DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, April 24, 2009

လွမ်းသူ့  ဖုန်းမော်

24.4.09(စစ်ငြိမ်းစေ)

နွေဦး အစ

သဘာဝ အလှ တရားတွေ ကြား

မလှ မပ နဲ့ 

သူ

ကြွေကျ





မခံချင် ခြင်း၏

လှုံ့ ဆော်မှု့ မှ

သည်

တော်လှန်မှု့ ဆီသို့ 



တရားမဲ့ ခြင်း နှင့် အတူ

သတိမရှိ သူတွေ လက်ထဲ

ရိုးစင်းစွာ

အခမ်းနား ဆုံး

မြေခ ခဲ့ သူ



ဒီနေ့ 

မခြောက်သေး တဲ့

သူ့ ရဲ့

သွေးစက်တွေက သမိုင်း

အဖြစ် ရိုင်းသည်

နာကျင်ရပြီ သူငယ်ချင်း



မတ်လ ရဲ့

စာမျက်နှာ ထဲ

ကဗျည်း တင် ကျန်ခဲ့ လို

တော်လှန်ခြေသံ တလှမ်းခြင်း တက်ရင်း

ခေတ်သစ်တည်ဆောက် ဖို့ 

ပေးဆပ် သူပါ လေ…..


ကိုဖုန်းမော်အောက်မေ့ဖွယ် မတ်လ(၁၃)အမှတ်တရ
၁၂၊၃၊၀၉
စစ်ငြိမ်းစေ

No comments: