DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Friday, May 1, 2009

မြန်မာနိုင်ငံရှေ့နေများကောင်စီအား မတရားအသင်းဖြစ်ကြောင်းကြေငြာချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

1.5.09
န.အ.ဖ ၏အမိန့်ကြေငြာစာအမှတ် - ၁/၂၀၀၉ အရ၂၀၀၉ ခုနှစ်၊ ဧပြီလ (၃၀) ရက် နေ့စွဲဖြင့် မြန်မာ နိုင်ငံရှေ့နေများကောင်စီအားမတရားအသင်းအဖြစ်ကြေငြာသည့်ကြေငြာချက်နှင့်စပ်လျဉ်း၍အောက်ပါအတိုင်း

ထုတ် ပြန်လိုက်သည်။



၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ကိုးကားထုတ်ပြန်သည့် ၁၉၀၈ ဒီဇင် ဘာ (၁၁) ရက်နေ့တွင်အတည်ပြုကျင့်သုံးခဲ့သော မတရားသင်းဥပဒေအရ တရားဝင်အစိုးရတရပ်ကသာလျှင် အသင်းအဖွဲ့တရပ်ရပ်ကို မတရားအသင်းအဖြစ်ကြေငြာခွင့်ရှိသည်။ အဆိုပါ မတရားသင်းဥပဒေ ပုဒ်မ-၁၆ အရကြေငြာချက်ထုတ်ခွင့်ရှိသူမှာနိုင်ငံတော်သမ္မတသာဖြစ်သည်။တရားဝင်အစိုးရလည်းမဟုတ်နိုင်ငံတော်သမ္မတ ကထုတ်ပြန်ခြင်းလည်းမဟုတ်၊တရားမ၀င်အာဏာသိမ်းစစ်အစိုးရကထုတ်ပြန်သောဤကြေငြာချက်သည်ဥပဒေ ကြောင်းအရ လုံးဝတရားမ၀င်ပါ။



၂။ မြန်မာနိုင်ငံရှေ့နေများကောင်စီသည်လည်းကောင်း၊ မြန်မာနိုင်ငံရှေ့နေများကောင်စီတွင်အဖွဲ့ ၀င်အဖြစ်ပါဝင်လုပ်ဆောင်နေကြသော ရှေ့နေကြီးများသည်လည်းကောင်း၊ ရုံးဌာနအသီးသီးတွင် တာဝန်ယူ လုပ်ဆောင် လျက်ရှိကြသော ၀န်ထမ်းများသည်လည်းကောင်း၊ မတရားသင်းဥပဒေနှင့် အကြုံးဝင်သည့် အကြမ်းဘက်သမားများမဟုတ်ကြ ပြစ်မှုကျူးလွန်သူများ မဟုတ်ကြ။ နိုင်ငံတကာ လူ့ အခွင့်အရေး ဥပဒေများ နှင့် အညီ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ စည်းပိုင်ခွင့်ကို အသုံးပြုလျှက် ငြိမ်းချမ်းသည့် နည်လမ်းများဖြင့် လူ့ အဖွဲ့  အစည်းပြောင်းလဲအောင် ဥပဒေရှုဒေါင့်မှ ကြိုးပမ်းနေကြသူများဖြစ်သည်။ ဥပဒေပြဌာန်းချက် နှင့် အကြုံးမ၀င်ဘဲ စွပ်စွဲသူများသည်သာ ဥပဒေကို တလွဲ အသုံးချသူများ၊ ဥပဒေ စိုးမိုးရေးကို ချိုးဖေါက်သူများ ဖြစ်သည်၊



၃။ မတရားသင်းဥပဒေပုဒ်မ-၁၆ အရ တရားဝင်အစိုးရတရပ်၏ နိုင်ငံတော်သမ္မတသည် ယင်း ဥပဒေပြဌာန်းချက်များနှင့် အကြုံးဝင်လျှင် အသင်းအဖွဲ့တခုကို မတရားသင်းကြေငြာခွင့်ရှိသည်။ သို့ ရာတွင် ယင်းဥပဒေအရပင် မတရားအသင်းအဖွဲ့တခုနှင့် ဆက်စပ်လျှက်ရှိသော အသင်းအဖွဲ့များကို မတရားသင်းအဖြစ် လုံးဝ ကြေငြာ ခွင့် မရှိပါ။



၎။ မြန်မာနိုင်ငံ ရှေ့ နေများကောင်စီနှင့် ဆက်နွယ်သည့် အဖွဲ့ အစည်းများကိုပါ မတရားအသင်း အဖြစ် ကြေငြာလိုက်ခြင်းသည် မြန်မာနိုင်ငံရှေ့နေများကောင်စီနှင့်လက်တွဲလုပ်ဆောင်လျက်ရှိသော နိုင်ငံ တကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ဥပဒေအဖွဲ့အစည်းများ၊ ငြိမ်းချမ်းမှု လွတ်လပ်မှု တရားမျှတမှု အတွက် ဦးတည်ကြိုးပမ်း လျက်ရှိသော အစိုးရများနှင့် နိုင်ငံခေါင်းဆောင်များ ကိုပါ ရာဇ၀တ်မှုကျူး လွန်သူများ ဖြစ်အောင် အကွက်ဆင် ဖန်တီးလိုက်ခြင်းဖြစ်သည်။



၅။ သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ ကိုလည်းကောင်း၊ မြန်မာနိုင်ငံရှေ့ နေများကောင်စီနှင့် ဆက်စပ်လျှက် ရှိသောအသင်းအဖွဲ့များကို လည်းကောင်း မတရားအသင်းအဖြစ် ကြေငြာခြင်းမှာ နိုင်ငံတကာ ဥပဒေအရလည်းကောင်း၊ ပြည်တွင်းဥပဒေအရလည်းကောင်း လုံးဝ (လုံးဝ) တရားဝင်မှုမရှိကြောင်း ကြေငြာလိုက်သည်။



မြန်မာနိုင်ငံရှေ့နေများကောင်စီ

အသေးစိတ်သိလိုပါလျှင်- ၁.၅.၂၀၀၉



ဦးအောင်ထူး

အထွေထွေအတွင်းရေးမှူး

မြန်မာနိုင်ငံရှေ့နေများကောင်စီ။

ဖုန်း- ၆၆(၀) ၈၁၅၃၃၀၆၀၅

No comments: