DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, April 28, 2009

စစ်သားများကို ပြည်သုံးလုံး အစီအစဉ်ဖြင့် ပြောင်းရွှေ့မည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဧပြီလ 28 2009 18:03 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်ဗိုလ် များပြားလွန်းနေသည့် မြန်မာ့ တပ်မတော်အတွင်း နေရာအပြောင်းအရွှေ့ ချောမွေ့စေရန် ပြည် ၃ လုံး အစီအစဉ်တခုကို စစ်အစိုးရက မကြာမီတွင် လုပ်ဆောင်လာမည်ဟု တပ်တွင်း သတင်းရပ်ကွက်များအရ သိရသည်။

အသက် ၃၆ နှစ်အထိ ဗိုလ်ကြီးအဆင့်သာ ရှိသေးသော အရာရှိငယ်များကို ပြည် ၃ လုံး အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ ပြည်စောင့်ရဲနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်သို့ လွှဲပို့မည် ဖြစ်သည်။

စစ်တပ်မှ ကြံ့ခိုင်ရေးသို့ ပြောင်းရွှေ့လာသူများ အနေဖြင့် မြို့နယ်အဆင့် အရာရှိရမည် ဖြစ်ပြီး ပြည်စောင့်ရဲဘက်သို့ ပြောင်းရွှေ့လာသူများကို ပါလီမန် အဆောက်အဦများ၊ အစိုးရ ရုံးများကဲ့သို့သော လုံခြုံရေးအတွက် ရဲအရာရှိများ ဖြစ်လာမည် ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင်တော့ ရဲဖွဲ့စည်းပုံအတိုင်း ကူးပြောင်းပေးမည် ဖြစ်သည်။

No comments: