DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Sunday, May 31, 2009

အဖြူရောင်နှင့် စံပယ်လှုပ်ရှားမှု

31.5.09
သူငယ်ချင်း တို.
၂၀၀၉ ခုနှစ် ဇွန်လ၂ရက် အင်္ဂါနေ့မှစပြီး ဗမာပြည်သူလူထု၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးရက် ဇွန် ၁၉ ရက်ထိ စံပါယ်ကန်ပိန်း နှင့် အဖြူရောင်ကန်ပိန်းများ ပြုလုပ်ကြပါရန် လူငယ်ထုမှ စတင်လှုံ့ဆော်လိုက်သည်။

တိုင်းပြည်ပေါ်မှာ ဖြူဖြူစင်စင်တန်ဖိုးထားပြီး ပြသနာတွေကို ဖြူစင်စွာဖြေရှင်းဖို့
ဗမာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။
အဲဒီအတွက်= အင်္ကျီအဖြူရောင်ဝတ်ပါ။

မတရားဖိနှိပ်ပြီး စံစားနေတာတွေ ဒီအချိန်မှာမဖြစ်သင့်တော့ဘူး။
မတရားအကျဉ်းကျ ခံစားနေရတာတွေကိုပစ်ပြီး တိုင်းပြည်နဲ့လူထုအကျပ်အတည်းများကို
ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးညှိနိုင်းအဖြေရှာပြီး ဖြေရှင်းဖို့
ဗမာပြည်သူလူထုတရပ်လုံးက လိုလားတောင်းတတယ်။
အဲဒီအတွက်= စံပယ်ပန်းပန်၊ ရင်ဘတ်မှာထိုးပါ။



အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး၊ စံပါယ်ပန်းတွေကိုပန်ကြဖို့

စံပါယ်ပန်းတွေကို ဘုရားမှာကပ်လှူပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့

ဆုတောင်းပွဲများ ပြုလုပ်ကြရန် အမှန်တရားလိုလားသောလူငယ်များမှမှ တိုက်တွန်းလိုက်သည်။

Read More...

Wednesday, May 27, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲအနိုင်ရခြင်း(၁၉)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ချီတက်ဆန္ဒပြခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရွေးကောက်ပွဲအနိုင်ရခြင်း(19) နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်ချီတက်ဆန္ဒပြခြင်းကိုဂျပန်နိုင်ငံတိုကျို ရွက်ပုန်းဂီးမှ ဟီဘီယ ပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ ကြသည်။ဂျပန်နိုင်ငံတွင်မြန်မာ့ဒီမိုကရေစီရေးရာလှုပ်ရှားသောအဖွဲ့ အစည်းပေါင်း၃၀ကျော်ရှိသော်လည်းအဖွဲ့ အားလုံးစုံညီစွာတက်ရောက်ခြင်းမရှိပေ...NLD ဂျပန်နိုင်ငံဌာနခွဲ မှ ဂျပန်နိုင်ငံခြားရေးရုံးသို့ အချက်၎ချက်ပါတောင်းဆိုလွှာကိုပေးပို့ ခဲ့ကြောင်းသိရသည်....
၎င်းအချက်များမှာ
၁)မတရားဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးဖို့ 
၂) ၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုတစ်နည်းနည်းနဲ့အကောင်အထည်ဖေါ်တဲ့လုပ်ငန်းတွေလုပ်ဆောင်လာအောင်ဂျပန်အစိုးရမှမြန်မာအစိုးရကိုတိုက်တွန်းပေးရန်
၃) ၂၀၀၈ ခုနှစ်အခြေခံဥပဒေကိုဒီမိုကရေစီစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့  ပြင်ဆင်ချက်တွေပြင်ဆင်ပေးဖို့ နိုင်ငံတစ်ကာကိုတိုက်တွန်းပေးရန်
၎) ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကိုဂျပန်အစိုးရမှလက်ပိုက်ကြည့်မနေဘဲ တရားမျှတအောင်ကူညီဆောင်ရွက်ပေးရန် တို့ ဖြစ်ပါတယ်
ခြုံငုံသုံးသပ်ချက်အရဆိုရင်တော့ ဂျပန်အစိုးရတင်မက နိုင်ငံတစ်ကာကပါ ပါဝင်ကြဖို့ သင့်နေပြီဖြစ်ပါတယ်
အာဖဂန် တို့ အီရန်တို့ အရေးလို ပဲ မြန်မာ့အရေးကိုလဲ နိုင်ငံတစ်ကာက လေးလေးနက်နက် ပါဝင်ဖို့ သင့်နေပါပြီ
ပြည်တွင်းမှမြန်မာလူမျိုးတွေဘယ်လိုပင်စိတ်ဓါတ်တက်ကြွစေကာမူ စစ်အစိုးရရဲ့ လက်မရွံ့ရက်စက်မှုကိုတော့ကျော်လွှားနိုင်မှာမဟုတ်ပါဘူး ဒါကြောင့်ငြိမ်းချမ်းစွာဆန္ဒပြတာကို ပါးစပ်နဲ့ ချီးမွမ်းနေမဲ့အစား လက်နက်ကိုင်အစိုးရကို လက်နက်နဲ့ နှိမ် နင်းပေးဖို့ အချိန်တန်ပါပြီ။ဒီလိုစစ်ဖြစ်လို့ သေရတာဟာစစ်အစိုးရရဲ့ လူ့ အခွင့်အရေးလုပ်ကြံ မှုကြီးကြောင့် ဘ၀သေရတာထက်မြတ်တယ်လို့ ယူဆပါတယ်.....ကဲ ကြယ်တွေမကြွေတော့ဘူးဟေ့ ကြွေခဲ့ရင်လဲမိုးပေါ်ပြန်ခုန်တက်ကြစို့ 

Read More...

ဂျပန်နိုင်ငံရောက်ကရင်အမျိုးသားကိုယ်စားလှယ်ဦးစောမျိုးခိုင်ရှင်း


27.5.2009 NLD ရွေးကောက်ပွဲအနိုင်ရခြင်း(၁၉)နှစ်ပြည့်နှစ်ပတ်လည်ချီတက်ဆန္ဒပြပွဲတွင်တက်ကြွစွာကြွေးကြော်ဆန္ဒပြနေသောဦးစောမျိုးခိုင်ရှင်း









ဦးစောမျိုးခိုင်ရှင်းနှင့် dream angel ရဲ့ Contributor တစ်ဦးဖြစ်သူ အောင်လင်းနိုင် ဂျပန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးရုံးရှေ့ တွင်အမှတ်တယ

အမှန်တစ်ကယ်ရိုးသားပြီးပွင့်လင်းတဲ့၊တိုင်းပြည်ကိုတစ်ကယ်ချစ်တဲ့၊လူမျိုးကိုတစ်ကယ်ချစ်တဲ့လူကြီးတစ်ယောက်ပါ....
အမျိုးသားရေးကိုတက်တက်ကြွကြွဆောင်ရွက်တတ်သူကရင်အမျိုးသားကြီးတစ်ယောက်ပါ....
သူဟာဂျပန်မှာအမျိုးသားရေးအတွက်ဆန္ဒပြပွဲတွေရှိတဲ့အခါပျက်ကွက်ခြင်းမရှိရှေ့ဆုံးမှဦးဆောင်ဆန္ဒပြပါတယ်.....ဆန္ဒပြပွဲပြီးတဲ့အခါအများသူငှာကိုင်ဆောင်ထားတဲ့ ဘုတ်တွေ ကိုင်ပြီးရထားမစီးဘဲ၂ ဘူတာလောက်ကိုလမ်းလျှောက်ပါတယ်...သူ ကိုယ်တိုင်အလုပ်သွားတဲ့အခါ တစ်ခြားသွားစရာရှိတဲ့ အခါ(ဥပမာ- လ၀က သွားတဲ့အခါ ရှီနာဂါဝါမှ လ၀ကရုံးအထိ ဘတ်စ်ကားမစီးဘဲ လမ်းလျှောက်ပါတယ်)လမ်းလျှောက်သွားလို့ ရမဲ့ လမ်းကို လမ်းလျှောက်သွားပါတယ်။အဲဒီလို အပင်ပန်းခံအနစ်နာခံပြီးsafe ဖြစ်လာတဲ့ပိုက်ဆံတွေကို ကိုယ်ရေးကိုယ်တာအတွက်သုံးတာမဟုတ်ဘဲ knu ကိုလှူတာပါပဲ။တိုင်းပြည်အတွက်လက်တွန့် ခြင်းမရှိလှူတာပါပဲ....
ဒါက ကျွန်တော်ရဲ့ personaly ဂုဏ်ပြုခြင်းပါ...
ကိုစောမျိုးခိုင်ရှင်းတစ်ယောက် စိတ်သွားတိုင်းကိုယ်ပါလို့  မှန်းရာပန်းတိုင်ထိလျှောက်လှမ်းနိုင်ပါစေကြောင်း
DREAM ANGEL အဖွဲ့ သားများမှ ဆုမွန်ကောင်းတောင်းလျှက်

Read More...

Tuesday, May 26, 2009

24.5.2009 let aung san suu kyi free part 1

၂၄.၅.၂၀၀၉ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားမတရားဖမ်းဆီးချင်းမှ လွှတ်ပေးရန် ဂျပန်ရောက်မြန်မာများက တိုကျို အဲဘိစု မြို့ မှ ဆန်းဒဂါရ အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။စစ်အစိုးရဧ။်ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ နိုင်ငံခြားသားဧည့်သည်ကို ၀င်ခွင့်ပေးသည်ဆိုသောလုပ်ကြံဇာတ်လမ်းကို ဂျပန်ရောက်မြန်မာပြည်သူတို့ ကသရုပ်ဖော်(performance)များလည်းပြုလုပ်ရှတ်ချခဲ့ကြသည်။


http://www.youtube.com/watch?v=_eqcxYn3IIs

Read More...

ဂျပန်ရောက်သီးလေးသီးအငြိမ့်ဖျော်ဖြေပွဲ

7.9.2008 sunday kokaido hall , ikebukuro tokyo (the second time of thee lay thee in japan)

ဂျပန်ရောက်သီးလေးသီးအငြိမ့်ဖျော်ဖြေပွဲ

သီးလေးသီးအဖွဲ့ ဂျပန်ရောက်ခြင်းမှာဒုတိယအကြိမ်ဖြစ်ပြီးပထမအကြိမ်လောက်ပရိတ်သတ်များခြင်းမရှိ....

ပျက်လုံးများမှာလဲသွယ်ဝိုက်သောပျက်လုံးမျိုးမဟုတ်ပဲတိုက်ရိုက်အသုံးအနှုန်းများအသုံးပြုသဖြင့်မှန်းထား

သလောက်ထိမိခြင်းမရှိ...

သို့ သော်မြန်မာနိုင်ငံလက်ရှိစစ်အစိုးရအပေါ် တိုက်ရိုက်နှိပ်ကွပ်ထားသဖြင့် သီးလေးသီးကျိုးပမ်းမှုကိုအသိအမှတ်ပြုကြပါသည်...

ယခုပွဲမှာ သီးလေးသီးဧ။်ဂိုဏ်ချုပ် ဇာဂနာ ထောင်သွင်းအကျဉ်းချခံထားရသဖြင့် ပျက်လုံးအဆန်းများ ထပ်မထုတ်နိုင် ဟုကောက်ချက်ချကြသည်။http://www.viddler.com/explore/TheeLayThee/videos/13/

Read More...

Sunday, May 24, 2009

25.5.2009 let free aung san suu kyi part 1

၂၄.၅.၂၀၀၉ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားမတရားဖမ်းဆီးချင်းမှ လွှတ်ပေးရန် ဂျပန်ရောက်မြန်မာများက တိုကျို အဲဘိစု မြို့ မှ ဆန်းဒဂါရ အထိ ချီတက်ဆန္ဒပြခဲ့ကြသည်။စစ်အစိုးရဧ။်ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ နိုင်ငံခြားသားဧည့်သည်ကို ၀င်ခွင့်ပေးသည်ဆိုသောလုပ်ကြံဇာတ်လမ်းကို ဂျပန်ရောက်မြန်မာပြည်သူတို့ ကသရုပ်ဖော်(performance)များလည်းပြုလုပ်ရှတ်ချခဲ့ကြသည်။

http://www.youtube.com/watch?v=_eqcxYn3IIs

Read More...

Saturday, May 23, 2009

ပြည်ပရောက်မြန်မာအမျိုးသားတို့ သင်တို့ ဧ။်စီ်းပွားများတစ်နေ့ တစ်ခြားတိုးပွားအောင်ကြိုးစား နေကြသကဲ့သို့ မြန်မာ့အရေးကိုလဲကြိုးစားကြပါ..ကူညီကြပါ....ပြည်ပရောက်မြန်မာအချင်းချင်း နှိပ်စက်ဖို့ ရန်ဖြစ်ဖို့ စဉ်းစားမနေကြပါနဲ့ အသိညဏ်ရှိကြပါ.....
နိုင်ငံတစ်ကာမှနိုင်ငံခေါင်းဆောင်များ မြန်မာ့အရေးကိုသာမညအရေးလောက်သာသဘောထားခြင်းမှာအဘယ့်ကြောင့်နည်း.....



ဤသို့ အော်ဟစ်နေရုံဖြင့်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းကိုအထောက်အပံ့ပြုနိုင်မည်လော.....


သည်သို့ ဤသို့ ဘုတ်ထောင်ဆန္ဒပြနေရုံဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရကလွတ်လပ်ခွင့်ပေးမည်လော.....
posted by aung lin naing

Read More...

Thursday, May 21, 2009

ရွှေဝါရောင်တော်လှန်ရေး ၁နှစ်ပြည့်အထိမ်းအမှတ် သီးလေးသီး အငြိမ့်ဖျော်ဖြေပွဲ




http://www.viddler.com/explore/TheeLayThee/videos/10/.........
ရွှေဝါရောင်တော်လှန်ရေးတစ်နှစ်ပြည့်အမှတ်တစ်ယဖျော်ဖြေပွဲကို ပရိတ်သတ်များအလွယ်တစ်ကူကြည့်ရှုနိုင်ရန်
link လုပ်ပေးထားပါသည်။
ရက်စက်သော ကြမ်းကြုတ်သော မတရားသော ဥပဒေကင်းမဲ့သော မြန်မာနိုင်ငံစစ်အစိုးရဧ။် လုပ်ရပ်များကို ထိထိမိမိ ထိုးနှက် ပျက်ရယ်ထားသော အငြိမ့် ....ရှုစားတော်မူ....
လေးစားလျှက်
အောင်လင်းနိုင်


Read More...

Wednesday, May 20, 2009

15.5.2009 voice for free aung san suu kyi part 2

Read More...

Tuesday, May 19, 2009

15.5.2009 voice for free aung san suu kyi part 1

15.5.2009 ဂျပန်နိုင်ငံ တိုကျို ရှီနာဂါဝါရှိ မြန်မာသံရုံးရှေ့ တွင် မြန်မာ့ဒီမိုကရေစီရေးရာလှုပ်ရှားသူများ မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မတပ်ဖမ်းဆီးထားခြင်းမှ လွှတ်ပေးရန် တောင်းဆို ဆန္ဒပြနေကြစဉ်..... ၄င်း တောင်းဆိုမှုကို ယခုအပတ် ကြာသာပတေး 22.5.2009 အထိ မြန်မာအခွန်ရုံးများရှေ့ တွင်တောင်းဆို ဆန္ဒပြမှုများကိုပြုလုပ်သွားမည်ဟုသိရသည်။ ယနေ့  20.5.2009 အင်္ဂါနေ့ အထိ အကြောင်းတစ်စုံတစ်ရာ ထူးခြားခြင်းမရှိ.... မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှလည်းမည်သည့် တိကျသည့်သတင်းမျှထုတ်ပြန်ခြင်းမရှိသေး.... နိုင်ငံတစ်ကာအစိုးရများမှ ၀ိုင်းဝန်ကူညီကြရန်တောင်းဆို......

Read More...

Sunday, May 10, 2009

၂၀၀၉ နိုင်ငံရေး အပြောင်းအလဲများနှင့် ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ သဘောထား

၂၀၀၉ နိုင်ငံရေး အပြောင်းအလဲများနှင့်

၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ သဘောထား

နေ့စွဲ- ရ-၅-၂၀၀၉

စာအမှတ် -စကလ/လစဖ/၀၆/၀၉

၂၀၀၉စုစည်းလှုပ်ရှားမှုကော်မတီ ပေါ်ပေါက်လာရခြင်း

တကမ္ဘာလုံး တုန်လှုပ်သွားစေသည့် သံဃာတော်များ ဦးဆောင်သော ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီး၏ နောက်ပိုင်းတွင် နိုင်ငံရေးအရ ဆက်လက်လှုံဆော် ဦးဆောင်မှုများ အားနည်းခဲ့ခြင်း၊ ၂၀၀၈ ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် နစ်နာဆုံးရှုံးခဲ့ရသော ပြည်သူများအရေးကို နအဖမှ လျှစ်လျှူရှု၍ နိုင်ငံတကာ အကူအညီများကို တွင်တွင် ငြင်းဆန်နေချိန်၊ ပြည်ပနိုင်ငံများမှ ဒုက္ခသည်များ အရေးအတွက် တင်းတင်းမာမာ တောင်းဆိုနေသည့် အချိန်တွင် ပြည်ပရှိ ဒီမိုကရေစီ အတိုက်အခံများမှ အတိဒုက္ခရောက်နေသော ပြည်သူများအတွက် ထိရောက် ဆီလျှော်သော အရေးဆို လှုပ်ရှားမှုများကို အချိန်အခါနှင့် လျှော်ညီစွာ မပြုလုပ်နိုင်ပဲ ဖြစ်ခဲ့ရခြင်း စသော အခြေအနေများကို ပြန်လည်သုံးသပ်ကြည့်လျှင် ထင်ရှားစွာ တွေ့ရမည် ဖြစ်ပါသည်။

အထူးအရေးကြီးသော အချက်မှာ ပြည်သူလူထုတရပ်လုံးကို နောက်ထပ် နှစ်ပေါင်းများစွာ စစ်ကျွန်ပြုမည့် နာဂစ်အခြေခံ ဥပဒေကို မဲလိမ်ပြီး အတည်ပြုသည့် ကိစ္စမှစ၍ လာမည့် ၂၀၁၀တွင် ထိုစစ်ကျွန် အခြေခံဥပဒေကို အခြေခံ၍ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေငြာသည့် အချက်အပေါ် ပြည်သူလူထုများအား ရှင်းလင်းစွာ အသိပေးမှု၊ ထိရောက်သော တုန့်ပြန်ဆောင်ရွက်မှုများ ထွက်ပေါ်မလာသည့် အချက်များအပေါ် မူတည်၍ နိုင်ငံရေး လိုအပ်ချက်အရ ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီကို တသီးပုဂ္ဂလ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈မျိုးဆက် ကျောင်းသားဟောင်းများ၊ သံဃာတော်များ၊ ပြည်ပနိုင်ငံ အသီးသီးရောက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများ၊ ပြည်တွင်းရှိ တက်ကြွလှုပ်ရှားသူများ၏ တူညီသော သဘောဆန္ဒ များဖြင့် ကြေငြာချက်အမှတ် ၁/၂၀၀၉ ဖြင့် ခိုင်မာစွာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ၏ အဓိက ရည်မှန်းချက်မှာ ထိုအလိမ်အညာ ဖွဲ့စည်းပုံကို ခုတုံးလုပ်ကာ ပြည်သူလူထုကို စစ်ကျွန်ပြုမည့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို မည်သည့် နည်းဖြင့်မဆို တိုက်ဖျက်တားဆီး သွားရန် ဖြစ်ပါသည်။

ထိုအတွက် လုပ်ဆောင်နိုင်သမျှ နည်းလမ်းများကို ချမှတ်ထားပြီး ဖြစ်သလို မည်သည့် အချက်များကြောင့် ထို ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ရသည် ဆိုသည်ကိုလဲ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ ရှေ့ပိုင်း ထုတ်ပြန်ချက်များတွင် ရှင်းလင်းစွာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

NLD ၏ရွှေဂုံတိုင် ကြေငြာစာတမ်းအပေါ် CAC ၏အမြင်

၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုများ၏ တခဲနက်မဲဆန္ဒများအရ အပြတ် အသတ် တရားဝင် အနိုင်ရခဲ့သည့် အနိုင်ရပါတီ NLD က ယခုလ ၂၈၊ ၂၉ ရက်နေ့ များတွင် ကျင်းပပြုလုပ်ခဲ့သော စုံညီအစည်းအဝေးမှ ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေငြာစာတမ်း၏ တောင်းဆိုချက်များသည် ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီက တင်ပြခဲ့ပြီးဖြစ်သော နအဖတို့ ဆောင်ရွက်နေသည့် တရားမျှတမှုမရှိသည့် အချက်များကို ထင်ရှားစွာ မီးမောင်း ထိုး ထုတ်ဖေါ်ပြသခဲ့ခြင်း ဖြစ်၍ ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီက အလေးအနက် ထောက်ခံ ကြိုဆိုပါကြောင်း ရှေးဦးစွာတင်ပြလိုပါသည်။

ထိုတောင်းဆိုချက်များသည် စစ်မှန်သော ဒီမိုကရေစီ ဖေါ်ဆောင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တန်းတူညီမျှသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာနိုင် ရေးအတွက် မရှိမဖြစ် အခြေခံမူများ ဖြစ်သည်ဟုလည်း ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ အလေးအနက်ယုံကြည်ပါသည်။

သို့ဖြစ်ပါ၍ နအဖတို့ အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူလူထုများ၊ အတိုက်အခံ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများမှ အသိအမှတ်ပြု လက်ခံ စေလိုလျှင် ပြည်သူလူထုက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဖြင့် ရွေးကောက်ထားသော လူထုကိုယ်စားပြုပါတီ NLD၏ စုံညီအစည်းအဝေးမှ တောင်းဆိုခဲ့သော အချက်အလက် များအပေါ် အလေးအနက် ထား၍ NLDနှင့် တွေ့ဆုံညှိနှိုင်းရန်မှ အပ အခြားနည်းလမ်း မရှိကြောင်း အလေးအနက် ပြောလိုပါသည်။

အတိုက်အခံ အင်အားစုများသို့ ပန်ကြားချက်

အတိုက်အခံ ဒီမိုကရေစီ အင်အားစုများကို မေတ္တာရပ်ခံလိုသည်မှာ NLDသည် ပြည်သူ လူထု တရပ်လုံးက တခဲနက် မဲပေးထောက်ခံခဲ့သော အနိုင်ရပါတီ ဖြစ်သော်လည်း စစ်မှန်သော ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲ ဖေါ်ဆောင်ရေး လုပ်ငန်းများတွင် NLD ပါတီ တခုတည်းတွင်သာ တာဝန်ရှိသည် မဟုတ်ပဲ အတိုက်အခံ အင်အားစုများအားလုံး၊ တိုင်းရင်းသား လူမျိုးစုများ အားလုံး မြန်မာနိုင်ငံသားများ အားလုံးတွင် တာဝန်ရှိသည်ဟု ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ တင်ပြလိုပါသည်။

ထိုသို့ တိုက်ပွဲဝင်ဆောင်ရွက်နေသည့် NLD ၏လှုပ်ရှားမှုများကို ဝိုင်းဝန်း ထောက်ခံကြရန် လိုအပ်သလို နအဖ စစ်အာဏာရှင်များမှ ထိုလမ်းကြောင်းကို လက်ခံလာစေရန် အတွက် ဘက်ပေါင်းစုံမှ ဆက်လက်ဖိအားပေး တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းတို့တွင် မည်သည့် စစ်အာဏာရှင်မှ အခက်အခဲ အကြပ်အတည်းဖြင့် ရင်မဆိုင်ရပဲနှင့် မိမိတို့ ရရှိထားသော အာဏာကို အလွယ်တကူ လက်လျှော့ စွန့်လွှတ်သွားခဲ့ခြင်း မရှိသည်ကို ၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီက ထောက်ပြ လိုပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ကိုမင်းကိုနိုင်၊ ဦးဝင်းတင်၊ NLD ပါတီ(သို့) တိုင်းရင်းသား လူမျိုးစု အတိုက်အခံ အဖွဲ့အစည်း တခုခုတွင်သာ တာဝန်ရှိသည် မဟုတ်ပဲ ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး၊ အတိုက်အခံ အဖွဲ့အစည်းများအားလုံး သာမက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဘိုးထားကြသူ ကမ္ဘာ့လူ့အသိုင်းအဝိုင်းများ အားလုံး တွင်ပါ တာဝန်ရှိပါသည်။

အားလုံးမှ မိမိတို့ တာဝန်ရှိသည်ဟု ယုံကြည် ခံယူသည့်အတိုင်း မဆုတ်မနစ် ဆက်လက် ဆောင်ရွက်ပါမှ သန်း၅၀ကျော်သော မြန်မာပြည်သူလူထုများဘဝ အေးချမ်းသာယာမှု ရကြမည် ဖြစ်ပါသည်။

ထို့ကြောင့် နအဖတို့မှ NLD ၏ရွှေဂုံတိုင် ကြေငြာစာတမ်းပါ တောင်းဆိုချက်များကို လိုက်လျှော လက်ခံလာသည်အထိ ဆက်လက် ဖိအားပေး ဆောင်ရွက် ကြပါရန်နှင့် NLDပါတီ တခုတည်းအပေါ် ထိုတာဝန်များကို ပုံချမထားရန် တင်ပြလိုပါသည်။

မျိုးချစ် တပ်မတော်သားများသို့ ပန်ကြားချက်

တိုင်းပြည်ကို အမှန်တကယ်ချစ်၍ တပ်မတော်တွင်းကို ဝင်ရောက်လာခဲ့ကြသော တပ်မတော် အရာရှိ ကြီးငယ်များ၊ တပ်မတော်သားများကိုလည်း ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီမှ ပြောကြားလိုသည်မှာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုများမှစ၍ ဖြစ်တည် လာခဲ့သော၊ သမိုင်းအစဉ်အလာ ကြီးမားခဲ့သော မြန်မာ့တပ်မတော်ကြီးကို အာဏာရှုး တစုကြောင့် အသရေ ညိုးနွမ်းကာ ရဟန်းရှင်လူ ပြည်သူလူထုတို့ကို သတ်ဖြတ်ဖိနှိပ်သော စစ်တပ်အဖြစ် မြန်မာပြည်သူလူထုနှင့် ကမ္ဘာ့အသိုင်းအဝိုင်း၏ တံ့တွေးခွက်တွင် ပက်လက် မြောနေရသော အဖြစ်မှ ကယ်တင်နိုင်သော၊ အသရေဆည်နိုင်သော အခွင့်အရေးသည် လည်းကောင်း၊ သင်ကိုယ်တိုင်နှင့် သင့်ဆွေစဉ်မျိုးဆက်များ မြန်မာ့သမိုင်းတွင် ကမ္ဗည်း တင်နိုင်သော အခွင့်အရေးသည် လည်းကောင်း သင်တို့၏လက်တွင် ရှိနေပါသည် ဟူ၍ ဖြစ်ပါသည်။

လွယ်ကူစွာ လုပ်ဆောင်နိုင်သည့် အချက်တခုမှာ သင်နှင့် သင်ဦးဆောင်သော တပ်မတော် သားများသည် ပြည်သူလူထုကို မနှိပ်စက်ရန်နှင့် ပြည်သူလူထုများ၏ အကျိုးအတွက် သင်တို့တတ်နိုင်သမျှ ဆောင်ရွက်ပေးရန် (သို့မဟုတ်) ဒီမိုကရေစီ အင်အားစုများ၏ လှုပ်ရှားမှုများတွင် သင်တို့ တတ်နိုင်သော အတိုင်းအတာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် သာဖြစ်ပါသည်။

CAC ၏ ရှေ့လုပ်ငန်းစဉ်

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီအနေဖြင့် NLD၏ ရွှေဂုံတိုင် ကြေငြာစာတမ်းမှ တောင်းဆိုခဲ့သော အချက်များအပေါ် နအဖမှ မြင်သာ ထင်သာသော ပြုပြင်ပြောင်းလဲ လိုက်လျှောမှုများ ပေါ်ထွက်လာခြင်း မရှိသေးသမျှ မိမိတို့ မူလ ချမှတ်ခဲ့သည့် အတိုင်း ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို အပြီးတိုင် ရိုက်ချိုး ဖျက်ဆီးရေးဆိုသည့် လမ်းကြောင်းကို ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့

၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ

Read More...

Tuesday, May 5, 2009

သံဃာတော်များအားလုံးမေတ္တာပို့လမ်းလျှောက်ချီတက်ဆန္ဒပြမည် ပြည်သူအားလုံးတက်ညီလက်ညီပါဝင်ဆင်နွှဲကြ----------

5.5.09
သံဃာတော်အရှင်သူမြတ်များဘုရား-----------------

ယနေ့ အချိန်သည် သံဃာတော်များအချင်းချင်းသွေးစည်းညီညွတ်ရမည့်အချိန်

ဖြစ်ပါသည်။န.အ.ဖ စစ်အစိုးရသည် ၁၉၉၀ ပြည့်ဆရာတော်ကြီးများကိုယ်တိုင်ဦးဆောင်၍ပြု

လုပ်သောသပိတ်မှောက်ပွဲကိုအတင်းအဓမ္မစစ်အာဏာသုံးကာဖမ်းဆီးသက်ဖြတ်ထောင်ချနှိပ်

စက်ခဲ့ကြပါသည်။ထိုပထမသပိတ်လည်း ယခုထိမလှန်ရသေးပါ။၂၀၀၇ခုနှစ်၊စက်တင်ဘာလ

ပခုက္ကူသံဃာတော်များကိုဖမ်းဆီးနှိပ်စက်သက်ဖြတ်ခဲ့သည့်အတွက်သံဃာတော်များအားလုံး

စုပေါင်း၍ဒုတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကမ္မဝါစာဖတ်ကာသပိတ်ဆင်နွှဲခဲ့ကြပါသည်။ဒါကို န. အ

ဖ စစ်အစိုးရသည်မတောင်းပန်သည့်အပြင်သက်ဖြတ်ရိုက်နှက်ညှင်းဆဲထောင်ချထားခဲ့ပါသည်။

ထိုသပိတ်လည်းယခုထိမလှန်ရသေးပါ။ဒီလိုသာဆက်လက်အညံ့ခံကြမည်ဆိုလျှင် တပည့်တော်တို့ရဲ့မြတ်စွာဘုရားသာသနာပျောက်ကွယ်သွားနိုင်ပါသည်ဘုရား။ဒါကြောင့်န. အ.ဖ စစ်အစိုးရသည်လာမည့်စက်တင်ဘာလ၁၇.၉.၂၀၀၉နေ့ ကိုနောက်ဆုံးထား၍ဖမ်းဆီးထားသောသံဃာတော်များအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရမည်။

န.အ.ဖ စစ်အစိုးရသည်သံဃာတော်များအပေါ်ယခုကဲ့သို့ ဖမ်းဆီးထောင်ချသတ်ဖြတ်နှိပ်စက် ပြုမူထားခြင်းကိုမှားယွင်းကြောင်းဝန်ချတောင်းပန်ရမည်-----------

ထိုတောင်းဆိုသောအချက်နှစ်ချက်ကို မလိုက်နာပါက ၁၈.၉.၂၀၀၉ ရက်နေ့ မှ

စကာ ပတ္တနိက္ကုဇ္ဇန ကမ္မဝါရွတ်ဖတ်ကာ တတိယအကြိမ်အဆုံးသက်တိုက်ပွဲဆင်နွှဲမည်။

မိမိသည်သံဃာစစ်သံဃာမှန်ရင်သံဃာအချင်းချင်းသွေးစည်းညီညွတ်သောအားဖြင့်တတိုင်း

ပြည်လုံးတကမ္ဘာလုံးရှိ သံဃာတော်များပူးပေါင်းပါဝင်ဆင်နွှဲကြပါ။မပါသောသူကိုသံဃာအဖြစ်

မှပကာသနီယကံပြုကာကျဉ်ဖယ်ပြစ်ကြမည်။န.အ.ဖအလိုတော်ရိသံဃာတော်များကိုပစ္စည်း

လေးပါးလှူဒါန်းခြင်းမပြုကြပါရန်မေတ္တာရပ်ပါသည်။

ပြည်သူပြည်သားများအားလုံး မိမိတို့ ကိုးကွယ်ဆည်းကပ်နေသော ဗုဒ္ဓသာသနာ

မကွယ်ပျောက်လိုလျှင် မိမိတို့ ကိုးကွယ်နေသောသံဃာတော်များကိုအသက်ပေးကာကွယ်ကြ

ပါ။တတိုင်းပြည်လုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန်ဝိုင်းဝန်းတွန်းလှန်အောင်ပွှဲဆင်နွှဲကြ

ပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ နှင့် သံဃာ့သာမဂ္ဂီအဖွဲ့ 

Read More...

Friday, May 1, 2009

မြန်မာနိုင်ငံရှေ့နေများကောင်စီအား မတရားအသင်းဖြစ်ကြောင်းကြေငြာချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်

1.5.09
န.အ.ဖ ၏အမိန့်ကြေငြာစာအမှတ် - ၁/၂၀၀၉ အရ၂၀၀၉ ခုနှစ်၊ ဧပြီလ (၃၀) ရက် နေ့စွဲဖြင့် မြန်မာ နိုင်ငံရှေ့နေများကောင်စီအားမတရားအသင်းအဖြစ်ကြေငြာသည့်ကြေငြာချက်နှင့်စပ်လျဉ်း၍အောက်ပါအတိုင်း

ထုတ် ပြန်လိုက်သည်။



၁။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ကိုးကားထုတ်ပြန်သည့် ၁၉၀၈ ဒီဇင် ဘာ (၁၁) ရက်နေ့တွင်အတည်ပြုကျင့်သုံးခဲ့သော မတရားသင်းဥပဒေအရ တရားဝင်အစိုးရတရပ်ကသာလျှင် အသင်းအဖွဲ့တရပ်ရပ်ကို မတရားအသင်းအဖြစ်ကြေငြာခွင့်ရှိသည်။ အဆိုပါ မတရားသင်းဥပဒေ ပုဒ်မ-၁၆ အရကြေငြာချက်ထုတ်ခွင့်ရှိသူမှာနိုင်ငံတော်သမ္မတသာဖြစ်သည်။တရားဝင်အစိုးရလည်းမဟုတ်နိုင်ငံတော်သမ္မတ ကထုတ်ပြန်ခြင်းလည်းမဟုတ်၊တရားမ၀င်အာဏာသိမ်းစစ်အစိုးရကထုတ်ပြန်သောဤကြေငြာချက်သည်ဥပဒေ ကြောင်းအရ လုံးဝတရားမ၀င်ပါ။



၂။ မြန်မာနိုင်ငံရှေ့နေများကောင်စီသည်လည်းကောင်း၊ မြန်မာနိုင်ငံရှေ့နေများကောင်စီတွင်အဖွဲ့ ၀င်အဖြစ်ပါဝင်လုပ်ဆောင်နေကြသော ရှေ့နေကြီးများသည်လည်းကောင်း၊ ရုံးဌာနအသီးသီးတွင် တာဝန်ယူ လုပ်ဆောင် လျက်ရှိကြသော ၀န်ထမ်းများသည်လည်းကောင်း၊ မတရားသင်းဥပဒေနှင့် အကြုံးဝင်သည့် အကြမ်းဘက်သမားများမဟုတ်ကြ ပြစ်မှုကျူးလွန်သူများ မဟုတ်ကြ။ နိုင်ငံတကာ လူ့ အခွင့်အရေး ဥပဒေများ နှင့် အညီ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့ စည်းပိုင်ခွင့်ကို အသုံးပြုလျှက် ငြိမ်းချမ်းသည့် နည်လမ်းများဖြင့် လူ့ အဖွဲ့  အစည်းပြောင်းလဲအောင် ဥပဒေရှုဒေါင့်မှ ကြိုးပမ်းနေကြသူများဖြစ်သည်။ ဥပဒေပြဌာန်းချက် နှင့် အကြုံးမ၀င်ဘဲ စွပ်စွဲသူများသည်သာ ဥပဒေကို တလွဲ အသုံးချသူများ၊ ဥပဒေ စိုးမိုးရေးကို ချိုးဖေါက်သူများ ဖြစ်သည်၊



၃။ မတရားသင်းဥပဒေပုဒ်မ-၁၆ အရ တရားဝင်အစိုးရတရပ်၏ နိုင်ငံတော်သမ္မတသည် ယင်း ဥပဒေပြဌာန်းချက်များနှင့် အကြုံးဝင်လျှင် အသင်းအဖွဲ့တခုကို မတရားသင်းကြေငြာခွင့်ရှိသည်။ သို့ ရာတွင် ယင်းဥပဒေအရပင် မတရားအသင်းအဖွဲ့တခုနှင့် ဆက်စပ်လျှက်ရှိသော အသင်းအဖွဲ့များကို မတရားသင်းအဖြစ် လုံးဝ ကြေငြာ ခွင့် မရှိပါ။



၎။ မြန်မာနိုင်ငံ ရှေ့ နေများကောင်စီနှင့် ဆက်နွယ်သည့် အဖွဲ့ အစည်းများကိုပါ မတရားအသင်း အဖြစ် ကြေငြာလိုက်ခြင်းသည် မြန်မာနိုင်ငံရှေ့နေများကောင်စီနှင့်လက်တွဲလုပ်ဆောင်လျက်ရှိသော နိုင်ငံ တကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ဥပဒေအဖွဲ့အစည်းများ၊ ငြိမ်းချမ်းမှု လွတ်လပ်မှု တရားမျှတမှု အတွက် ဦးတည်ကြိုးပမ်း လျက်ရှိသော အစိုးရများနှင့် နိုင်ငံခေါင်းဆောင်များ ကိုပါ ရာဇ၀တ်မှုကျူး လွန်သူများ ဖြစ်အောင် အကွက်ဆင် ဖန်တီးလိုက်ခြင်းဖြစ်သည်။



၅။ သို့ဖြစ်သောကြောင့် မြန်မာနိုင်ငံ ရှေ့ နေများကောင်စီ ကိုလည်းကောင်း၊ မြန်မာနိုင်ငံရှေ့ နေများကောင်စီနှင့် ဆက်စပ်လျှက် ရှိသောအသင်းအဖွဲ့များကို လည်းကောင်း မတရားအသင်းအဖြစ် ကြေငြာခြင်းမှာ နိုင်ငံတကာ ဥပဒေအရလည်းကောင်း၊ ပြည်တွင်းဥပဒေအရလည်းကောင်း လုံးဝ (လုံးဝ) တရားဝင်မှုမရှိကြောင်း ကြေငြာလိုက်သည်။



မြန်မာနိုင်ငံရှေ့နေများကောင်စီ

အသေးစိတ်သိလိုပါလျှင်- ၁.၅.၂၀၀၉



ဦးအောင်ထူး

အထွေထွေအတွင်းရေးမှူး

မြန်မာနိုင်ငံရှေ့နေများကောင်စီ။

ဖုန်း- ၆၆(၀) ၈၁၅၃၃၀၆၀၅

Read More...