DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, November 6, 2008

လှောင်ချိုင့်စံဘဝ

အလင်းမဲ့ အခန်းကျဉ်းထဲက

ငါ့ရဲ့စိတ်အစဉ်တွေ

ကျေးလက်မိခင်ရှိရာ အရပ်ဆီ

ရောက်ခဲ့ည အချိန်ကဆိုလေ

တပြိုက်ပြိုက်ချွေးရယ်နှင့်

နွားနှစ်ကောင်နှင့်ဖခင်

ဦးခေါင်းထက် နွမ်းပုဆိုးရယ်နဲ့

ကဇင်းရိုး နဘေး

ကညွတ်ချိုးတဲ့ ရုပ်လွာမိခင်

ပြီးတော့....ပလိုင်းတစ်လုံးရယ်နဲ့

ဂဏာန်းလုံးရှာတဲ့

ပါးကွက်ကြားနဲ့ ညီမငယ်လေး

ပြန်မြင်ယောင်ခဲ့ ညတွေဆိုလေ

စိတ်ကွယ်ရာ အရပ်ထဲ

တိတ်တခိုးလေး

ရွှေရင်ဆို့လို့ ငိုမိတယ်။ ။

အမေ့သား

1 comment:

Kaung Kin Ko said...

ဝမ်းနည်းစရာ ကဗျာလေးကို ခံစားသွားတယ် ညီမလေးရေ။