DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, May 7, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ ဆိုင်းဘုတ်များဖြုတ်ချ


မန္တလေးတိုင်း မတ္တရာမြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်သန်း နေအိမ်တွင် တင်ထားသည့် ဆိုင်းဘုတ်အား မြို့နယ်စည်း အဖွဲ့ဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မနေ့ က (မေလ၆ရက် ၂၀၁၀ )နံနက်ပိုင်းတွင် ဖြုတ်ချခဲ့ကြောင်း သိရသည်။
ထို့ အတူ ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် ၂၃ လမ်းရှိ ပဲခူးမြို့နယ်စည်း ဥက္ကဋ္ဌ ၏ အိမ်နံပါတ် ၉၂ နေအိမ်တွင် တင်ထားခဲ့သော ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုင်းဘုတ်များနှင့် အလံများကို
မဖြုတ်ချရန် ပြောကြားခဲ့သော်လည်း အချို့ အဖွဲ့ ဝင်များက မိမိတို့ အပေါ်တွင် စစ်အစိုးရမှ အမျိုးမျိုး သော
ပုဒ်မများတပ်ပြီး ဒုက္ခပေးလာမှာ စိုးသဖြင့် ဖြုတ်ချလိုက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် NLD ဗဟိုရုံးချုပ်တွင်တော့ ဆိုင်းဘုတ်နှင့် အလံကို ဆက်လက်ထားရှိသွားမည်ဖြစ်ကာ ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် ထိုနေရာ၌ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်လက်အသုံးပြုသွားမည်ဟု ပါတီဝင်များကပြောသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှာ တရားဝင်ပါတီအဖြစ် ဆက်လက်
တည်ရှိခြင်းမရှိတော့ သဖြင့် အလံများဆိုင်းဘုတ်များ တပ်ထားခြင်းကို စစ်အစိုးရ က ပုဒ်မ အမျိုးမျိုးဖြင့်
တရားစွဲဆိုခြင်းများပြုလုပ်နိုင်သည် ဟု အဖွဲ့ ချုပ် အဖွဲ့ ဝင်ဟောင်း များကထင်မြင်ချက်ပေးနေကြသည်။

No comments: