DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, November 11, 2008

ရဲခွေးများမွေးနေသည်။အားလုံးသတိရှိကြပါ

အဓိကရုဏ်းနှိမ်နင်းရန်အတွက် အရံရဲတပ်ဖွဲ့များဖွဲ့စည်း

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအားနိုင်နင်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားနည်းသည့်နေရာများတွင် အရံရဲတပ်ဖွဲ့ ကိုဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၅) အထကကျောင်းတွင်ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံး ဖြတ် ချက်ချ၍ယခုကဲ့သို့ အရံရဲများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖွဲ့စည်းလိုက်သည့် အရံရဲများကို မြို့နယ်အတွင်းရှိမီးသတ်တပ်ဖွဲ့ဝင်များမှ ရွေးချယ် ကာ သင်တန်း (၃) လတက်ရမည်ဖြစ်ပြီး
ပထမလတွင် သတင်းလိုက်ခြင်းပုံစံများကို သင်ကြား ပေးပြီး နောက်လများတွင်အဓိကရုဏ်းနှိမ်နင်းရေးများကို သင်ကြားပို့ချမည်ဖြစ် ကြောင်း မြို့ခံတဦးကပြောသည်။

"အစည်းဝေးမှာ ဆုံဖြတ်ချက်ချတာတွေက နံပတ်(၁) မြို့နယ်အတွင်းမှာ အရံရဲတွေအဆင်သင့် ထားရှိရန်၊ (၂) လုံခြုံရေးအရ မြို့နယ် တမြို့နယ်က ဥက္ကဌကတခြားမြို့နယ်ကို သက်ဆိုင်ရာ နယ်မြေလူကြီးတွေကို အသိပေးစရာမလိုဘဲရှောင်တခင် ဝင်ရောက် ရှာဖွေခွင့်ကို ပေးလိုက် တယ်" ဟု မြို့ခံတဦးကပြောသည်။

အဆိုပါ အရံရဲများအား သင်တန်းပြီးဆုံးပါကအရံရဲကဒ်ပြားများထုတ်ပေးမည်ဖြစ်ပြီး တလလျှင် လစာ (၃၀,၀၀၀) ကျပ်ပေးထားသည့် အပြင် အခြားအောက်ဆိုဒ်အဖြစ် လိုင်းကြေးငွေ တောင်းယူခွင့်များပါပေးထားကာ ၎င်းတို့၏အဓိကတာဝန်မှာ သတင်းအချက်အလက် စုဆောင်းပေးရန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကိုစောင့်ကြည့်ရန်ဖြစ်သည်။

"အဲဒီအရံရဲတွေကို ယူနီဖောင်းသတ်မှတ်ပေးတာတော့ မရှိသေးဘူး၊ သူတို့ကိုလုပ်ပိုင်ခွင့်တွေ တော်တော်တော့ ပေးထားတယ်၊ နောက် လက်ထိပ်တခု၊အိုင်ကွန်စကားပြောစက် တလုံးရယ် နံပါတ်တုတ်တချောင်းပါ ပေးထားတယ်" ဟုမြို့ခံက ဆက်ပြောသည်။

No comments: