DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, June 22, 2008

မြန်မာနိုင်ငံတွင် တကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

ပြီးခဲ့သည့် မတ်လအတွင်းက ဖြေဆိုကျင်းပပြီးစီးခဲ့သော တကသိုလ်ဝင်ထန်း စာမေးပွဲဖြေဆိုထားသော ကျောင်းသူကျောင်းသားများ၏ စာမေးပွဲ အကျ၊ အရှုံးစာရင်းကို ယနေ့ မေလ (၂၂) ရက်နေ့တွင် ပညာရေး ၀န်ကြီးဌာနမှ သက်ဆိုင်ရာ ပညာရေးမှုးရုံးများ၊ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်း များတွင် အောင်စာရင်းကပ်ကာ ကြေညာပေးလိုက်ပြီဲဖြစ်သည်။ ဒါအပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲလျှက် ရှိနေ သေးတဲ့ ဒေသများမှ ကျောင်းသူကျောင်းသားများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံမှ ထုတ်ပြန် ကြေညာပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ MRTV ၏ ယနေ့နံနက်ပိုင်း သတင်းများ အရသိရသည်။ ရန်ကုန်တိုင်းအတွင်းဖြေဆိုထားသူကျောင်းသားကျောင်းသူများ၏ အဖြေစာရွက်များသည် နာဂစ်မုန်တိုင်းကျရောက်စဉ်က ရန်ကုန်တကသိုလ်အတွင်းရှိ စာသင်ဆောင်များအတွင်း ရှိခဲ့သည်ဖြစ်ရာ ပျက်ဆီးမှုများရှိခဲ့ကြောင်း၊ ထိုအဖြေလွှာပိုင်ရှင် ကျောင်းသားကျောင်းသူများအနေဖြင့် အောင်စာရင်းတွင် ဖော်ပြပါရှိသည်များနှင့် မိမိတို့ဖြေဆိုနိုင်ခဲ့သည်များ ကွဲလွဲချက်များရှိနေသဖြင့် များစွာ စိတ်ဆင်းရဲနေကြရ ကြောင်း ရန်ကုန်မြို့ခံ ကျောင်းသားမိဘတစ်ဦးကဆိုသည်။ ထိုအဖြေလွှာပိုင်ရှင် ကျောင်းသားများအနေဖြင့် စာမေးပွဲအောင်ရုံသာ အောင်ခဲ့ကြရသော်လည်း လည်းကောင်းတို့အနေဖြင့် စာမေးပွဲကို ဂုဏ်ထူးမှတ်အထိ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တကသိုလ်စာစစ်ဌာနများအနေဖြင့် လွဲချော်မှားယွင်းမှုများရှိခဲ့သဖြင့် ကျောင်းသားကျောင်းသူများအနေဖြင့် များစွာနစ်နာရကြောင်း သတင်းများရရှိသည်။

No comments: