DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, June 20, 2008

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်စဉ် အသက်ဆုံးရှုံးသူများရှိနေ

နာဂစ်မုန်တိုင်ဒဏ်ကြောင့် ပျက်ဆီးခဲ့ရသော အဆောက်အအုံများအား ပြန်လည်ပြင်ဆင်ရေး များကို ရန်ကုန်မြို့ အနှံ့ပြုလုပ်လျှက်ရှိရာ ပြုပြင်ရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်မကြွမ်းကျင်သော အလုပ်သမားအချို့ အသက်ဆုံးရှုံးလျှက်ရှိကြောင်း သိရသည်။ မှုခင်းများအနေနှင့် ပန်းဘဲတန်းမြို့နယ်နှင့် သင်္ကန်းမြို့နယ်များတွင် အသက်ဆုံးမှုများရှိခဲ့သည်ဟု ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Weekly Eleven ၏ သတင်းတစ်ရပ်အရသိရသည်။ ထိုသို့ အသက်ဆုံးရှုံးရမှုများနှင့်ပတ်သက်ပြီး အင်ဂျင်နီယာ တစ်ဦးမှ ဆိုရာတွင် ရန်ကုန်တွင် လုပ်ငန်းခွင် ကျွမ်းကျင်သော လက်သမားများရှားပါးနေမှုနှင့် အစိုးရ၏ ပြည်ဝတဲ့ အကူအညီများ မရရှိမှုကြောင့်ဟုဆိုသည်။ ထိုသို့ အသက်ဆုံးရှုံးမှုများ ဖြစ်ပွားပါက ရယကနှင့် ရဲတပ်ဖွဲ့တို့မှ အိမ်ရှင်များအား အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် စစ်ဆေးအရေးယူမှုများရှိနေသည့်အပြင် အသက်ဆုံးရှုံးရသူများအား မည်သည့်အာမခံ ငွေကြေးတစ်စုံရာမှ ရရှိခြင်းမရှိကြောင်း သိရှိရသည်။

No comments: