DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, June 25, 2008

ကိုင်းတောကျေးရွာသို့ သဲများသယ်ဆောင်လာသည့် လေဆင်နှာမောင်းတစ်ခု ဇွန်လ (၁၉) ရက်က ၀င်ရောက် တိုက်ခိုက်

ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့က ဧရာဝတီတိုင်း၊ ပြင်စလူမြို့နယ်ရှိ ကိုင်းတောကျေးရွာသို သဲများသယ် ဆောင်လာသည့် လေဆင်နှာမောင်းတစ်ခု ၀င်ရောက်တိုက်ခက်ခဲ့တယ်လို့ ပြည်ပမီဒီယာ သတင်းဌာန တစ်ခုဖြစ်တဲ့ ဗွီအိုအေရဲ့ သတင်းတစ်ရပ်အရ သိရသည်။ သတင်းအရ ထိုကိုင်တော ကျေးရွာမှာ အိမ်ခြေ (၁၀၀၀) မှ (၂၀၀၀) အကြားရှိပြီး လူဦးရေ (၇၀၀၀) ကျော် နေထိုင်တဲ့ ကျေးရွာကြီး တစ်ခုဖြစ်ကြောင်း သိရ သည်။ လေဆင်နာမောင်းမှ သယ်ဆောင်လာသော သဲများကြောင့် ကျေးရွာရှိ အိမ်များအားလုံး သဲလွှမ်းသွားပြီး ကျေးရွာနေ ပြည်သူအားလုံးနီးပါး သေဆုံးကုန်ကြောင်း အတည်မပြုနိုင်သည့် သတင်းများအရသိရသည်။ အသက်ရှင်လျှက် ကျန်နေသူ ကျေးရွာပြည်သူများဟာ နီးစပ်ရာ ကျေးရွာကြီးများသို့ ထွက်ပြေးလာနေကြ ကြောင်း သတင်းများအရသိရသည်။ ယခုကြုံကြိုက်ခဲ့ရသော သဘာဝကပ်ဘေးဖြစ်တဲ့ သဲလေဆင်နှာမောင်း ဟာ နာဂစ်မုန်တိုင်းထက်စာလျှင် ပိုမိုဆိုးရွားကြောင်း မုန်းတိုင်းအတွင်းကဆိုလျှင် လေတိုက်ပြီး ရေကြီးသော် လည်း ရေအတွင်း ရေကူးပြေးလွှားနိုင်သေးသဖြင့် တော်သေးကြောင်း ယခုသဲလေဆင်နှာမောင်းမှာမူ ပြေးချိန် ပင် မရကြောင်း သုံးသပ်ပြောဆိုနေကြသည်။

No comments: