DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, November 17, 2008

အငြင်းပွားရေပိုင်နက်အတွင်း ရေနံ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှု ရပ်ဆိုင်းရန် ဘင်္ဂလားဒေ့ရှ်မှ တောင်းဆို

17 November 2008


အငြင်းပွားနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့်ရှ် ရေပိုင်နက်ကိစ္စကို နှစ်ဖက်စလုံးက သဘောတူဖြေရှင်းနိုင်ခြင်း မရှိခင်မှာ မြန်မာဘက်ကနေ အဲဒီ ဘင်္ဂလားပင်လယ်အော် ကမ်းလွန်ဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်တာတွေကို ရပ်တန့်ထားဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုထားပါတယ်။

အဲဒီဒေသမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အတွက် ရှာဖွေတိုင်းတာတာတွေနဲ့ တူးဖော်တာတွေကို မြန်မာနိုင်ငံဘက် က ရပ်ဆိုင်းထားသင့်တယ်လို့ ဘင်္ဂလားဒေ့်ရှ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အမ်အေကေ မာမွတ်က ပြောသွားပါတယ်။ အဲဒီနယ်မြေကို သူတို့ပိုင်ဆိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဆိုထားတာပါ။အခုလအစောပိုင်းက နှစ်ဖက် အပြန်အလှန်တင်းမာမှုတွေ ရှိခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြတာ အခုဆိုရင်နှစ်ရက်မြောက်သွားပါပြီ။ မြန်မာဘက်ကနေ ငှားရမ်းထားတဲ့ ဒေ၀ူးပိုင် ရေနံတူးဖော်ရေးသင်္ဘောတွေနဲ့ မြန်မာရေတပ်သင်္ဘောတွေကို ဘင်္ဂလားဒေ့ရှ်ရေတပ်ကနေ သတိပေးတာတွေ လုပ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် တင်းမာခဲ့ကြတာပါ။

မြန်မာအစိုးရဘက်ကတော့ ဒီပိုင်နက်ဟာ မြန်မာပိုင်နက်ဖြစ်တယ်လို့ အစိုးရထုတ်သတင်းစာတွေမှာ ကြေညာခဲ့ပြီး ရေနံရှာဖွေတူးဖော်မှု လုပ်ငန်း ပြီးဆုံးသွားလို့ သင်္ဘောတွေ ပြန်ရုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ အဲဒီဒေသမှာ သူတို့ရဲ့ စစ်သင်္ဘောတွေကို ဖြန့်ကြက်ချထားလိုက်သလို ကုန်းလမ်းနယ်စပ်မှာလည်း နှစ်ဖက်တပ်တွေ လုံခြုံရေး တိုးမြှင့်ခဲ့ပါတယ်။

1 comment:

LRDP said...

အလွမ်း ဓါတ်ခံ နှင့် အတန်း လစ်ပြန်သည့် မစ္စ နတ်သမီး
မမေ