DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, April 12, 2009

နှစ်သစ်

နှစ်သစ်
အိမ်သီ (သာယာဝတီ)
ဧပြီ ၁၁၊ ၂၀၀၉

ပြက္ခဒိန် မှ
အရွက် အရွက် တွေသာ
ကုန်သွား ….

မနေ့  မနေ့  က
အချိန် တွေတိုင်းအား
ဒီနေ့ 
ဒီနေ့  အချိန်တို့  က
ချန်ရစ်သွား ….

နာရီ တွေ
ချန်ရစ် ခဲ့
နေ့ ရက် တွေ
ချန်ရစ် ခဲ့
အဖြစ်အပျက် တွေ
ချန်ရစ် ခဲ့
အားလုံး အားလုံး
ချန်ရစ်
ပြီးသွားခဲ့ ….

သို့ ပေမဲ့ 
အချိန် တွေ
မသစ်
နေ့ ရက် တွေ
မသစ်
အဖြစ်အပျက် တွေ
မသစ် ….

နောက် ပြီး
လူထု လဲ
မသစ်
ဘ၀ တွေလဲ
မသစ်
နိုင်ငံ လဲ
မသစ်
ခေတ် လဲ
မသစ်
စံနစ် လဲ
မသစ်
တဖက်သတ် လွန်းတဲ့
ဥပဒေ လဲ
မသစ် ….

အဲဒါ
ဖိနှိပ် ရက်စက် မှု တွေ
အသက်ကြီးလာတဲ့
နှစ်သစ်။ ။

No comments: