DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, June 20, 2008

မိုးကြိုးများပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လပွတ္တာမှ မော်တော်ယဉ်ဖြင့်သာ ပြန်ခဲ့ရ

နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး မေလ (၁၉) ရက်နေ့ ညနေပိုင်းက နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဘိုကလေးမှ လပွတ္တာမြို့သို့ တပ်မတော်ရဟက်ယဉ်ဖြင့် ရောက်ရှိလာကြောင်း၊ သူ ဆင်းသက်ပြီး မကြာမီပင် ကောင်းကင်သည် ကြည်လင်နေပါလျှက် မိုးကြိုးအချက်ပေါင်းများစွာ ပစ်ခတ်ကြောင်း (ရေတွက် ထားသူအချို့က နှစ်ဆယ့်နှစ်ချက်ဟု ပြောသည်) ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသည် တပ်မတော်လေယာဉ်ဖြင့် မပြန်ရဲတော့ဘဲ ဧရာရွှေဝါကုမ္ပဏီမှ ယာဉ်တန်းကြီးနှင့် ရန်ကုန်သို့ ပြန်ရကြောင်း ဒေသခံတို့၏ တစ်ညီတစ်ညွတ် တည်း ပြောကြားချက်များအရ သိရသည်။

No comments: