DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, October 8, 2008

မသေခင်(၁၀)ရက်အလို

အားပါးပါး !
မသေခင်(၁၀)ရက်အလိုဆိုပါလား
ယုန်ကလေးကလာ tag ထားပါလား
စိတ်ညစ်ညစ်နဲ့ ဘလော့ကိုလာကြည့်ရင်းတွေ့သွားတာ စိတ်ညစ်တာတွေတောင်ဘယ်ရောက်သွားမှန်းမသိဘူး
တွေးကြည့်ရင်းနဲ့တောင် ငိုချင်လာပီ ဟင့် ရွှတ် !
စတွေးပြီနော်

(ဆယ်ရက်အလို)
သေရတော့မယ်ဆိုတော့ အရင်ဆုံး အကြွေးတွေကိုဆပ်မယ် မဆက်နိုင်လို့ကျန်သေးရင်လည်း နောင်ဘ၀မှဆက်ပြီဆပ်တော့မယ်ဆိုတဲ့အကြောင်း လိုက်ပြောမယ်

(ကိုးရက်အလို)
အကြွေးတွေကျေပြီဆိုတော့ တကွဲတပြားဆီရှိနေကြတဲ့ အကိုတွေကို ပြန်ခေါ်မယ် အကိုတွေခွံ့ကျွေးတဲ့ထမင်းကို မသေခင်တော့ စားသွားချင်သေးတယ် ပြီးတော့ ပါးပါးနဲ့ရန်ဖြစ်ထားတာတွေကျေလိုက်မယ်

(ရှစ်ရက်အလို)
ဒီနေ့မှာတော့ ရန်ဖြစ်ထားတဲ့ သူငယ်ချင်းတွေကို ကျေးအေးလိုက်တော့မယ် ဘလော့ဂါ စံလင်းထက်နဲ့ရန်ဖြစ်ထားတာလည်း ကျေအေးလိုက်မယ် ကြယ်ဇင်သွေးနဲ့ စိတ်ကောက်ထားတာလည်း ပြေလိုက်တော့မယ် မသေခင်ငြိမ်ချမ်းရေးယူလိုက်ပါ့မယ်လေ.....

(ခုနှစ်ရက်အလို)
ဒီနေ့တော့ ဘလော့မောင်နှမတွေကို လိုက်နှုတ်ဆက်မယ် ကိုယ်နဲ့အတူလိုက်ခဲ့ဖို့ပါ ဆွယ်ရမယ် အဖော်မရှိရင်ပျင်းတယ်

(ခြောက်ရက်အလို)
မသေခင်တော့ ဘုရားကျောင်းကိုရောက်အောင်သွားလိုက်အုံမယ် ဘုရားသခင်ကိုပြောပြထားရမယ် ဘယ်သူတွေကိုဘယ်လိုအနိုင်ကျင့်ထားတယ်ဆိုတာကြိုပြောထားရမယ် နောက်မဟုတ်ရင် ဟိုရောက်ရင်အပစ်ပေးနေမှဒုက္ခ။

(ငါးရက်အလို)
အောင်မလေး.........ရေးနေရင်းနဲ့ ကြာလိုက်တာလို့တောင်ခံစားလာရတယ် မြန်မြန်သေချင်ပြီ မတွေးချင်တော့ဘူး စိတ်ညစ်နေတာနဲ့နော် အိပ်လိုက်တော့မယ် ဘယ်သူမှလာမခေါ်နဲ့ တနေကုန်အိပ်မယ်

(လေးရက်အလို)
အလှူလုပ်ဖို့ကလည်း ပိုက်ဆံမရှိဘူး ဒီတော့ ပိုက်ဆံလိုက်ချေးမယ် တနေကုန်လိုက်ချေးမယ်ဗျာ

(သုံးရက်အလို)
ဒီနေ့ချေးလို့ရသလောက်ပိုက်ဆံနဲ့ အလှူလုပ်လိုက်မယ်

(နှစ်ရက်အလို)
ဒီနေ့တွေ့ချင်တဲ့သူတွေကိုအကုန်ခေါ်တွေ့မယ် ကြယ်ဇင်သွေး။ နေနတ်နွယ်။ ယုန်ကလေး။ စံလင်းထက်။ Dream။ ပြီးတော့ ...........

(နောက်ဆုံးရက်)
သေတော့မယ်ဗျ ! အဲတော့ ဘလော့ဂါအားလုံးကိုနောက်ဆုံးပါတီလုပ်မယ် စပျစ်ဝိုင်တိုက်မယ် Cheer! အားလုံးသောက်ရမယ်နော်
(ရှူးတိုးတိုး ! အဲဒီထဲမှာအဆိပ်ထည့်ထားတယ် ဘယ်ရမလဲ အားလုံးကိုတခါထဲခေါ်သွားမယ် ပျင်းလို့)

ဟားဟား....ဘယ်ရမလဲ ငါလူလည်ပါကွ
ကဲတူတူလိုက်ဖို့ပြန် tag လိုက်တယ်ဗျို့

စိုင်းဝဏ္ဏ
ီDream
ရောင်ပြန်
အချစ်မဲ့ဂစ်တာ
လိုက်ခဲ့ကြပါဗျို့

4 comments:

ရောင်ပြန် said...

ရက်စက်လိုက်တာ.. သူငယ်ချင်းရဲ့.. မင်းနဲ့ ကိုကြီးအိမ်နဲ့ အတူတူပဲ... သေပြီးပါပြီဆို ခဏခဏလာ တက်တယ်... ဟီး...အီး.... တွတ်ပီတို့ ကံမကောင်းပါလား..

Anonymous said...

ဪ တော်တော်ချစ်ဖို့ကောင်းပါသည်။ ငရဲရောက်နေတဲ့ လူကသူကိုလာတွေ့ရမယ်ဆိုပဲ။ တွေ့ချင်ရင် ငရဲလိုက်ခဲ့ ဒါပဲ။

Dream said...

အမလေး...... ဘလော့ကာမောင်နှမတွေကိုပါသေတွင်းထဲ
ဆွဲခေါ်မယ်ဆိုပါလား.. ကြောက်စရာကောင်းလိုက်တာ.. ဟွန်း..
အမယ်... အလှူလုပ်ဖို့ ပိုက်ဆံချေးမယ်တဲ့... ဒါဆိုစောစောစိးစီး ရှောင်ထားမှ
...ဟားဟား.. :P :P

Dream ကိုပါခေါ်တွေ့တယ်ဆိုတော့... သွားတွေ့တာပေါ့....အမယ်..
သူက ၀ိုင်နဲ့တောင် ဧည့်ခံလိုက်သေးတယ်.. ဒါမျိုးကျတော့ ချစ်စရာကောင်းသွား
ပြန်ရော.... အမလေး.... လုပ်ကြပါဥိး..လုပ်ကြပါဦး... ၀ိုင်ထဲမှာ အဆိပ်ပါတယ်တဲ့..
ဂစ်..ဂစ်...ဂစ်.... သေပြီဆရာပဲ... :P :P

ယုန်ကလေး said...

အင်း မီးလေး အဆိပ်ခတ်တဲ့ အထဲမှာ ယုန်လေးကိုတော့ ထိမှာမဟုတ်ဘူး။ ဘာဖြစ်လိုလဲဆိုတော့ ယုန်လေးမှ ၀ိုင်မ သောက်ပဲ သိရက်သားနဲ့ ဟီဟီ ယုန်လေးတိုတော့ေ၇ွပဲနော်။ တကယ်လိုသေရင် ငရဲပြည်ရောက်ရင် လာ လည်မှာနော်.
တံခါးကို သေချာဖွင့်ထား...............