DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, April 11, 2009

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရဝန်ကြီးများကိုယ်တိုင် အဂတိလိုက်စားမဲဆွယ်စည်းရုံးနေမှုများအပေါ်ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရဝန်ကြီးများကိုယ်တိုင်

အဂတိလိုက်စားမဲဆွယ်စည်းရုံးနေမှုများအပေါ်ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်





၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးဥာဏ်ဝင်းသည် ဇီးကုန်းမြို့နယ် အရှေ့ဘက်ခြမ်းရှိရွာများသို့သွားရောက်ခဲ့ပြီး၂၀၁၀ရွေးကောက်ပွဲအတွက်ရွာသားများကိုငွေ ပေးစည်းရုံးခဲ့ကြောင်းသိရှိရသည်။[1]

၂။ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှုးချုပ်အောင်သိန်းလင်းသည် အများပြည်သူထံမှ ကောက်ခံထားသည့် ရန် ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ပိုင်ငွေကြေးများဖြင့် ၂၀၁၀ရွေးကောက်ပွဲကာလတွင်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကဖွဲ့စည်းယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီနှင့်လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးရန်အကြိုမဲဆွယ်ပွဲများပြုလုပ်နေကြောင်းသိရှိရသည်။[2]

၃။ တပ်မတော်စာရင်းစစ်ချုပ်ဗိုလ်ချုပ်လွန်းမောင်သည်၊ဗန်းမော်မြို့၊ဖိုးဒေ၀ကျေးရွာသားများကို ငွေနှင့် လက်ဆောင်ပစ္စည်းများပေး၍မဲဆွယ်စည်းရုံးခဲ့ကြောင်းသိရှိရသည်။[3]

၎။ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းသည်လည်း ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ ကိုအကြောင်းအမျိုးမျိုးပြ၍ အလှူငွေများပေးအပ်လှူဒါန်းကာ စည်းရုံးလျှက်ရှိကြောင်းသိရှိရသည်။[4]

၅။ ထို့အပြင် ၂၀၁၀ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်စေရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရသည်၎င်းတို့နှင့် ဆက်နွယ်လျှက်ရှိသောစီးပွားရေးလုပ်ငန်းရှင်များကို ညွှန်ကြား ထားကြောင်းနှင့်တချို့စီးပွားရေးလုပ်ငန်းရှင်များသည် ၄င်းတို့ပါဝင်ယှဉ်ပြိုင်ကြမည့် မဲဆန္ဒနယ်မြေများကိုပင် ကြိုတင်ရွေးချယ်သတ်မှတ်ထားပြီးဖြစ်ကြောင်းသိရှိရသည်။[5]

၆။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရသည် ၂၀၁၀တွင်ပါတီစုံအထွေထွေရွေး ကောက်ပွဲကျင်းပပေးမည်ဟု ကြိုတင်ကြေငြာထားသော်လည်း ယနေ့အချိန်အထိ ရွေးကောက်ပွဲနှင့်စပ်လျဉ်း သည် ဥပဒေ၊နည်းဥပဒေများကို ထုတ်ပြန်ကြေငြာခြင်းမရှိသေးပေ။



ဥပဒေရေးရာသုံးသပ်ချက်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ဥပဒေ အမှတ်-၁၄/၉၈၊အခန်း(၁၂)ရွေးကောက်ပွဲဆိုင်ရာပြစ်မှုနှင့်ပြစ်ဒဏ်များ ခေါင်းစဉ်ပါ ပုဒ်မ-၄၉ (က) ပြဌာန်း ချက်ပါ ရွေးကောက်ပွဲများတွင် yk*~dKလ်တဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့်ရွေးကောက်တင်မြှောက်ပိုင်ခွင့်တို့ကိုကျင့် သုံးခြင်းမပြုနိုင်စေရန်အကြမ်းဖက်ခြင်း၊ခြိမ်းခြောက်ခြင်း၊မလျော်သြဇာသုံးခြင်း၊လိမ်လည်လှည့်ဖျားခြင်း၊လာဘ် ပေးခြင်း(သို့မဟုတ်)လာဘ်ယူခြင်းတို့ကိုမည်သူမျှမပြုရဟု အတိအလင်းပြဌာန်းထားသည်။

ပြစ်မှုဆိုင်ရာဥပဒေအခန်း-၉ က။ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများခေါင်းစဉ်ပါ ပုဒ်မ-၁၇၁(ခ) လာဘ် ပေးခြင်း/လာဘ်ယူခြင်း၊ ပုဒ်မ-၁၇၁(ဂ) ရွေးကောက်ပွဲ၌မလျော်သြဇာသုံးခြင်းစသည့် ပြစ်မှုများအတွက် ပုဒ်မ-၁၇၁(င)နှင့်ပုဒ်မ-၁၇၁(စ)တို့တွင်(၁)နှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ရမည်ဟု အတိအလင်းပြဌာန်းပါရှိသည်။

မျက်မှောက်ကာလတွင်အာဏာပိုင်များ(သို့မဟုတ်) ၄င်းတို့နှင့်ဆက်နွယ်နေသူများသည် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကိုမပြဌာန်းရသေးမီကပင် အထက်ဖေါ်ပြပါ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများကို မိမိတို့စိတ်ကြိုက်ဖေါက်ဖျက်ကျူးလွန်နေကြသည်မှာတိုင်းပြည်နှင့်ပြည်သူလူထုအပေါ်-တရားလက်မဲ့ပြုကျင့် မှုများဖြစ်ကြောင်းထင်ရှားပေသည်။

ထိုကဲ့သို့ အုပ်ချုပ်သူအာဏာပိုင်များ ကိုယ်တိုင်တရားလက်မဲ့ပြုကျင့်မဲဆွယ်စည်းရုံးမှုများ၏ အဆုံး သတ်ရာလမ်းသည် သက်ဆိုင်ရာပြည်သူလူထုအပေါ်တွင်သာမူတည်နေပါသည်။

သို့ဖြစ်ပါ၍-

-နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအစိုးရအဖွဲ့ဝင်များအနေဖြင့် တရား လက်မဲ့ပြုကျင့်မဲဆွယ်စည်းရုံးမှုများပြုလုပ်နေခြင်းသည် ရာဇ၀တ်မှုကျူးလွန်ခြင်းဖြစ်သဖြင့် ရပ်တန်းကရပ်သင့် ကြောင်း၊

-အာဏာပိုင်များ၏တရားလက်မဲ့ ပြုကျင့်မဲဆွယ်စည်းရုံးမှုများကိုစောင့်ကြည့်လေ့လာ၊ ဖေါ် ထုတ်၊တွန်းလှန်ကြရမည့်တာဝန်သည်သက်ဆိုင်ရာပြည်သူလူထုအပေါ်သို့အစဉ်သဖြင့်ကျရောက် လျက်ရှိပါ ကြောင်း တို့ကို ဥပဒေရေးရာသုံးသပ်ထုတ်ပြန်အပ်ပါသည်။





မြန်မာနိုင်ငံ ရှေ့နေများကောင်စီ

နေ့စွဲ - ဧပြီလ(၁၀) ရက်၊ ၂၀၀၉ ခုနှစ်



အသေးစိတ်သိလိုပါလျှင် ဆက်သွယ်ရန် ဦးမျိုး (086216 0108) တာဝန်ခံ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့


No comments: