DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, July 3, 2008

ကော့မှူးနယ် မျိုးစပါး တင်းတစရာ ခုနှစ်သိန်းဈေးပေးဝယ်နေရ

ိနာဂစ်လေဘေးဒဏ်ခံခဲ့ရသော လေဘေးသင့်လယ်သမားများအား မျိုးစပါးများကို အပြည့်အ၀နှင့် အချိန်မီပေးဝေနေသည်ဟု နိုင်ငံပိုင် မီဒီယာအသီးသီးတွင် ဖော်ပြနေသော်လည်း ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ ဒေသစိုက်ခွံနီ၊ဘေးကြား စပါးမျိုးများကို နိုင်ငံတော်မှ ရောင်းချပေးနေရာ ပြင်ပဈေးနှင့် မခြား တစ်တင်း ၇၀၀ ၊ စပါးတင်းတစ်ရာ ၇ သိန်းဈေးနှင့် ရောင်းချပေးနေကြောင်း ဒေသခံတို့အဆိုအရသိရသည်။
အဆိုပါ ရွာစဉ်တစ်ကြောရှိ ကျေးရွာအုပ်စုတစ်စုလျှင် လက်တွန်းထွန်စက်ငယ်တစ်စီးကို သုံးနှစ်ခွဲဆပ်စနစ်ဖြင့်ချပေးရာ သက်ဆိုင်ရာ ကျေးရွာလူကြီးများနှင့် လက်သင့်ရာများကို တစ်ဧကစီအလကားထွန်ယက်ပေးခဲ့ရကြောင်း၊ လယ်မြေများ စိုက်ပျိုးထွန်ယက်ရန် နောက်ကျ မည်စိုးသည်ကြောင့် ဒေသခံများက ဆီစိုက်တစ်ဧက ၆၀၀၀ ကျပ်နှုန်းနှင့် ပုဂလိကလက်တွန်းထွန်စက်ငယ်များကိုသာ ငှားရမ်းသုံးစွဲနေရကြောင်း သတင်းရရှိသည်။

No comments: