DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, July 8, 2008

ကညွတ်ကွင်းမြို့ရှိတပ်ရင်း(၃၄၉)မှ အရာရှိနှင့်တပ်သားအချို့ လက်နက်များယူဆောင်ကာ တောခို

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းပါဝင်လျှက်ရှိသော ကညွတ်ကွင်းမြို့တွင် တပ်ဆွဲလျှက်ရှိသော ခလရ (၃၄၉) မှ အရာနှင့် တပ်သားအချို့ လက်နက်များယူကာ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တော်ခိုသွားကြောင်း ကညွတ်ကွင်းမှလာသော သတင်းတရပ်အရသိရသည်။
ထိုတောခိုသွားတော့ တပ်သားများမှ ကရင်ပြည်နယ်နှင့် ယိုးဒယားနိုင်ငံ နယ်စပ်အကြား ယခုဖြစ်ပွားလျှက်ရှိသော KNU နှင့် DKBA တို့၏ တိုက်ပွဲများတွင် နောက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပေးနေသော တပ်ရင်းဖြစ်ပြီး ရှေ့တန်းမှ တပ်ရင်းသို့ ပြန်လည်ရောက်ရှိချိန်တွင် တပ်ရင်းမှူးအပါအ၀င် အရာရှိများ၏ ဆူပူကြိမ်းမောင်းမှုများကြောင့် လည်းကောင်းတို့၏ လက်နက်များယူဆောင်ကာ ပဲခူးရိုးမအား ဖြတ်ကျော်လက် ကရင်ပြည်နည်အတွင်းသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းများအရသိရသည်။တောခိုသွားသော တပ်မတော် သားများတွင် ဗိုလ်ကြီးအဆင့် အရာရှိတစ်ယောက်၊ အကြပ်တပ်သားလေးဦးခန့် ပါဝင်သွားကာ ၄င်းတို့ကိုင်ဆောင်လျှက်ရှိသော လက် နက်ကြီး လက်နက်ငယ်များကိုပါ တပါတည်း ယူဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။ ကညွတ်ကွင်းမြို့သည် မြန်မာပြည် ကွန်မြူနစ် ထွန်းကားစဉ်အချိန်က ကြော်ကြားခဲ့သော သခင်သန်းထွန်း၏ ဇာတိမြို့ဖြစ်သလို ကရင်ပြည်နယ်နှင့် နယ်မြေချင်းထိစပ်လျှက်ရှိနေသဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ရန် အတွက် ကရင်လူမျိုးများ အများဆုံး ၀င်ထွက်သွားလာရာမြို့တစ်မြို့လည်းဖြစ်သည်။ ကရင်လူမျိုးများ အပါအ၀င် ဒေသခံပြည်သူများအနေဖြင့် စစ်တပ်မှ အာဏာအလွဲသုံးစားမှုများနှင့် အနိုင်ကျင့်ဗိုလ်ကျမှုများကို စဉ်ဆက်မပြတ် ခံစားနေကြရသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

No comments: