဆိုသည်ကြောင့် ရှစ်သောင်း၊ တစ်သိန်း၊ တစ်သိန်းနှင့် သုံးရစ် နှစ်သိန်းရှစ်သောင်းကို ကြို့ပင်ကောက်စခန်း ရဲများသို့ ပေးအပ်ပြီးဖြစ်ကြောင်း၊ ယခုအခါ ဇွန်လ (၂၅) ရက်ကတည်းက သက်သေခံပစည်း ကျွဲနှစ်ကောင်မှာ အစာရေစာ ကျွေးသူမဲ့ဖြစ်နေခြင်း ကြောင့် ကျန်းမာရေးချို့တဲ့လာပြီဖြစ်ကြောင်း၊ ကျွဲပိုင်ရှင် ဦးလှိုင်ဝင်းအနေဖြင့်လည်း ယနေ့အထိ သူ၏ကျွဲများပြန် မရသေးသဖြင့် ယခုလို ဆန်စပါးစိုက်ပျိုးချိန်တွင် ခိုင်းကျွဲအခက်အခဲဖြစ်နေကြောင်း၊ ရဲသို့ ငွေပေးပြီး မိမိကျွဲများ ရယူလိုကြောင်း တင်ပြသော်လည်း ယခုလို နှစ်ပတ်ကျော်သည်အထိ ထူးခြားမှုမရှိသည့်အတွက် လူတကာအား လိုက်လံအကူအညီတောင်းခံနေကြောင်း စွယ်တော်-ဂွေချောင်းရွာသားတို့ထံမှ သတင်းရရှိသည်။

No comments: