DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, September 2, 2008

ပြည်ပရောက်မြန်မာများ ထိုင်းဝန်ကြီးချုပ် စမတ် စွန်ဒရာဗေးကို ဆန္ဒပြ

02/09/2008
နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ ထိုင်းသံရုံး ရှေ့ တွင် ပြည်ပရောက် မြန်မာများ နက်ဖြန် စက်တင်ဘာ ၂ ရက်နေ့ တွင် ထိုင်းဝန်ကြီးချုပ် စမတ် စွန်ဒရာဗေး၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြောဆိုချက်ကို ဝေဖန်ရှုတ်ချသည့် အနေဖြင့် ဆန္ဒပြမည်ဖြစ်သည်။

ကျွန်ုပ်တို့ သည် ထိုင်းပြည်သူများ ယနေ့  ကြုံတွေ့ နေရသော ခံစားချက်အပေါ် စာနာသည့် အပြင် ထိုင်းတနိုင်ငံလုံးနှင့် ထပ်တူ မိမိတို့ လည်း အထွဋ်အထိပ်ထားသော ဘုရင်မင်းမြတ်သို့  လျှောက်ထားမည့် စာတစ်စောင် ပေးအပ်မည်ဖြစ်သည်။

ကျွန်ုပ်တို့ ၏ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဘေးထားပြီး မြန်မာ့အရေး ဆောင်ရွက်သင့်သည်ဟု ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီအား ပြောဆိုလိုက်သည့် ထိုင်းဝန်ကြီးချုပ်၏ တာဝန်မဲ့ စကားကို ကျွန်ုပ်တို့  အနေဖြင့် လုံးဝ ကန့် ကွက် ရှုတ်ချသည်။

ထို့ ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဒီမိုကရေစီပန်းတိုင် ရောက်သည်အထိ တက်ကြွစွာ ရုန်းကန်လှုပ်ရှားသွားမည့် ကျွန်ုပ်တို့  အနေဖြင့် နက်ဖြန် ထိုင်းသံရုံးရှေ့  ဆန္ဒပြ ရာတွင် အဖွဲ့ အစည်းများ နှင့် မိဘပြည်သူများ အားလုံး အောက်ပါအစီအစဉ်အတိုင်း ပူးပေါင်း ပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ နှိုးဆော်လိုက်ပါသည်။

အစီအစဉ်

ကျင်းပမည့်ရက် - ၂၀၀၈ စက်တင်ဘာ ၂ ရက်
အချိန် - နေ့ လယ် ၃း၀၀ - ၄း၃၀ ထိ
နေရာ - 351 East 52 Street (between 2 Ave and 1 Ave), New York, NY 10022

ဆက်သွယ်ရန်

ကျော်သက် - ၂၆၀-၄၆၀-၇၁၃၆
သန်းနိုင် - ၂၆၀-၈၀၄-၁၄၄၈
ရောင်ကြီးဗွေ - ၂၆၀-၅၁၅-၆၅၉၅
အောင်မြင့်ထွန်း - ၂၆၀-၄၄၃-၅၁၅၀

No comments: