DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, December 15, 2008

မန္တလေးမှာ “ထောင်တံခါးတွေဖွင့်ကြ၊ တရားရုံးတွေ ပိတ်ကြ” လှုပ်ရှားမှု ပြုလုပ်ခဲ့။





မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာကို အတိုကောက်ရေးထားသော F B F = T B M စာပါသော “ထောင်တံခါးတွေ ဖွင့် ၊ တရားရုံးတွေ ပိတ်” ဆိုတဲ့ ပို့စကဒ်များအား မန္တလေးမြို့ (၂၆) လမ်း၊ (၇၀) (၇၁) လမ်းကြား၊ ကျုံးအရှေ့တောင်ဒေါင့်၊ ဆီဒိုးနားဟိုတယ်အနား၊ ကျုံးအရှေ့ဘက်ခြမ်း၊ (၁၄) (၁၅) လမ်းကြားနေရာများနှင့် ရန်ကုန် - မန္တလေး လမ်းသွား လမ်းမများတွင် အဆိုပါ ပို့ စကဒ်များအား ဖြန့် ဝေခဲ့ကြကြောင်း သိရှိရပါသည်။

ယခုကဲ့သို့  အဆိုပါ “ထောင်တံခါးတွေ ဖွင့် ၊ တရားရုံးတွေ ပိတ်” ပို့စကဒ်များ ဖြန့် ဝေခြင်း ၊ ကပ်ခြင်း ရည်ရွယ်ချက်များကတော့ မြန်မာပြည်တွင် လက်ရှိ ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မြေသြဇာအဖွဲ့ မှ လူငယ်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးအား မတရားပုဒ်မတွေ တပ်ပြီး၊ မဟားဒရား နှစ်ရှည်ထောင်ဒါဏ်တွေ ချပစ်နေသော တရားရုံးများ မရှိဖို့ လိုတယ်ဆိုတာ ပြသလိုခြင်း၊ ထိုတရားရုံးများမှ မတရားချမှတ်သော ထောင်ဒဏ်များ ချမှတ်ခံရမှုဖြင့် အကျဉ်းခံနေကြရသော နိုင်ငံရေးအကျဉ်းသားများ ရောက်ရှိနေရသည့် နအဖထောင်တွေများအား အလိုမရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ အဆိုပါ အကျဉ်းထောင်များမှ လွတ်မြောက်ရေးအတွက် လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

နောက်နောင်များတွင်လည်း နအဖ စစ်အာဏာရှင် လက်တဆုပ်စာတစုမှ မည်သို့ပင် နှီပ်စက်၊ ဖမ်းဆီး ၊ ညှင်းပန်း၊ နှစ်ရှည်ထောင်ဒါဏ်တွေ ချနေပါစေ၊ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့်အတူ လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့လူငယ်များမှ ရတဲ့အချိန်တိုင်း ရတဲ့နေရာများမှ အာဏာရှင်အား တော်လှန်ဖယ်ရှားရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် နအဖ စစ်အာဏာရှင်တစုအား စိမ်ခေါ်တိုက်ပွဲဆောင်ရွက်နေကြောင်း အဆိုပါ လှုပ်ရှားသူများမှ ပြောကြားပါသည်။


မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ။

No comments: