DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, June 25, 2008

ဖြိုးကြီးနဲ့ စိုးမြတ်နန္ဒာတကယ်ကွဲကြတာလား


ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက ကြီးကျယ်ခမ်းနားစွာဖြင့် မင်္ဂလာဧည့်ခံပွဲဆင်နွဲ လက်ထပ်ခဲ့ကြသော အနုပညာ ဇနီးမောင်နှံ နှစ်ဦးဖြစ်သည့် ဖြိုးကြီးနှင့်စိုးမြတ်နန္ဒာတို့ ကွာရှင်းပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း ပြီးခဲသည့် ရက်အနည်းငယ်အတွင်းက နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာအဖြစ် သရုပ်ဆောင်စိုးမြတ်နန္ဒာမှ ထည့်သွင်း ဖော်ပြလာသည်ကို တွေ့ရသည်။ နောက်တစ်နေ့တွင်မူ တေးသံရှင်ဖြိုးကြီးမှ ကွားရှင်းပြတ်ဆဲခြင်းကို သဘောမတူနိုင်ကြောင်း ထပ်မံဖော်ပြပါရှိသည်။ ထိုကိစများနှင့် ပတ်သက်ပြီး မြန်မာပြည်သူများအတွင်း ထင်ကြေးမျိုးစုံဖြင့် စိတ်ဝင်စားနေကြသည်ဟုသိရသည်။

ဝါရင့်အနုပညာ စာနယ်ဇင်းဆရာတစ်ဦးကမူ ထိုကိစနှင့်ပတ်သက်ပြီး "သူတို့ တကယ်ကွဲကြတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနုပညာရှင် တော်တော်များများက သူတို့နာမည်ကျလာပြီဆိုရင် နည်းမျိုးစုံသုံးပြီး နာမည်ပြန်တက်လာအောင် လုပ်တက်ကြတဲ့သဘော သဘာဝရှိတယ်လေ။ ဒီလိုများဖြစ်နေမလားတော့ မသိဘူး" ဟု ဆိုသည်။

ဖြိုးကြီး စိုးမြတ်နန္ဒာတို့ ဇနီးမောင်နှံနှင့် ပြီးခဲ့သည့် လအနည်းငယ်အတွင်းက တွေ့ဆုံအင်တာဗျူး ပြုလုပ်ခဲ့သူ လူငယ်အနုပညာ စာနယ်ဇင်းဆရာမတစ်ဦးမှ ဆိုရာမှာတော့ "ကျွန်မနဲ့ အင်တာဗျူးဆုံကြတုန်းက နှစ်စလုံး သူတို့လောက် ချစ်နေကြတာမရှိဘူးရှင်။ ကလေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်မကို ရွှန်းရွှန်းဝေနေအောင် ပြောပြခဲ့ကြသေးတာ။ ကျွန်မလည်း တကယ်ပဲထင်နေခဲ့တာ။ မကြာဘူး။ ကျွန်မရေးပြီးလို အခုစာအုပ်က ထွက်နေရော သူတို့ကထပြီး ကွာရှင်းလိုက်ကြတယ်ဆိုတော့ ကျွန်မလည်း သွားရော။" ဟု ဖြိုးကြီး စိုးမြတ် နန္ဒာတို့နှင့် အင်တာဗျူးပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းဆရာမက MHT သို့ဆိုသည်။

ထို့အပြင် သူတို့နှစ်ဦးကွာရှင်းပြတ်ဆဲခြင်းနှင့်ပတ်သက်ပြီး ရှေ့နေတစ်ဦးမှဆိုရာတွင် "လင်မယားအမှုဖြစ်လို့ ကွာချင်တယ်။ မကွာချင်းဘူးကိစတွေက ဒီလို ဒီနေ့ကြော်ညာထည့် မနင်ဖြန် တုန့်ပြန်စာထည့်လိုရတာ မဟုတ်ဘူးဗျ။ အနည်းဆုံးတော့ တစ်ပတ်လောက်အချိန်ယူရတယ်။ သူတို့က ချက်ချင်းကြီးဆိုတော့ သိပ်တော့ မဖြစ်နိုင်ဘူး " ဟု ဆိုသည်။

ထို့အပြင် လတ်တလောဖြစ်ပေါ်နေသော အနုပညာရှင်များ ပါဝင်ပတ်သက်နေသည့် မူးယစ်ဆေးဝါးမှုတွင်လည်း လည်းကောင်းတို့ ပါဝင်ပတ်သက်နေရ်ျသာ ယခုလို တစ်ယောက်နှင့် တစ်ယောက် ကွဲရှင်းပြတ်ဆဲခြင်းများကို ပြုလုပ်လိုက်ကြသည်လား ဆိုသည်များမှာ အချိန်ကသာ ဖြေကြားပေးနိုင်မယ့် အမှန်တရားများပင်ဖြစ်သည်။

No comments: