DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, April 17, 2009

မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့

မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့ ဘာသာရေးအစီအရင် ပြင်ဆင်နေကြ

ဓာတ်ပုံသတင်း၊ မိုးမခ အထောက်တော် ၀၀၅

ဧပြီ ၁၇၊ ၂၀၀၉

မြန်မာနှစ်သစ်ကူးတွင် မုန်တိုင်းကို ကာကွယ်နိုင်ရန် ဘာသာရေးဖက် ဦးလှည့်နေကြသည်။ ရခိုင်ဆရာတော်တပါး၏ လမ်းညွှန်ချက်အတိုင်း ပြင်ဆင်ထားသော ဘုရားကန်တော့ပွဲတခုကို ယခုဓာတ်ပုံတွင် တွေ့ရမည် ဖြစ်သည်။

အရေးပေါ်ပြင်ဆင်နေကြသောကန်တော့ပွဲကို အချိန်မီမပြင်နိုင်သူများအနေနှင့် ဖော်ပြပါဓာတ်ပုံကို မိတ္တူထုတ်ယူပြီး ဆုတောင်းနိုင်ကြသည်ဟု ရန်ကုန်က သတင်းပို့သူက မှတ်ချက်ပေးထားသည်။ မော်လမြိုင်က ဆရာတော်တပါးက ဆီမီး ၇ တိုင် ထည့်သွင်းရန်လည်း ဖြည့်စွက်အကြံပေးထားသည်ဟု ဆိုပါသည်။

“ဘုရားကို ဘယ်နေရာကပဲ ကပ်ကပ်၊ နှစ်ဆန်း ၁ ရက်နေ့၊ ညနေ ၆ နာရီ၊ သပြေ ၆ ညွန့်၊ ရေ ၆ ခွက်၊ တံခွန် ၆ ခု (၇ ရက် သားသမီးပါတဲ့ ဂြိုလ်တံခွန်တိုင်)၊ သစ်သီး ၆ လုံး (ဘာသစ်သီးပဲဖြစ်ဖြစ် ၆ ရက် ခံတဲ့ အသီး - ဥပမာ မာလကာ၊ ပန်းသီး) စတာတွေနဲ့ ကပ်ကြဖို့၊ ဆုတောင်းစာက ၇ ရက် သားသမီးများ အောင်မြင်ပါစေ၊ ကျန်းမာ ရွှင်လန်းကြပါစေ၊ အားလုံး အန္တရယ်ခပ်သိမ်း ကင်းဝေးကြပါစေ … ဆိုပြီး ၆ ခေါက် ရွတ်ကြရမယ်လို့ ဆိုတယ်။ ပြီးတော့ ၆ ရက်တိတိ ထားပြီးမှ စွန့်ရမယ်လို့ ပြောပါတယ် ...”

မည်သို့ပင်ဖြစ်စေကာမူ ၁၃၇၁ မြန်မာနှစ်သစ်ကူးကို အရေးပေါ်ဘာသာရေးအစီအမံများနှင့် တဆင့်စကား လက်ဆင့်ကမ်းသတင်းဖြန့်ပြီး ဖြတ်ကျော်ဖို့ ဆောင်ရွက်နေကြသည့် ထူးခြားသောအဖြစ်ကို သတင်းမှတ်တမ်းအဖြစ် တင်ဆက်လိုက်ပါသည်။

No comments: