ဒီဇင်ဘာနံ့ ခပ်သင်းသင်းလေးဝေ့တိုက်လာတယ်
တံစက်မြိတ်ကနှင်းရည်စက်တွေကျလာတာ
စောင်ခြုံထဲကနေ အိပ်ချင်မူးတူးငေးမကြည့်နိုင်တော့ဘူး
သမိုင်းကို လက်ကြောတင်းတင်းထမ်းပိုးဖို့
အလွမ်းကိုဘောင်းဘီအိပ်ထဲထိုးသိပ်ထည့်ထားရ
ကြေချင်ကြေ မွချင်မွ ဖြစ်ချင်တာသာဖြစ်ပစေတော့
ခဏခဏ ထုတ်ယုယမနေနိုင်ဘူး
အိမ်နဲ့ဝေးနေတာ
ငါတယောက်တည်းမှမဟုတ်ခဲ့တာပဲ
မိုဃ်းသွေး
Friday, October 24, 2008
"ဆောင်းဦးပေါက်တေး "
Labels:
Poem
Subscribe to:
Post Comments (Atom)
2 comments:
ကိုမိုးသွေးရဲ့ ကဗျာလေး ကောင်းလိုက်တာ ညီမလေးရေ။
ခဏခဏ ထုတ်ယုယမနေနိုင်ဘူး
အိမ်နဲ့ဝေးနေတာ
ငါတယောက်တည်းမှမဟုတ်ခဲ့တာပဲ
ဒီတစ်နေရာလေးနဲ့တင်ပဲ အဓိပ္ပာယ်တွေ အများကြီး သက်ရောက်နေပါပြီ ..
ကဗျာကောင်းလေး တစ်ပုဒ်ပါပဲဗျာ
Post a Comment