DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, October 2, 2008

ငွေစက္ကူလှုပ်ရှားမှု

တော်လှန်ရေးမောင်နှမများနှင့်သူငယ်ချင်းများခင်ဗျား



ပြီးခဲ့သည့်နှစ်ကပေါ်ပေါက်ခဲ့သောစက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီး အတွင်းကမတရားစွပ်စွဲ ဖမ်းဆီးခံခဲ့ရသော
သံဃာတော်များ၊ကျောင်းသာလူငယ်များ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားသောယုံကြည်ချက်ကြောင့်
အကျဉ်းကျနေရသောသူများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရေးအတွက်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊တရားမျှတရေးမျိုးဆက်သစ်လူငယ်များလှုပ်ရှားမှုအဖွဲ့၊
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) နှင့်အခြားသောတက်ကြွလှုပ်ရှားသည့်အင်အားစုများနှင့်
အချို့သောပြည်သူလူထုတို့မှငွေစက္ကူများပေါ်တွင်
၁- ရွှေဝါရောင်တော်လှန်ရေးသံဃာများလွှတ်ပေး၊
၂- ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလွှတ်ပေး

ဟုရေးသားဆန္ဒထုတ်ဖော်ခြင်းလှုပ်ရှားမှုကိုလုပ်ဆောင်လျက်ရှိနေပါသည်။
ပြည်သူအပေါင်းမှလည်းပူးပေါင်းပါဝင်ဆန္ဒထုတ်ဖော်ကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဓါတ်ပုံသစ်များလည်းဆက်လက်ဖြန့်ဝေပေးပို့သွားပါမည်။

No comments: