DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, July 4, 2008

လမင်းရဲ့ အတ္ထုပ္ပတ္တိ


လဆန်းသော် သူလင်း
လောက မြင်ကွင်း သူဆောင်
သူမလင်းသော် လောကအလှ
သုညဘ၀ အမှောင်
လင်းချိန်မှာ ပြည်သူရွှင်ပြုံး
ဂုဏ်ယူမဆုံးပါတဲ့ လမင်း စန္ဒာ
............
တောသား မြို့သား
သူတော်ကောင်း လူယောင်ဆောင်
ပညာရှင် သူတောင်းစား
အာဏာရှင်နဲ့ ဘက်တော်သား ဒီမို
လူကုန်ထံ လူ့ငမွဲ
မင်း စန္ဒာ သူမခွဲ
ပလွှား၍လည်း သူမဆက်ဆံ
...................
လောကသားအားလုံး
လင်းစေ မြင်စေ အေးချမ်းစေ
ဖြန့်ဝေနေ သူ့အလင်း
ဥယျဉ်ထဲလဲ သူဆင်း
ဆင်းရဲတွင်းလဲ သူဝင်
မေတ္တာရေစဉ် သူဖန်ဆင်း
ရုန်းကန်ခြင်းမို့ သူမပြို
..................
အခွန်ခလည်း သူမလို
မီတာခလည်း သူမရေး
အခမဲ့ဝေပေးနေသူမို့
တချို့ကစန္ဒာ
တချို့က လမင်း
တချို့က သော်တာ
တချို့ တေးသီချင်း
တချို့က ကဗျာ
ဂုဏ်ပြုလွှာ စည်ကာပြ
တသသ မည်ကာခေါ်
မြင်ပါစေ အလင်းရောင်ပေးသူမို့
မင်း စန္ဒာရယ်
ထာဝစဉ်လင်းနော်
......................
ရှမ်းနောင်

No comments: