DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, June 24, 2008

စစ်တကသိုလ်ဗိုလ်လောင်းသင်တန်း သင်တန်းသားသစ်များခေါ်ယူ

ယနေ့ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာများအတွင်း စစ်တကသိုလ်ဗိုလ်လောင်း၊ အင်ဂျင်နီယာနှင့် စစ်ဆေး တကသိုလ်ဗိုလ်သင်တန်းများအတွက် သင်တန်းလျှောက်လွှာများ ထည့်သွင်းကာ ခေါ်ယူလာသည်ကို တွေ့ရ သည်။ ထိုတကသိုလ်ဝင်ခွင့်များနှင့်ပတ်သက်ပြီး အမှတ်တစ်စုံတစ်ရာ ကန့်သတ်ထားခြင်းမရှိပဲ တကသိုလ် ၀င်တန်း အောင်မြင်ထားသူ မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ကြောင်း ဖော်ပြပါရှိသည်။ တကသိုလ် ၀င်တန်းစာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာပြီး မကြာခင်တွင်ပင် ထိုသို့ စစ်တကသိုလ်အသီးသီးတွင် တက်ရောက်ပညာသင်ကြားရန် စစ်ဗိုလ်များစုဆောင်းနေသည်မှာ စစ်အစိုးရအုပ်ချုပ်နေသည့် ဆယ်စုနှစ် နှစ်ခု အတွင်း ပုံမှန်ပင်ဖြစ်သည်။ အခြား တကသိုလ်ဝင်ခွင့်များထက် စောဆီးစွာခေါ်ယူခြင်းနှင့် ပတ်သက်ပြီး ကျောင်း ဆရာတစ်ဦးမှ MHT သို့ ဆိုရာတွင် "သူတို့က အခုလို အစောကြီးခေါ်တယ်ဆိုတာ။ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင်တဲ့ကျောင်းသားတွေကို သူတို့ စစ်တပ်ထဲကို ရောက်အောင်လို့ ခေါင်းခေါက်ပြီး ရွေးတဲ့အနေနဲ့ အစောဆုံးခေါ်တာဗျ။ ဗိုလ်သင်တန်း လျှောက်ဖို့အတွက်ဆိုရင် အခြားကျောင်းသားတွေနဲ့တောင် မတူဘူး။ အမှတ်စာရင်းကို အစောဆုံးထုတ်လို့ရတာတို့ ဘာတို့လို အထူးအခွင့်အရေးတွေ ပေးထားသေးတယ်။ ဘာပဲ ပြောပြောပေါဗျာ။ အစိုးရအနေနဲ့က အခြားတကသိုလ်တွေရဲ့ ၀င်ခွင့်တွေနဲ့အတူတူ သူတို့ရဲ့ စစ် တကသိုလ်ဝင်ခွင့် ကိုလည်း အတူတူခေါ်သင့်တယ်။ ဒါမှ တရားမျှတမှုရှိမှာပေါ့။" ဟု ဆိုသည်။

No comments: