DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Wednesday, May 27, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲအနိုင်ရခြင်း(၁၉)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ချီတက်ဆန္ဒပြခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲအနိုင်ရခြင်း(19) နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ချီတက်ဆန္ဒပြခြင်းကိုဂျပန်နိုင်ငံတိုကျို ရွက်ပုန်းဂီးမှ ဟီဘီယ ပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ ကြသည်။ဂျပန်နိုင်ငံတွင်မြန်မာ့ဒီမိုကရေစီရေးရာလှုပ်ရှားသောအဖွဲ့ အစည်းပေါင်း၃၀ကျော်ရှိသော်လည်းအဖွဲ့ အားလုံးစုံညီစွာတက်ရောက်ခြင်းမရှိပေ...NLD ဂျပန်နိုင်ငံဌာနခွဲ မှ ဂျပန်နိုင်ငံခြားရေးရုံးသို့ အချက်၎ချက်ပါတောင်းဆိုလွှာကိုပေးပို့ ခဲ့ကြောင်းသိရသည်....
၎င်းအချက်များမှာ
၁)မတရားဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးဖို့ 
၂) ၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုတစ်နည်းနည်းနဲ့အကောင်အထည်ဖေါ်တဲ့လုပ်ငန်းတွေလုပ်ဆောင်လာအောင်ဂျပန်အစိုးရမှမြန်မာအစိုးရကိုတိုက်တွန်းပေးရန်
၃) ၂၀၀၈ ခုနှစ်အခြေခံဥပဒေကိုဒီမိုကရေစီစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့  ပြင်ဆင်ချက်တွေပြင်ဆင်ပေးဖို့ နိုင်ငံတစ်ကာကိုတိုက်တွန်းပေးရန်
၎) ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကိုဂျပန်အစိုးရမှလက်ပိုက်ကြည့်မနေဘဲ တရားမျှတအောင်ကူညီဆောင်ရွက်ပေးရန် တို့ ဖြစ်ပါတယ်
ခြုံငုံသုံးသပ်ချက်အရဆိုရင်တော့ ဂျပန်အစိုးရတင်မက နိုင်ငံတစ်ကာကပါ ပါဝင်ကြဖို့ သင့်နေပြီဖြစ်ပါတယ်
အာဖဂန် တို့ အီရန်တို့ အရေးလို ပဲ မြန်မာ့အရေးကိုလဲ နိုင်ငံတစ်ကာက လေးလေးနက်နက် ပါဝင်ဖို့ သင့်နေပါပြီ
ပြည်တွင်းမှမြန်မာလူမျိုးတွေဘယ်လိုပင်စိတ်ဓါတ်တက်ကြွစေကာမူ စစ်အစိုးရရဲ့ လက်မရွံ့ရက်စက်မှုကိုတော့ကျော်လွှားနိုင်မှာမဟုတ်ပါဘူး ဒါကြောင့်ငြိမ်းချမ်းစွာဆန္ဒပြတာကို ပါးစပ်နဲ့ ချီးမွမ်းနေမဲ့အစား လက်နက်ကိုင်အစိုးရကို လက်နက်နဲ့ နှိမ် နင်းပေးဖို့ အချိန်တန်ပါပြီ။ဒီလိုစစ်ဖြစ်လို့ သေရတာဟာစစ်အစိုးရရဲ့ လူ့ အခွင့်အရေးလုပ်ကြံ မှုကြီးကြောင့် ဘ၀သေရတာထက်မြတ်တယ်လို့ ယူဆပါတယ်.....ကဲ ကြယ်တွေမကြွေတော့ဘူးဟေ့ ကြွေခဲ့ရင်လဲမိုးပေါ်ပြန်ခုန်တက်ကြစို့ 

No comments: