DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, May 7, 2010

နေပြည်တော် ယူနိုက်တက် ဘော်လီဘောအသင်းတည်ထောင်ခြင်း

ရန်ကုန် ၂၀၁၀ သင်္ကြန် တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှု နှင့်ပါတ်သတ် ၍ စစ်အစိုးရမှ နေပြည်တော်တွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ က ရန်ကုန် သင်္ကြန် တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု၏
အဓိကတရားခံ ကိုမမိသေးသော်လည်း ပါဝင်ပါတ်သတ်ခဲ့သူ တဦးကို တော့ဖမ်းမိ ထားပြီဖြစ် ကြောင်း
ပြောကြားခဲ့သည်။
ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းမှာ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဖြစ်ပြီး
ABSDF၊ KNU စတဲ့ အဖွဲ့ အစည်း များမှ ၀ိုင်းဝန်း ပံ့ပိုးကြတယ် လို့ ၎င်း သတင်းစာရှင်းလင်းပွဲ
မှာပြောကြားသွားပါတယ်။
ဖမ်းဆီးထားသူမှာ ဗုံးခွဲမှုတွင် အဓိကတရားခံ မဟုတ်ဘဲ ဘေးက စောင့်ကြည့် ပေးခဲ့သူ ဖြစ်တဲ့ ဖြိုးဝေအောင်
ခေါ် မိုဟာမက်ယှဗန် ဆိုသူဖြစ်ပါတယ်။
ABSDF အဖွဲ့ ရဲ့ ဥက္ကဌ ဖြစ်သူ ကိုသံခဲ က လည်းဒီလို ပြောဆိုချက်ကို ငြင်းလိုက်ပြီး ဒီဗုံးခွဲမှုဟာ စစ်အစိုးရ
ကိုယ်တိုင်ရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုတွင် လူအများသေကြေ ပျက်စီး ကြပြီးနောက် ထိုဗုံးဖောက်ခွဲမှု ကို ပြုလုပ်သူ
မှာ စစ်အစိုးရ ၏ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏မြေးဖြစ်သူ ဖိုးလပြည့် ၏ ရန်သူများဖြစ်ပြီး ဖိုးလပြည့်
၏မောက်မာမှု ဗိုလ်ကျမှုများကို မခံမရပ် နိုင်သဖြင့် ၄င်းအား လုပ်ကြံခြင်းဖြစ်သည် ဟု သတင်းထွက်ခဲ့သေးသည်။
သော်လည်း ယခုအခါ စစ်အစိုးရမှ ပြည်ပ anti-government အဖွဲ့ အစည်းများဘက်သို့ ဘော်လီဘော
ပုတ် လိုက်ခြင်းဖြစ်သည် ဟု အများက ပြက်ရယ်ပြု ပြောကြားနေကြကြောင်းလည်းသိရှိရသည်။

No comments: