DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, September 16, 2008

ပုဂံဆိုက်ဒ်ဘာကိုဆက်သွယ်ရေးဝန်ကြီးဠာနလက်အောက်သို့ ပြောင်းရွှေမည်။

ပုဂံဆိုက်ဒ်ဘာကိုဆက်သွယ်ရေးဝန်ကြီးဠာနလက်အောက်သို့ထားရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အခုဆို ရင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပစ္စည်းများနှင့် ပေါင်းနေချိန်ဖြစ်တဲ့ အတွက် အင်တာနက်ဆိုင်တွေမှာ Connection ကျနေတာဖြစ်တယ်လို့သိရပါတယ်။ ယခုလို ဆက်သွယ်ရေးဝန်ကြီးဠာန လက်အောက်ကို ရောက်သွားတဲ့အခါမှာ အခွန်အခတွေပိုပြီး မြင့်တက်လာနိုင်မယ်လို့ကျွမ်းကျင်သူတွေကဆိုပါတယ်။“သုံးစွဲသူတွေအနေနဲ့လည်း လွတ်လပ်ခွင့်တွေကိုပိတ်ပင်လာနိုင်ပါတယ်၊ ကိုယ်ကြိုက် သလိုလွတ်လွတ်လပ်လပ် မရှိရင် သုံးရတာအဆင်ပြေတော့မှာမဟုတ်ဘူး၊ အခုတောင် ပြည်ပ မီဒီယာတွေကိုအီးမေးပို့ရင် အဲဒီအကောင့်ကို လိုက်ပြီဆွဲစိနေတာ ဆက်သွယ်ရေးအောက်ကို ရောက်သွားရင်ပိုဆိုးလာမှာသေချာတယ်၊ အဲဒီလုပ်လာရင်တော့ ဘလော့သမားတွေ ပိုပြီးသတိထားလာရတော့မယ်၊ ဘလော့တစ်ခုကို လူကြိုက်များလာပြီး များများဝင်ကြည့် လာပြီဆိုရင်တောင် ပုဂံကပိတ်ပိတ်ပြစ်တာဆိုတော့ ဆက်သွယ်ရေးကဆိုရင် စဉ်းစားတာကြည့်ပေတော့” လို့အိုင်တီပညာရှင်အချို့ကဆိုပါတယ်။

လူမျိုးနဲ့ပြည်သူတွေကိုအကျိုးရှိအောင်လုပ်နေကြတဲ့ ဘလောခ်ဂါတွေ မဆုံးရှုံးစေဖို့ အထူးလိုအပ်ပါတယ်။ မြန်မာဘလောဂါတွေဟာ ကိုယ်ကျိုးမငဲ့ပဲ စွန့်လွတ်မှုများစွာနဲ့ ပြည်သူတွေကို အကျိုးရှိအောင် မိမိတို့ တက်နိုင်သလောက်လုပ်နေကြခြင်းဖြစ်တဲ့အတွက် ဘလော့ခ်ဂါများ ဆုံးရှုံးသွားရင် မြန်မာ့ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်များ ဆုံးရှုံးသလို ပင်ဖြစ်တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

No comments: