DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Saturday, November 8, 2008

နှစ်နိုင်ငံ တင်းမာနေစဉ် စစ်တွေ၌ စစ်သင်္ဘော ၄ စီး ဆိုက်ကပ်ထား

သန်းထိုက်ဦး
သောကြာနေ့၊ နိုဝင်ဘာလ 07 2008 19:14 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေစဉ် ရခိုင်ပြည်နယ် မြို့တော် စစ်တွေရှိ ဆိပ်ခံတံတားအနီးတွင် မြန်မာ စစ်သင်္ဘော ၄ စီး ဆိုက်ကပ်ထားသည်ဟု မျက်မြင် သက်သေတဦး၏ ပြောပြချက်အရ သိရသည်။

စစ်တွေမြို့ အမှတ် (၁) ဆိပ်ခံ တံတားကြီးအနီး စစ်သင်္ဘော အမှတ် ၇၇၂ - ၅၇ - ၅၅၅ - ၅၅၄ တို့သည် ယခုလ ၂ ရက်နေ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် ပြဿနာဖြစ်ပြီး နောက်ရက်မှ စတင်ကာ ဆိုက်ကပ်လာခြင်း ဖြစ်သည်။

''အခုလ ၃ ရက်နေ့မှာ စစ်သင်္ဘော ၇၇၂ တစီးကိုပဲ တွေ့တယ်။ နောက်တရက်မှာ ၂ စီး ထပ်ရောက်တယ်။ ဒီနေ့ မနက် ၉ နာရီလောက်မှာ နောက်တစီး ရောက်တယ်။ စစ်တွေဆိပ်ကမ်းမှာ တခါမှ ဒီ စစ်သင်္ဘောတွေ မမြင်ဖူးဘူး။ တစီးမှ တခါမှ မမြင်ဖူးဘူး။ အခုမှ ကျနော် မြင်ဖူးတယ်'' ဟု စစ်တွေမြို့သား မျက်မြင်သက်သေက မဇ္ဈိမကို ပြောပြသည်။

စစ်တွေရှိ အမှတ် (၁၈) ရေတပ်စခန်းမှ တာဝန်ရှိသူများသည် စစ်သင်္ဘောရှိရာသို့ စစ်ကားများဖြင့် ခေါက်တုံ့ခေါက်ပြန် သွားလာနေသည်။

ယခုလို စစ်သင်္ဘောများသည် နှစ်နိုင်ငံကြား အငြင်းပွားနေသော ရေပြင်ပိုက်နက်ကိစ္စအတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ လုံခြုံရေး သတင်းရပ်ကွက်တခု အဆိုအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်း၏ တောင်ဘက် ကီလိုမီတာ ၅ဝ အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း ရေနံ အစမ်းတွင်း တူးဖော်သည့်ကိစ္စကို မြန်မာသံအမတ်ကြီးအား ဆင့်ခေါ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ်က ယခုလ ၂ ရက်နေ့က အပြင်းအထန် ကန့်ကွက်ခဲ့သည်။

ထို့နောက် ၄ ရက်ကြာ တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ အငြင်းပွားနေသော ဘင်္ဂလားပင်လယ်အော်အတွင်း ဓာတ်ငွေ့ရှာဖွေမှုများကို မရပ်တန့်နိုင်ကြောင်း မြန်မာနိုင်ငံက ငြင်းဆိုလိုက်သည်ဟု အစိုးရ ရုပ်မြင်သံကြား အစီအစဉ်တွင် ယမန်နေ့က ကြေညာခဲ့သည်။>

1 comment:

မဆုမွန် said...

သူတို့ ဘာဆက်လုပ်မှာလဲ http://news.asiaone.com/News/Latest%2BNews/Asia/Story/A1Story20081108-99225.html

အိမ်နီးချင်းတွေကရော
ငါတို့ မြေ ငါတို့ ရေ ငါတို့ သယံဇာတ ပစ္စည်းတွေကို အကုန် ခြစ်ကုတ် ညှစ်ထုတ်ပြီး ယူနေတာတွေလေ ရေနံတွေ သဘာဝ ဓာတ်ငွေ့ တွေ ဆိုတာတွေကရော ပိုက်ကြီး ပိုက်ငယ် အသွယ်သွယ်နဲ့ စုတ်ထုတ်နေတဲ့ သွေးစုတ်ဖုတ်ကောင်တွေ ကြောင့် ငါတို့ တိုင်းပြည်လေး မျော့မျော့သာ ကျန်တော့တယ် သွေးမရှိတော့ဘူး...
စစ်ပြင်ကြပြီဆိုပါစို့  တကယ်သွေးဆူတယ်...မြန်မာပြည်အတွက် မြန်မာပြည်သူတွေအတွက် တို့ တွေ ထိုင်ကြည့်နေကြဦးမှာလား..ဒီကောင်တွေကရော ပြည်သူတွေကို ကာဗာထုတ် ဂတုတ်ကျင်းလုပ်ပြီး တိုက်မှာလား...