DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, June 22, 2008

နိုင်ငံတော်အစိုးရအနေဖြင့် သိသာထင်ရှားစေမည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်လိုအပ်

ရန်ကုန်၊ မေလ (၂၁) ရက်၊ ၂၀၀၈ ခုနှစ်ပြည်သူ့အခွင့်အရေးထောက်ခံကာကွယ်သူ မြန်မာသံတော်ဆင့် အနေဖြင့် လတ်တလောဖြစ်ပေါ်လျှက်ရှိသော ပြည်တွင်းအခြေအနေများကို အတက်နိုင်ဆုံး အမှန်ကန်အထိရောက်ဆုံး တင်ပြလျှက်ရှိသည်။ အချို့မှာမူ နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့်အာဘော်ဖြင့်ရေးသားထား သော သတင်းများပါဝင်နေသကဲ့သို့ အချို့မှာမူ နိုင်ငံတော်အစိုးရသို့ အကြည်အညိုပျက်ပြားစေရေး မရည် ရွယ်ခဲ့သော်လည်း ထိုသို့ အဖြစ်မျိုး ဖော်ပြပါရှိခဲ့သည်ကို ၀န်ခံအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်များ MHT သည် ပြည်သူလူထု၏ အခွင့်အရေးကို ထောက်ခံကာကွယ်သူ သံတော်ဆင့်များအဖြစ် မိမိတို့ကိုယ် မိမိတို့ သတ်မှတ်ထားသောကြောင့်ပင်ဖြစ်သည်။ သတင်များတင်ပြနိုင်စေရေးအတွက် ကျွန်တော် များ MHT အဖွဲ့ဝင်များသည် ပြည်သူများအတွင်း နေထိုင်ကျင်လည်လျှက် အဖြစ်မှန်များကို သိရှိနိုင်စေရန် ကြိုးစားလျှက်ရှိရာ အာဏာပိုင်အဖွဲ့အစည်းအသီးသီး၏ ဥပဒေအလွဲသုံးစားပြုမှုများ၊ အာဏာအလွဲသုံးစား လုပ်မှုများကို မြင်တွေ့နေရသည်ဖြစ်သောကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် သူများမျက်ချေးကို လက်ညိုး မထိုးသင့်ပဲ ကိုယ့်မျက်ချေးကိုယ်မြင်ရန် အလွန်အရေးကြီးသဖြင့် မိမိအာဏာပိုင်အဖွဲ့အစည်း၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တပ်မတော်အစိုးရ၏ စေတ္တနာမှန်များ ပေါ်လွင်အောင် ပြည်သူများရှေ့သို့ အလုပ်ဖြင့် သက်သေပြရန်လိုအပ်လျှက်ရှိသည်ဟု MHT အယ်ဒီတာအဖွဲ့မှ တိုက်တွန်းလိုက်ရသည်။

No comments: