ခုခေတ်ခုခါ မြန်ပြည်မှာ
တမာကချို သကာကခါး
ဆိုးဝါးသူအသက်ရှည်။
ရိုးသားသူအသက်ပျောက်။
မှောက်မှောက်မှားမှား
ဖေါက်ဖေါက်ပြားပြား
ကြောက်သလားမမေးနဲ့
ခဲမှန်ဖူးတဲ့ စာကလေးသဖွယ်
ခဲရွယ်ရင်ကြောက်
စားသောက်ဖို့ရေး စိတ်မအေး
ပြေးစရာလည်းမြေမရှိ
ပေးစရာလည်းငွေမရှိ
လုပ်စားတော့မိုးခေါင်
ခိုးစားတော့ ခွေးဟောင်
အမောင်တောင်မှန်းမြောက်မှန်းမသိ
သက်ရှိလူသေမခြားပေ
အတူနေရေးသေလာဝေး
ဒုကဘေးအမျိုးမျိုး
အသေဆိုးသေမဲ့ရက်သာ
ဘ0သွေမကွာ ဒုကဗလေဗွာနဲ့
ဗုဓတပြီးနေရရှာပါပြီး။
ကိုကိုအောင် (ဆန်ဖရန်စစ်စကို) ဖေဖော်ဝါရီ ၈ရက် ၂၀၀၈။
Monday, June 30, 2008
သေမည့်ရက်ကိုစောင့်မျှော်နေသူများ
Labels:
Poem
Subscribe to:
Post Comments (Atom)
No comments:
Post a Comment