DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, December 17, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်



၂၀၀၈ခုနှစ် ဒီဇင်ဘာ(၁၆)ရက်နေ့တွင် ဗဟန်းမြို့နယ် အုတ်လမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးတွင် ဟောပြောပွဲတရပ် ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။ အဆိုပါဟောပြောပွဲကို အဖွဲ့ချုပ်လူငယ်များ တောင်းဆိုတိုက်တွန်းချက်အရ လက်ရှိအဖွဲ့ချုပ်ခေါင်းတောင် ဦးဝင်းတင်မှ ဟောပြောခဲ့ခြင်းဖြစ်သည်၊ လူငယ်နှင့်အနာဂါတ်ဆိုသော ဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင် ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ဟောပြောပွဲအပြီးလူငယ်များ ပြန်လည်မေးခွန်းများ ပြန်မေးခဲ့ကြကြောင်း သိရှိရသည်။ ယနေ့ဟောပြောပွဲသို့ ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံမှ စိတ်ပါဝင်စားသူ လူငယ် ၃၀၀ ၀န်းကျင်ခန့်တက်ရောက်ခဲ့ကြပြီး အဖွဲ့ချုပ်ခေါင်းဆောင်များလည်း တက်ရောက်ကြသည်ကိုတွေ့ရှိရသည်။ ထိုကဲ့သို့ဟောပြောပွဲများ ကျင်းပခြင်းသည် အဖွဲ့ချုပ်မျိုးဆက်သစ်လူငယ်များအတွက် လွန်စွာတန်ဖိုးရှိသော အတွေ့အကြုံများကို ဖြစ်ပေါ်စေပြီး အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လွန်စွာအားတက်မိကြောင်း၊ ထိုကဲ့သို့ဟောပြောပွဲများကို (၂) ပတ်တစ်ခါ ဆက်လက်ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments: