DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, April 18, 2009

သာသနာကို အသက်ထက်မကမြတ်နိုးသော ရဟန်းတော်များအဖွဲ့(ဆရာတော်အရှင်သူမြတ်များထံသို့မေတ္တာရပ်ခံချက်)

18.4.09( သာသနာကို အသက်ထက်မကမြတ်နိုးသော ရဟန်းတော်များအဖွဲ့)

သာသနာတော်ကို အသက်သဖွယ်မြတ်နိုးကြသော သံဃာတော်များအား လျှောက်ထားလွှာ

သံဃာတော် အရှင်သူမြတ်တို့ဘုရား
တပည့်တော်တို့ သာသနာတော်သည် နှစ်ပေါင်း ၂၅၀၀ ကျော် သက်တမ်းကာလအတွင်း သာသနာပြုမင်းကောင်းများနဲ့ ကြုံခဲ့ရသလို သာသနာဖျက် မင်းဆိုးမင်းညစ်များနဲ့လည်း ကြုံခဲ့ရပါတယ်ဘုရား။ တပည့်တော်တို့ မြန်မာပြည်မှာလည်း အလားတူအဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်ဘုရား။ အထူးသဖြင့် အင်းဝခေတ်က သိုဟန်ဘွားမင်းဟာ ရဟန်းသံဃာပေါင်း ၃၀၀၀ ကျော်ကိုသတ်ဖြတ် ဘုရားဟော ပိဋ္ဋကတ်တော်များကို မီးရှို့ဖျက်ဆီးတော်မူခဲ့ပါတယ်ဘုရား။ အလားတူ အခုအခါမှာလည်း ကိုယ့်ကိုယ်ကို နထင်သွေးရောက်ပြီး ဘုရင်ရှုးနေတဲ့သန်းရွှေဟာလည်း စားစရာမရှိတဲ့အချိန်မှာ နေပြည်တော်ဆိုပြီး မြို့တော်ကိုပြောင်း အပြစ်တွေများပြီး တုန်လှုပ်ခြောက်ခြားနေတဲ့အတွက် အကုသိုလ် ပြေဖို့ ဥပ္ပာတသန္တိစေတီကိုတည်၊

ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒပြနေကြတဲ့ သံဃာတော်တွေကို ရက်ရက်စက်စက် လူရှေ့သူရှေ့မရှောင် သေနတ်များနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်မှာလည်း အရှင်ဘုရားများအသိပင် ဖြစ်ပါသည်ဘုရား။ဒါ့အပြင် ဘာမဆိုင်ညာမဆိုင် ညသန်းခေါင် အချိန်မှာ ကျောင်းတိုက်ပေါင်း ၆၀ ကျော်ကို ရှေ့တန်းစစ်မျက်နှာသဖွယ် အတင်းတလကြမ်း တိုက်ခိုက် သံဃာတော်တွေကို ရိုက်သတ် ခေါ်ဆောင်သွားပြီး သံဃာတော်ပေါင်း ၂၀၀ ကျော်ကို မတရားနှိပ်စက် အကျဉ်းချထားသည်မှာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား သို့သော် နိုင်ငံတော် ဆွဲခန့် မဟာနာယကဆရာတော်ကြီးများဟာ ဤကိစ္စများကို လုံးဝကန့်ကွက်ခြင်းမရှိ နအဖစစ်အုပ်စုရဲ့ လာဘ်လာဘနဲ့ ပါစပ်ပိတ်ခြင်းခံနေရပါသည်ဘုရား။ မဟနဆရာတော်ကြီးများလည်း လက်ကိုင်ဖုန်း၊ ကားလိုင်စင်များပေးပြီး သိမ်းသွင်းစည်းရုံးပြီး လောဘရဲ့ သားကောင်များအဖြစ် မွေးမြူထားကြသည်မှာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။ ဆရာတော်ကြီးများကိုယ်တိုင် လာဘ်စားနေတာသိနေပါလျှက် လုံးဝ အရေးယူခြင်းမရှိ သေဖော်ညှိနေကြ ပေါင်းစားနေကြသည်မှာလည်း သံဃာအများစုသိနေကြပါသည်ဘုရား။ ဤအခြေအနေအရပ်ရပ်ကို ကြည့်သောအားဖြင့် တချိန်က ထေရ၀ါဒအထွန်းကားဆုံး မြန်မာနိုင်ငံဟာ သာသနာ့ ဘေးရန်ကျရောက်နေပြီး အင်္ဂုတ္ထိုပါဠိမှာ ဘုရားဟောခဲ့တဲ့ သာသနာကွယ်ကြောင်းတရားများနဲ့လည်း အတော်ကိုက်နေကြောင်းလည်း သံဃာတော်အများစုက လက်ခံထားကြပါသည်ဘုရား။ တပည့်တော်တို့ သံဃာတော်များသည် သာသနာတော်၏ရှေ့တမ်းက အသေခံတပ်သားများသဖွယ် မားမားမတ်မတ် ရပ်တည်ရမည်မှာ တပည့်တော်တို့ အဓိက တာဝန်ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ဟာ အခုလို သာသာနာ့ဘေးရန်ကြရောက်တဲ့အချိန်မှာ ဘုရားအလောင်းသူတော်ကောင်းများ၏ လမ်းစဉ်အတိုင်း သာသနာတော်ကို အသက်ပေး၍ ကာကွယ်ရန်အချိန်ကျရောက်နေပါပြီဘုရား။ တပည့်တော်တို့ မြန်မာပြည်သားများဟာလည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်လေးများနဲ့ စိတ်အားငယ်နေကြပါသည်ဘုရား။ တပည့်တော်တို့ရဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို ကာကွယ်ရန်အချိန်မှာ အရှင်ဘုရားများအတွက် အကောင်းဆုံးအချိန်ဖြစ်ပါသည်ဘုရား။ အခုလိုလုပ်ဆောင်တာဟာ တပည့်တော်တို့ဘုရားအလောင်းများ ကျင့်သုံးခဲ့တဲ့ ဥာတတ္ထစရိယ မိမိရဲ့ ဆွေတော်မျိုးတော်များအတွက် ကျင့်ခြင်း၊ လောကတ္ထစရိယ လောကကောင်းကျိုးအတွက်ကျင့်ခြင်း ဆိုတဲ့ ဘုရားအလောင်းကျင့်စဉ်များကို လိုက်နာကျင့်သုံးသည့်အတွက် ပါရမီဖြည့်ရာလည်းရောက်ပါသည်ဘုရား။
ဘုရားအလောင်းများဟာ မည်သည့်ရန် မည်သည့်ပြဿနာ မည်သည့်အခက်အခဲမဆို မိမိရဲ့ပညာပါရမီအစွမ်းဖြင့် လွယ်လွယ်နဲ့ အနိုင်ယူ ဖြေရှင်းနိုင်ခဲ့သည်ကို ငါးရာငါးဆယ်ဇာတ်တော်လာ ၀ဍ္ဎကီသူကရဇာတ်( ဒု၊စာ-၅၈၁) လဋ္ဋုကိကဇာတ်(တိ၊စာ-၃၃) တို့မှာ အထင်းအရှားတွေ့နိုင်ပါသည်ဘုရား။ ဒီဇာတ်တော်တွေဟာ တပည့်တော်တို့ မြန်မာပြည်လွတ်မြောက်ရေးအတွက် အဖြေပါပဲဘုရား။ တပည့်တော်တို့နိုင်ငံတစ်ခုလုံးမှာ လူမိုက် လူရမ်းကား အများစုသာ ရယက ၊မယက အစ အထက်အဆင့်ဆင့်နေရာ ရာထူးများကို ရယူထားပြီး အဓမ္မသမားများလွှမ်းမိုးထွန်းကားရေးကို ဦးစားပေးလုပ်ဆောင်နေသည်မှာ ထင်ရှားပါသည်ဘုရား။ အဓမ္မသမားလူရမ်းကားများဟာ အဓမ္မသမားများကို ဦးစားပေးသည်မှာ မထူးဆန်းပါဘူးဘုရား။ ဤကဲ့သို့ အဓမ္မသမားလူရမ်းကားများ ထွန်းကားနေသည့်အတွက် တိုင်းပြည်မှာ သူခိုး ဓားပြ လူသတ်မှုများ နေ့စဉ်ဆိုသလို ဖြစ်နေပါတယ်ဘုရား။ သံဃာတော်အရှင်မြတ်များကို အထူးလျှောက်ထားလိုသည်မှာ တပည့်တော်တို့ နိုင်ငံကို အဓမ္မသမားများကို ဖယ်ရှား၍ ဓမ္မသမားများနဲ့ အစားထိုးရေးကို လုပ်ဆောင်ရန် အချိန်တန်ပါပြီဘုရား။ ဓမ္မသမားအစားထိုးရေးလမ်းစဉ်မှာ အရှင်ဘုရားတို့ နယ်အသီးသီးရှိ တောရွာ မြို့ငယ်များတွင် လက်ရှိ မတရား အာဏာရယူထားသော ရယက၊ မယက များကို ကိုယ့်ဘက်ပါအောင်ဆောင်ရွက်တော်မူပါဘုရား အကယ်၍ မပါခဲ့လျှင် ရသည့်နည်းဖြင့်ဖြုတ်တော်မူပါဘုရား။ မိမိကျေးရွာတွင် ရယက သည်လူထုအပေါ်အနိုင်ကျင့်လျှင် ရွာသားများကို ၎င်း ရယက အိမ်ကို ပုဏ္ဏကတိုက်ဖို့ မိမိနှင့်သဘောတူသူများနှင့် ဆောင်ရွက်တော်မူပါဘုရား။ တဖြည်းဖြည်းချင်း မိမိရပ်ရွာကို အုပ်ချုပ်နိုင်အောင် ဒကာနှစ်ဦး လူငယ်ကျောင်းသားနှစ်ဦးဖြင့် ဆောင်ရွက်တော်မူပါဘုရား။ ဤနည်းဖြင့် မိမိရပ်ရွာထဲတွင် လွတ်လပ်စွာ လှုပ်ရှားခွင့် လွတ်လပ်စွာဟောပြောခွင့် လွတ်လပ်စွာ စည်းရုံးခွင့် ဆိုတဲ့ အခြေခံ ဒီမိုကရေစီတရားများကို ရပ်ရွာများမှ စတင် ကျင့်သုံးတော်မူကြပါဘုရား။ တပည့်တော်တို့ဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတို့ကို တပည့်တော်တို့ကိုယ်တိုင် စတင်ကျင့်သုံးကြပါစို့ဘုရား။ တပည့်တော်တို့ဟာ ဒီမိုကရေစီမသိ ငြိမ်းချမ်းရေးမရှိတဲ့ နအဖစစ်အုပ်စုထံ လိပ်ခေါင်းအထွက်ခံပြီး အော်တောင်းနေခဲ့လို့ အနှစ် ၂၀ အချိန်ကြာသွားခဲ့ပါတယ်ဘုရား။ တပည့်တော်တို့ ငြိမ်းချမ်းရေး လူ့အခွင့်အရေးတို့ကို သူတို့ဆီက မတောင်းပဲ ကိုယ်တိုင်ကျင့်သုံးပြီး တတိုင်းပြည်လုံး ပိုမိုပြန့်ပွားအောင် ဆောင်ရွက်ကြပါစို့ဘုရား။ အထက်နအဖအာဏာပိုင်များက ပေးသမျှ မတရားသည့် အမိန့်များကို တဖြည်းဖြည်းချင်း ဖီဆန်ကြပါဘုရား။ ဤကဲ့သို့ရွာပေါင်းများစွာ မြို့နယ်ပေါင်းများစွာက မိမိရပ်ရွာအုပ်ချုပ်ရေး နအဖအာဏာဖီဆန်ရေးတို့ကို စတင်ကျင့်သုံးလာပါက သန်းရွှေနှင့် အပေါင်းပါ လူမိုက်တစုဟာ တဖြည်းဖြည်း တန်ခိုးအာဏာ မှေးမှိန်လာပါလိမ့်မယ်ဘုရား။ဒီနည်းဟာ ကြီးမားတဲ့သစ်ပင်ကြီးကို ရေသောက်မြစ်ကို အရင်မဖြတ်ပဲ ဘေးက အမြစ်သေးသေးလေးတွေကို တဖြည်းဖြည်းချင်းဖြတ်ထုတ်တဲ့နည်းဖြစ်ပါတယ်ဘုရား။ အဲဒီလို ကိုယ့်ရွာအုပ်ချုပ်ရေး ကိုယ့်နယ်အုပ်ချုပ်ရေးကို ယူထားလျှင် ၂၀၀ရ စက်တင်ဘာအရေးအခင်းကြီးမျိုး နောက်တစ်ကြိမ်ဖြစ်ပေါ်လာပါက တပည့်တော်တို့ သံဃာတော်များက ဦးဆောင်ပြီး သံဃာ့အုပ်ချုပ်ရေး ယန္တရားတရပ်ကို ပြည်သူများနဲ့ပူပေါင်းပြီး ချုပ်ကိုင်ပစ်နိုင်သလို မိမိတို့နယ်သား ရွာသားတွေကို ဦးဆောင်ပြီး အနီးဆုံးမြို့ကြီးများမှာ ပူပေါင်းပြီး ဆန္ဒပြနိုင်ကြမည် အလုပ်သမားလူတန်းစား တောင်သူလယ်သမား အရေးတော်ပုံကြီးတစ်ရပ်ကို နအဖစစ်အုပ်စု ထိန်းမနိုင်သိမ်းမရ အင်မတန်ကြီးကျယ် ပြင်းထန်တဲ့ အဓမ္မဆန့်ကျင်ရေး လူထုအုံကြွမှုကြီးတစ်ရပ်ကို ကမ္ဘာကျော်အောင် ထပ်မံဖော်ဆောင်နိုင်ပါလိမ့်မယ်ဘုရား။ အခုအခါတပည့်တော်တို့ သံဃာတော်တွေကို ကမ္ဘာ့ပြည်သူလူထု မြန်မာပြည်သူလူထုက လေးစားယုံကြည်မှုကို အထူးရနေသည့်အချိန်လည်း ဖြစ်ပါသည်ဘုရား။ဒါဟာ ဇာတ်တော်ထဲက ပြည်လုံးငှက်မလေးဟာ အင်မတန်အင်အားကြီးမားတဲ့ ဆင်မိုက်ကြီးကို ဥာဏ်နဲ့ အနိုင်ယူပုံ၊ ၀က်တွေကနေ ကျားဆိုးကို အနိုင်ယူသွားပုံတို့နဲ့ ဆင်တူသည့်အတွက် လေးလေးနက်နက် ယုံယုံကြည်လုပ်ဆောင်ကြပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် သံဃာတော် အရှင်မြတ်တို့ဘုရား။ အရှင်ဘုရားများလည်း ငါတို့တော့ သာသနာ့ဘေးရန် ကာကွယ်ဖို့ အချိန်တန်ပြီ အတိဒုက္ခရောက်နေတဲ့ မိမိတို့တကာတကာမများအတွက် ကယ်တင်ရန် အချိန်တန်ပြီဟု သဘောပိုက်ကာ မိမိတို့ဆိုင်ရာ နယ်မြေအသီးသီးသို့ ဆင်းကာ နယ်မြေအုပ်ချုပ်ရေးတာဝန်ကို တတ်နိုင်သမျှ ယူတော်မူကြပါဘုရား။
စာသင်တိုက်မှာ တနှစ်မနေရသည်ထက် ဒကာ ၊ ဒကာမများရဲ့ အတိဒုက္ခကို သံဃာတော်များမှတပါး အခြားမည်သည့်ခိုင်မာသည့်အဖွဲ့အစည်းမျှ မြန်မာပြည်တွင် မရှိတော့ပါဘုရား။ တာဝန်သိတဲ့ပုဂ္ဂိုလ်ဟာ တာဝန်ရှိတယ် ဆိုတဲ့ စကားလေးအတိုင်း တာဝန်သိသိ သစ္စာရှိရှိ အများကောင်းကျိုးကို မခိုမကပ်ပဲ ဆောင်ရွက်တော်မူကြပါဘုရား။ တပည့်တော်တို့ မြန်မာပြည်ရဲ့ ပြဿနာကို ခေါင်းအေးအေးထားပြီး သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းနဲ့ လုပ်ဆောင်လျှင် အေးအေးဆေးဆေးနဲ့ ပွဲပြတ်သွားနိုင်ပါတယ်ဘုရား။
တပည့်တော်တို့ ဘုရားလောင်းငုံးမင်းက မခိုမကပ်ပဲ အားလုံးမှာ ရှိတဲ့အားကို အကုန်ညှစ်ပြီး တောင်ပံနဲ့ ပျံတက်ကြ ဒါဆိုရင် ပိုက်ကွန်ကြွတက်လာမယ် ပြီးရင် မုဆိုးရဲ့ သတ်စားတဲ့ဒဏ်ကလွတ်မယ် ဆိုတဲ့နည်းဟာ တပည့်တော်တို့ ခေတ်သစ်မှာ စမ်းသပ်စရာဖြစ်လာပါတယ်ဘုရား။ ဗုဒ္ဓရဲ့ သားတော်များပီပီ ၀ိုင်းကုန်းပြီး ရုံးကြပါစို့ဘုရား။ တပည့်တော်တို့ ဤကဲ့သို့ လုပ်ဆောင်သောအားဖြင့် တပည့်တော်တို့မြန်မာသံဃာတော်တွေဟာ တချက်ခုတ်နှစ်ချက်ပြတ် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကလို ကမ္ဘာကျော်သွားမှာဖြစ်တဲ့အတွက် တကမ္ဘာလုံးကို သာသာနာပြုရာလည်းရောက် မြန်မာပြည်သူတွေအတွက် စိတ်မအေးဖြစ်နေတဲ့ ကမ္ဘာ့ပြည်သူတွေကိုလည်း ပျော်ရွှင် စိတ်ချမ်းသာစေရာလည်းရောက်ပါတယ်ဘုရား။ဤကဲ့သို့ ကြိုတင်ပြင်ဆင်ထားသောအားဖြင့် တပည့်တော်တို့က ၂၀၀၇ ကဲ့သို့ရွှေဝါရောင် အရေးအခင်းဖြစ်ပေါ်လာလျှင် ကြိုတင်ပြီး လက်ဦးမှုရယူထားခြင်းပင်ဖြစ်ပါသည်ဘုရား။ တပည့်တော်တို့နိုင်ငံဟာ မကျေနပ်မှုတွေများပြီး ပေါက်ကွဲမှု ဆန္ဒပြမှုတွေ အချိန်မရွေးဖြစ်လာနိုင်ပါတယ်ဘုရား။
၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် သံဃာတော်များအား ရက်ရက်စက်စက်သတ်ဖြတ်မှု၊ ၂၀၀၈ မေလ နာဂစ်လေမုန်းတိုင်းကြီးကြောင့် အပြစ်မဲ့ပြည်သူတွေ မသေသင့်ပဲသေရ နိုင်ငံတကာအကူအညီတွေကို ချက်ချင်းကူညီခွင့်မပေးတာတွေကြောင့် မြန်မာတမျိုးသားလုံးကရော တကမ္ဘာလုံးကပါ မကျေနပ်မှု နာကျည်းမှုတွေဟာ ပိုပိုပြီး များလာတာကိုတွေ့ရပါတယ်ဘုရား။တပည့်တော်တို့ သံဃာတော်များက အဲဒီလို ပေါက်ကွဲလုလုဖြစ်နေတဲ့ ပြည်သူလူထုရဲ့ ဒေါသ အာဃာတတွေကို တပည့်တော်တို့ သံဃာတော်များက ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီး မကျေနပ်မှု နာကျည်းမှုတွေကို အား အဖြစ်ပြောင်းလွဲပြီး အသုံးချရင် တပည့်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံတစ်ခုကို ပြန်ရောက်ပါလိမ့်မယ်ဘုရား။တပည့်တော်တို့လူထုဟာ မကျေနပ်မှုကများတဲ့အတွက် အခွင့်အရေးရလျှင် ပေါက်ကွဲပြီး အကျိုးမရှိပဲ အင်အားတွေဆုံးရုံး နစ်နာခဲ့ရတဲ့ အတိတ်က သာဓကတွေ အများကြီး သင်ခန်းစာ ယူသင့်ပါတယ်ဘုရား။
ဗုဒ္ဓသာသနာထွန်းကားတဲ့မြန်မာပြည်မှာ ပညာရှိရဟန်းသံဃာတော်များက မဖြေရှင်းနိုင်သည့်အတွက် ဂမ်ဘာရီဆိုတဲ့ မူစလင်ကုလားစုတ်က ၀င်ရှင်းပေးနေသည်မှာ ဗုဒ္ဓကိုလည်း ဆော်ကားရာကျနေသလို ဗုဒ္ဓသားတော် လေးသိန်းကျော်ကိုလည်း ဆော်ကားရာကျနေပါသည်ဘုရား။ ဒီခွေးကုလားဟာ မြန်မာပြည်သွားပြီး ဗလီတက်နေတာလည်း အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။
သံဃာတော်အရှင်မြတ်တို့ဘုရား တပည့်တော်တို့နိုင်ငံ၏ အဓိကပြဿနာမှာ အခုအချိန်အတွင် အမျိုးသားအချင်းချင်း နိုင်ငံရေးအဆင့်မှ ရန်သူများသဖွယ်ပြုမူလာသည့်အတွက် လောဘ၊ အဃာတ အတ္တများ အကြီးအကျယ် လွမ်းမိုးလာသည်ကို အရှင်ဘုရားများအသိပင်ဖြစ်ပါသည်ဘုရား။ အရှင်ဘုရားများကဲ့သို့ မြင့်မြတ်သော ဗုဒ္ဓတရားတော်များ သိနေ ရှိနေပါလျှက် မြန်မာပြည်မှာ သူခိုး ဓားပြ လူရမ်းကား လူမိုက်များ ပိုပိုပေါနေသည်မှာ တပည့်တော်တို့ နေ့စဉ်မြင်တွေ့ကြားသိနေရပါတယ်ဘုရား။ ဒါကိုကြည့်သော အားဖြင့် တပည့်တော်တို့နေ့စဉ် ဖင်ပြဲအောင်ကုန်းအော်သင်နေရတဲ့ ဗုဒ္ဓတရားတော်များဟာ လူတွေရဲ့ နေ့စဉ်လက်တွေ့ဘ၀တွေဆီကို ရောက်မသွားတဲ့အတွက် ဗုဒ္ဓရဲ့ ဆန္ဒဖြစ်တဲ့ လူသားများ ငြိမ်းချမ်းစွာ ပျော်ရွှင်ချမ်းမြေ့စွာနေရေးဆိုတဲ့ ပန်းတိုင်နဲ့လွဲနေပါတယ်ဘုရား။
သံဃာတော်များကို နောက်ဆုံးလျှောက်ထားလိုသည်မှာ ဤကဲ့သို့ သာသနာတော်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော အချိန်တွင် တာဝန်သိသိ သစ္စာရှိရှိဖြင့် သာသနာ့ရန်ကာကွယ်ရေး အဓမ္မဆန့်ကျင်ရေး ဓမ္မသမားများအစားထိုးရေး တာဝန်များကို ရွတ်ရွတ်ချွန်ချွန် သတ္တိရှိရှိ ထိထိမိမိ အားရှိပါးရှိ ဇွဲမာန်အပြည့်ဖြည့် နောက်ဆုံးအချီ ဖိုင်နယ်ပွဲကြီးကို ဆင်နွှဲကြပါပါစို့လို့ သံဃာတော်များကို လျှောက်ထားလိုပါသည်ဘုရား။
သာသနာ့အောင်လံ အားမာန်အပြည့်နေရာတိုင်းမှာ ငွားငွားစွင့်စွင့် လွှင့်ထူနိုင်ရမယ်။
လှေခွက်ချည်းကျန် အလံမလှဲဘူးဟေ့။ငါတို့ရဲ့ အောင်ပွဲတွေရှေ့မှာ လှမ်းကြိုနေတယ်။
ငါတို့ရဲ့ စွမ်းဆောင်ချက်ကြောင့် သတ္တ၀ါအပေါင်း ငြိမ်းချမ်းပျော်ရွှင်စေရမယ်။
အဓမ္မသမားများအမြန်ကျဆုံးပါစေ။
ဓမ္မသမားများ လက်ခမောင်းခတ်နိုင်ပါစေ။ အမှန်တရားရဲ့ အလင်းရောင်ထွန်းပြောင်ပါစေ။

သာသနာကို အသက်ထက်မကမြတ်နိုးသော ရဟန်းတော်များအဖွဲ့

No comments: