DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, June 25, 2008

မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းဆီခံ အနုပညာသည်များကို ရုံးတင်စစ်ဆေးမည်

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးစစ်ဆေးမှုကို ခံယူနေကြရသော အနုပညာရှင် (၁၇) ဦးကို မနက်ဖြန် ဇွန်လ (25) ရက်နေ့တွင်၊ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဗဟိုတရားရုံးချုပ်တွင် ရုံတင်စစ်ဆေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မူးယစ်ဆေးမှုဖြင့် အဖမ်းဆီးခံ အနုပညာသည်များနှင့် ပတ်သက်ပြီး အင်းစိန်အကျဉ်း ထောင်မှ ပြန်လာသူ ရန်ကုန်မြို့ခံတစ်ဦးမှ ဆိုရာတွင် ထောင်ထဲက ၀န်ထမ်းတွေပြောတာကတော့ အမျိုးသား (၁၀) ယောက်နဲ့ အမျိုးသမီး (၁၇) ယောက်ရှိပြီး သူတို့အားလုံးကို သီးသန့်ဆောင်တွေမှာ ချုပ်ထားတယ်လို့ သိရ တယ် ဟု ဆိုသည်။ အဆိုပါ မူးယစ်ဆေးဝါးမှုဖြင့် အဖမ်းဆီးခံနေရသူ အနုပညာသည်များအတွင်း ဒါရိုက်တာ မောင်မျိုးမင်း၊ အဆိုတော ဆုန်သင်းပါရ်၊ သင်ဇာဝင့်ကျော်၊ နန်းစုရတီစိုး၊ ဖိုးကျော်၊ န၀၇တ်နှင့် ဗိုလ်ချုပ်ရဲမြင့်၏ သားဖြစ်သူတို့အပါအ၀င် ရန်ကုန်မြို့ရှိ နာမည်နိုက်ကလပ်တစ်ခုဖြစ်သော ပိုင်အိုးနီးယားကလပ်မှ မန်နေဂျာ ကိုဖြိုးတို့ ပါဝင်နေကြောင်း အတည်ပြုရန် ခက်ခဲလျှက်ရှိတဲ့ သတင်းများအရ သိရသည်။

No comments: