DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, October 15, 2008

ဗရုတ်သုတ်ခ ဆုံး နဲ့  အချစ် ဆိုပါ လား !

မမမေအိခင်က လာ tag ထားတယ်ဗျ။
ကိုယ့်အကြောင်းကို ရှက်ရှက်နဲ့ ပြောရအုံးမှာပေါ့လေ။ မဖြေရင်လည်းစိတ်ဆိုးအုံးမှာ ကိုး........ ။ ဖြေရမှာ နဲနဲတော့ရှက်နေတယ်။

အင်းးးးးးးးးး ဗရုတ်သုတ်ခဆုံး ဆိုတာတော့ဟုတ်ပါပြီ
အချစ်ဆိုတာက ဘယ်လိုဖြေရမလဲမသိဘူးဖြစ်နေတယ်။
အမကတော့ စားပြီဗျာ...........
လွယ်တဲ့ ဗရုတ်သုတ်ခဆုံးကို အရင်ဖြေမယ်နော်။
ဒီအကြောင်းတွေတွေးမိရင် ကျွန်တော့သူငယ်ချင်းတွေကို ပြန်သတိရတယ်ဗျာ

ဒီကောင်တွေက ကျွန်တော့ဒါဏ်ကို တော်တော်ခံလိုက်ရတာ ဗျ။ ဟီးးးးးးးးးးးးးးး :D

တနေ့မှာပေါ့ဗျာ ကျွန်တော်တို့သူငယ်ချင်းတွေ ကန်တော်ကြီးသွားကြတယ်လေ။ အားလုံးပေါင်း ခုနှစ်ယောက်လောက်ရှိတယ်ဗျ။ သွားတုန်းကတော့ ...မုန့်စားကြမယ် အတွဲချောင်းကြမယ်ပေါ့ဗျာ၊ ဟီးးးးဟိ ...အဲဒါနဲ့ ထမင်းသုတ်နဲ့ အအေးမှာစားကြတယ် ။ အဲဒီကနေ ဒီကောင်တွေက တဆင့်တက်ပြီ ဘီယာသောက်မယ်ဆိုပြီး သောက်ကြုပန်ရော ။ အဲဒီအချိန်ထိလည်း အဆင်ပြေတုန်းပဲဗျ။ နောက်တော့ ဒီကောင်တွေကတဆင့်တက်ပြီး အရက်သောက်မယ်ကွာဆိုပြီး သောက်ကြပြန်တယ်လေ ။မနက်ကနေ အစီအစဉ်စလိုက်တာ ညနေလည်းစောင်းရော ပုလင်းတွေလည်းဝိုင်းရောပေါ့ဗျာ။

အားးးးလားးးလားးး
ပိုက်ဆံက ရှင်းလည်းရှင်းရော ဘာမှမကျန်တော့ဘူးဗျ။ ကျွန်တော်တို့ပြန်ဖို့ taxi ခမပြောနဲ့ လိုင်းကားခတောင်မကျန်တော့ဘူး။ ကဲ........ဒီတော့ လမ်းလျှောက်ကြရတာပေါ့ကွာဆိုပြီး လမ်းလျှောက်ကြတာပေါ့ ။ ပြန်ရမှာက စမ်းချောင်းအထိလေ။ ဒီလိုနဲ့ လမ်းလျှောက်လာရင်း တွန်းလှည်းလေးနဲ့ရေခဲမုန့်သည်တွေ့တော့ ကျွန်တော်က အရမ်းစားချင်သွားတယ်ဗျ။ စဉ်းစားကြည့်လေဗျာ လမ်းလျှောက်ရတာမောတာပေါ့။ ဒါနဲ့ခပ်တည်တည်ပဲ ရေခဲမုန့်သည်ကို ခေါ်လိုက်တယ်။ ပြီးတော့ရေခဲမုန့် တခုပေးလို့ ပြောလိုက်တယ်။ ရေခဲမှုန့်သည် ကလည်းပေးတယ်။ ကျွန်တော်ဝယ်တာတွေ့တော့ ကျန်တဲ့ကောင်တွေကလည်း ကျွန်တော်ပိုက်ဆံ ရှိရဲ့သားကျစ်ထားတယ် ထင်ပြီး သူတို့လည်း လိုက်မှာကြတယ်လေ.....။ ကျွန်တော်က ယူပြီတော့ အနောက်ကို မေးငေါ့ပြလိုက်တယ် ။ ဆိုလိုတာက အနောက်ကလူပေးမယ်ပေါ့ဗျာ။ ကျန်တဲ့ကောင်တွေလည်း ဘုမသိဘမသိနဲ့ တခုပြီးတခုမှာ ကြတယ်။ ပြီးတော့သူတို့လည်း အနောက်ကိုမေးငေါ့ပြကြတယ် ။

နောက်ဆုံးကောင်အလှည့်လည်းရောက်ရော အနောက်မှာဘယ်သူမှမရှိတော့ဘူး။ ဒီတော့သူတို့က ကျွန်တော့ကို ကြည့်ကြတယ် ။ ကျွန်တော်က ဟီးးးးးးးးးးဆိုပြီး ပြေးရောပေါ့။ သူတို့လည်းသဘောပေါက်လိုက်ပြီ သူတို့သူငယ်ချင်းအကြောင်းသူတို့သိတယ်လေ လိုက်ပြေးကြတာပေါ့။ အထာမနှပ်တဲ့ကောင်က ကျန်ခဲ့မှာပဲလေ။ ဟားဟားးးးးးးးရေခဲမုန့်သည်ကတော့ အနောက်မှာ အော်ရင်းကျန်ခဲ့တယ်။ (နောက်တော့မှပြန်စဉ်းစားမိတယ် ကျွန်တော်ဒီလိုလုပ်တာမကောင်းဘူးလို့)

ပြေးရင်းနဲ့ မောလာတော့ ရပ်လိုက်ပြီး သူငယ်ချင်းတွေကို လှည့်ရီပြလိုက်တယ်။ သူတို့တွေကတော့ ၀ိုင်းပြီးထောပဏာပြုကြတာ မိုးကိုမွန်သွားတာပဲ ။ သူတို့က ကျွန်တော်ပိုက်ဆံရှိလို့ ၀ယ်စားတယ်ထင်နေကြတာကိုး.... ကျွန်တော်ကသူတို့ကို တိုင်ပင်စရာရှိတယ်ဆိုပြီး ပြောတော့ သူတို့ကလန့်သွားတယ် ဘာမဟုတ်တရုတ် စဉ်းစားပြန်ပြီလဲပေါ့။ ကျွန်တော်ကအရမ်းမောလို့ ကားစီးရအောင်ကွာလို့ပြောတယ်။ လူကမောလည်းမောနေပြီ ခြေထောက်တွေလည်း လုံးဝမသယ်ချင်တော့ဘူး ပိုက်ဆံမရှိလည်း ပြောစီးမယ်ဗျာဆိုပြီး (၃)ကားလည်းလာရော တားလိုက်တယ်။ ပြီးတော့ ကာစပယ်ယာကို ကပ်ပြောလိုက်တယ် ကျွန်တော်တို့ပိုက်ဆံမရှိတော့လို့ပါဗျာ အလကားပေးစီးပါအကိုကြီးရာ .ဆိုပြီးမျက်နှာကို သေးသေးလေးလုပ်ပြီးပြောရတော့တာပေါ့ဗျ။ ကားစပယ်ယာက သနားသွားပုံရတယ်ဗျ ။ အေးပါကွာဆိုပြီး ပေးစီးတယ် ကားပေါ်တက်တော့ ခုံကနေရာမရှိတော့ဘူး ပြည့်နေပြီ တွယ်စီးကြတာ စမ်းချောင်းအရောက်ပါပဲဗျာ။ ကျွန်တော့တသက်နဲ့တခါ ဒီတခါပဲကားတွယ်စီးဘူးတယ် ။ လူတွေကကြည့်ပြိး ရယ်ကြတာပေါ့ဗျ။ ရန်ကုန်မှာ ဘယ်မိန်းကလေးကမှ ကားတွယ်မစီးကြဘူးလေ....

ကယ်ပြန်ပြီး Tag လိုက်ပြီဗျို့

ဖြေပေးကြပေတော့..

ကြယ်ဇင်သွေး
ရောင်ပြန်
Dream
အချစ်မဲ့ဂစ်တာ
ယုန်ကလေး

မမလမင်းခင်ရေ ကျေနပ်တော့နော် အချစ်ဆိုတာကိုတော့ နောက်နေ့မှဖြေပေးတော့မယ်နော် အဲဒါ နဲနဲခက်တယ်ဗျ နဲနဲမဟုတ်ဘူး တော်တော်လေးကိုခက်တာ. ဖြေပေးမယ်နော် စိတ်ဆိုးနဲ့

5 comments:

Dream said...

မိပြီ..မိပြီ.. ရေခဲမုန့် ဖိုး ပြန်လာဆပ်ပါ..
မဟုတ်ရင် အတိုးနဲ့ ပေါင်းလိုက်မယ်..

တော်တော်ဗရုတ်သုတ်ခလေးတွေလည်းရှိတယ်ပေါ့လေ..
.. အင်းသူတို့
လဲဒီလိုလေးတွေပါလား.. ဟားဟား

Anonymous said...

ကဲဗျာ..... အမြန်ဆုံးပဲရေးပေးလိုက်ပါမယ်။ ဒီကလေးမ ဒီလောက်ဆိုးမှန်းအခုမှသိတယ်။ :P

lovelessguiter said...

အော်.. ငါ့ညီမကတော့ ဒုက္ခပေးလို့ကို မ၀သေးဘူးထင်ပါ့.. ခက်ပါဘိ.. ရေးဆိုတော့လည်း ရေးပေးပါမယ်... ကျေနပ်တယ်ဟုတ်..။

Kaung Kin Ko said...

ဟားဟား :D

Anonymous said...

ဟာသလေးတွေ လာဖတ်ပါတယ်ခင်ဗျ
အရမ်းရီရတယ် ..
အခုလို ပို့စ်လေးတွေ များများ ဆက်ရေးပါဦးဗျို့