DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Monday, November 14, 2011

Dr.KYAW THU


မြန်မာနိုင်ငံတစ်ခွင် ဘုရားသခင်၏ သာသနာတော်အလင်းတွင် လူမျိုးမရွေး၊ ဂိုဏ်းကဏမရွေး တပည့်တော်အချင်းချင်းကူညီထောက်ပံ့အားပေးရန်၊ သာယာရွှင်လန်းစွာ ၀တ်ပြုနိုင်ရေးကိုရည်ရွယ်လျက် မြန်မာအစီအစဉ်ကိုဧမာနွေလနှစ်ခြင်းအသင်းတော်၌ စတင်ခဲ့ရာယနေ့ ၁၃.၁၁.၂၀၁၁ ရက်နေ့တွင် (၂၁) နှစ်မြောက် နေ့ကောင်းနေ့မြတ် တစ်ရက်ဖြစ်သည်။ ထို (၂၁)နှစ်မြောက် မဟာဓမ္မသဘင်ပွဲကိုအမှတ် (၄၁၁)၊ မဟာဗန္ဓုလလမ်း၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာဧည့်ပရိသတ်ပေါင်းများစွာဖြင့် ဧမာနွေလနှစ်ခြင်းအသင်းတော် အဆောက်အဦးတစ်ခုလုံး ပြည့်လျှံသွားတော့သည်။



ယင်းအခမ်းအနားတွင် Doctor of Divinity (D.D) ဘွဲ့အားSayamagyiDaw May MayKhin, Doctor of Humane Social Services (D.H.S.S) ဘွဲ့အားU Kyaw Thu @ Kyaw Win (Free Funeral Service Society – Yangon), Master of Humane Social Services (M.H.S.S) ဘွဲ့အားDaw Peggy Gyaw၊ Daw Maw Maw @ La Min Aein (ဆရာချစ်စံဝင်း၏ ဇနီး),Daw Rowena Hein, DawMyintMyintKhinPe @ Shwe Zee Kwet တို့အားသိက္ခာတော်ရသင်းအုပ်ဆရာတော်ကြီးRev.Dr.Paul F. Johns မှ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဧမာနွေလနှစ်ခြင်းအသင်းတော်ကြီး၏ သိက္ခာတော်ရဆရာတော်ကြီးဦးပေါလ်အက်(ဖ်)ဂျွန်(စ်)သည် ဦးကျော်သူအားဒေါက်တာဘွဲ့ (D.H.S.S – Doctor of Humane Social Services)ဘွဲ့ချီးမြှင့်ရခြင်းအကြောင်းရင်းအား “ဦးကျော်သူကိုဖာသာတို့ကဂုဏ်ထူးဆောင်ဘွဲ့ပေးအပ် ရတဲ့ အကြောင်းရင်းကဘာလဲဆိုရင် ဦးကျော်သူကလူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ဦးကျော်သူကိုပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာဘုရားသခင်ကလူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့ လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးကဘုရားသခင်ရဲ့ အလုပ်ကိုလုပ်တာနဲ့ အတူတူပါပဲ။ သေခြင်းတရားတွေ့မှဘဲလူတွေကမျက်ရည်ကျတာများတယ်လေ။ ဦးကျော်သူကအဲဒီလိုလူတွေကိုမျက်ရည်သုတ်ပေးတာကတစ်ကြောင်း၊ ဆင်းရဲချမ်းသာမရွေး မှန်အခေါင်းလေးနဲ့ အသုဘပို့ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့ အလုပ်ကိုကျော်သူကလုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရဒီဘွဲ့ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်။” ဟူ၍၄င်း၊ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား (M.H.S.S – Master of Humane Social Services)ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ “ခင်ပွန်းဖြစ်သူနှင့်အတူလူမှုရေးလုပ်ငန်းများကိုမောင်တစ်ထမ်းမယ်တစ်ရွက် တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်။” ဟူ၍ ပြောကြားခဲ့ပြီးနောက် ဘွဲ့များအားအသီးသီးချီးမြှင့်ပေးခဲ့သည်။



ဦးကျော်သူမှ ဘွဲ့ချီးမြှင့်ခံရပြီးသည့်နောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊ အံ့သြရခြင်းမှာမိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့ ချီးမြှင့်ခံရခြင်းမရှိဘဲမိမိတို့နှင့် ဘာသာမတူသောခရစ်ယာန်အဖွဲ့မှချီးမြှင့်ပေးသည့်အတွက် အံသြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိဤဘွဲ့အားရရှိခြင်းမှာမိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်မှုကြောင်း၊ နိုင်ငံတော်အစိုးရအားမိမိတို့ တစ်ဖက်တစ်လမ်းလူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ၊ နယ်စပ် ဒေသများရှိ စစ်ပွဲများကိုလည်းအမြန်ဆုံးရပ်ဆိုင်းခွင့်ရရှိကာယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံးလွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ” ဟူ၍ ပြောကြားသွားခဲ့သည်။ ထိုအတူဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှလည်း “ယခုကဲ့သို့ ဘွဲ့ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါကြောင်း၊ မိမိတို့လိုဘာသာခြားကိုမုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျွန်မကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည် နိုင်ငံတော်တွင် အထူးလိုအပ်နေသောတိုင်းရင်းသားစည်းလုံးညီညွတ်ရေးမှာဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကိုအမြန်ဆုံးစည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့ ကျွန်မဆုတောင်းပေးပါတယ်။” ဟူ၍ ပြောကြားခဲ့သည်။ ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများမှ ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင်နှင့် မွေးနေ့အထူးဖယောင်းတိုင်များထွန်းငြိ၍ ဆုတောင်းခြင်း၊ ပရိသတ်များမှ ဓမ္မသီချင်းများသီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့် UBS အဖွဲ့မှ ဓမ္မတေးများသီဆိုဖျော်ဖြေခဲ့ကြကာအခမ်းအနားအားအောင်မြင်စွာဖြင့် ပြီးဆုံးသွားခဲ့သည်။



အထက်ဖော်ပြပါ ဘွဲ့များကို IMMANUEL THEOLOGICAL INSTITUTE (ပင်မကျောင်းတော်ကြီး)၊ UNION BIBLICAL SEMINARY (ရန်ကုန်)၊ INTERNATIONAL SCHOOL OF THEOLOGY (ဘန်ကောက်)၊ ONLINE BIBLE COLLEGE INTERNATIONAL (သြစတြေးလျ)တို့မှ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းဖြစ်သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပေးဆပ်မှုဆောင်ပုဒ်အတိုင်းလူမျိုးဘာသာမခြားဆင်းရဲချမ်းသာမရွေးတို့အားပေးဆပ်မှုများ ပြုလုပ်ပေးခဲ့သည်နှင့်အညီဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တော် မူသော “ကိုယ်ပြုသောကံပဲ့တင်သံကိုယ့်ထံပြန်လာမည်” ဟူသောစကားအတိုင်းယခုကဲ့သို့လူမျိုးဘာသာကွဲတို့၏ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းကိုခံရခြင်းဖြစ်သည်ဟုယုံကြည်မိပါတော့သည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးဘာသာကွဲများ၏ လူသားချင်းစာနာထောက်ထားမှု၊ ပေးဆပ်မှု၊ ဂုဏ်ပြုမှု၊ ချီးမြှင့်မှုများသည် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို ရှေးရှုသော ပြယုဒ်တစ်ခုပင် ဖြစ်တော့သည်။

Read More...

Monday, May 2, 2011

sunami

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 



..................
Posted by Picasa

Read More...

Monday, April 11, 2011

အရောင်းဆိုင်များ ငွေအကြွေပြန်မအမ်းဘဲ ကူပွန်အမ်းပါက ဥပဒေအရ အရေးယူမည်

ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချရာ ဌာနများဖြစ်သည့် စတိုးဆိုင်များ အပါအဝင် စားသောက်ဆိုင်များ၊ ဆေးဆိုင်များ၊ အင်တာနက်ဆိုင်များ စသည့် ဆိုင်များသည် ဝယ်ယူသုံးစွဲသူများကို ငွေအကြွေမအမ်းဘဲ အကြွေတန်ဖိုးနှင့် ညီမျှသော ဆိုင်တံဆိပ်များပါ ကူပွန်စာရွက်များ ပြန်ပေးခြင်း ပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။ အဆိုပါ ဆိုင်များမှ ငွေစက္ကူအစား ပြန်အမ်းလိုက်သည့် ကူပွန်စာရွက်များမှာ ယင်းသို့ ပြန်အမ်းလိုက်သည့် ဆိုင်တွင် အမြဲသွားရောက် ဝယ်ယူလေ့ရှိသူများအတွက် အခက်အခဲသိပ်မရှိလှသော်လည်း တစ်ခါတရံမှသာ ဝယ်ယူလေ့ရှိသူအများစု အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ၎င်းကူပွန်စာရွက်မှာ နိုင်ငံတော်အစိုးရက ထုတ်ဝေသည့် ငွေစက္ကူ မဟုတ်သဖြင့် ဆိုင်တစ်ဆိုင်မှ ပေးလိုက်သော ကူပွန်စာရွက်ကို အခြားဆိုင်များက လက်မခံသဖြင့် ဝယ်ယူသူများမှ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့ရကြောင်း သိရသည်။ “ဒီကူပွန်အမ်းတဲ့ စနစ်ကို အရင်ဆုံးလုပ်ခဲ့တာက နာမည်ကြီး အရောင်းဆိုင်တွေက စလုပ်ခဲ့တာ။ နောက်ပိုင်းမှာ တခြားဆိုင်တွေကပါ လိုက်လုပ်လာကြတာ” ဟုဝယ်ယူကြုံတွေ့ရသူတစ်ဦးက ပြောသည်။ ဝယ်ယူသူကို ငွေအကြွေပြန်မအမ်းဘဲ ကူပွန်ပြန်ပေးသည့် အရောင်းအဝယ် ဌာနများကို သက်ဆိုင်ရာမြို့နယ် အာဏာပိုင် အဖွဲ့အစည်းများက ဧပြီ ပထမပတ်နှင့် ဒုတိယပတ်များအတွင်း ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာမှုမရှိသော အရောင်းဌာနများကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဧပြီ ၁၃ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
သတင်း - ခေတ်လူငယ်

Read More...

Friday, March 18, 2011

မိုးမခ မှ မောင်ရစ် ၏ သတင်းပေါင်းချုပ် 2011 mar 17

news on Mar 17

Read More...

Monday, March 14, 2011

နာရေးကူညီမှုအသင်း၏ လူမှုရေးကူညီမှုများ ၁၀ နှစ်ပြည့်ပြီ

နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေး၊ (၇) ရက်သားသမီးတို့၏ နာရေးကိစ္စအ၀၀တို့ကို မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထား၍ (အခမဲ့) ကုသိုလ်ဖြစ် အအေးခန်းထားပေးခြင်း၊ မီးသင်္ဂြိုလ်ပေးခြင်းတို့ကို အလူမီနီယမ်ခေါင်း၊ မှန်ခေါင်း၊ ရဟန်းသံဃာတော် များအား စတီးလ်ကရ၀ိတ်ဖောင်၊ မှန်စီရွှေချခေါင်းများဖြင့် ကုသိုလ်ပြုလုပ်ငန်းများကို ပေးဆပ်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့အထိ နာရေးကူညီမှုပေါင်း (၉၉၆၄၄) ဦးတို့ကို (အခမဲ့) ကူညီခဲ့ပြီး ဖြစ်ပါသည်။ ယခုလာမည့် မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းဦးရေ ပြည့်တော့မည်ဖြစ်သည်။



၂၀၀၇ ခုနှစ်မှစ၍ အသင်း၏ အထူးအစီအစဉ်တစ်ရပ်ဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော ဆင်းရဲနွမ်းပါးလှသည့် နာရေးကိစ္စကို နိုင်ငံခြားမှတစ်ဆင့် လှူဒါန်းထားသော နိုင်ငံခြားဖြစ်အခေါင်းနှင့် မီးသင်္ဂြိုလ်ပေးခြင်း၊ ကျန်ရစ်သောနာရေးရှင် မိသားစုတို့အား ငွေလှူဒါန်းခြင်း (အသင်းသူ/သားများ၏ စုပေါင်းလှူဒါန်းငွေ) တစ်သိန်းအထက်နှင့် ရက်လည်ဆွမ်းကပ်အလှူဒါနအတွက် သင်္ကန်းပရိက္ခရာများ လှူဒါန်းပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်မှာ ယခုဆိုလျှင် (၅) ကြိမ်တိတိရှိပြီ ဖြစ်ပါသည်။



ယခု ၂၀၁၁ ခုနှစ်တွင် အသင်း၏ထူးခြားမှု၊ လှုပ်ရှားမှုတစ်ရပ်အဖြစ် “ဘ၀နိဂုံး အဆုံးပုံရိပ်” ဟူသော ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက် ဓါတ်ပုံပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ နာရေးကူညီ မှုအသင်း(ရန်ကုန်)သို့ လာရောက်၍ လုပ်အားပေးမည့် လူမှုရေးသမားများသည် နာရေးကူညီမှု၊ ဆေး ကူညီမှု၊ ပညာရေးစသည့် သင်တန်းများကိုတက်ရောက်ပြီးမှ လုပ်အားပေးခွင့်ကို ရရှိမည်ဖြစ်သည်။ ယင်း သင်တန်းများတွင် “ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်” ဓါတ်ပုံသင်တန်းကိုလည်း ပို့ချခဲ့သည်။



ဓါတ်ပုံ အမှတ်စဉ် (၁ / ၂) ထည့်ရန်

ရည်ရွယ်ချက် -

၁။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်သယ်ဆောင် ကူညီပံ့ပိုးပေးသည့် နာရေးလမ်း ကြောင်းများ၏ ထူးခြားချက်များ ( ရေနစ်၊ ဆွဲကြိုးချ၊ ရထားကြိတ်၊ လမ်းဘေး သေဆုံးမှု စသည့်) အခြားအခြားသော ဖြစ်စဉ်များအတွက် ဓါတ်ပုံမှတ်တမ်းများ လိုအပ်ခြင်း။

၂။ အချို့သော နာရေးရှင်များမှ မိမိတို့၏ နာရေးကိစ္စမှတ်တမ်းပုံများကို အမှတ်တရတောင်းခံခြင်း။

၃။ အလှူရှင်တို့အား မှတ်တမ်းဓါတ်ပုံ ရိုက်ကူးပေးခြင်း။

၎။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သမိုင်းကြောင်းရာဇ၀င်များကို မှတ်တမ်းတိတိကျကျ ဓါတ်ပုံ များနှင့်တကွ မှတ်တမ်းပြုထားလိုခြင်း စသည့် ရည်ရွယ်ချက်များကြောင့် အသင်းသူ/သားတိုင်း ဓါတ်ပုံရိုက်ကူးမှု အတတ်ပညာကို တတ်မြောက်ရမည်ဟူသော ခံယူချက်နှင့်အညီ ဓါတ်ပုံရိုက်သင်တန်း ကို သင်ကြားပေးခဲ့ပါသည်။



ယခင် ၂၀၀၉ ခုနှစ်အတွက် အသင်းမှ သင်္ဂြိုလ်ပေးမှုအလောင်း (၁၀၀၀၀) ပြည့်ကိုလည်း (၂၈.၉.၂၀၀၉) နေ့တွင် “ဘ၀နိဂုံး အဆုံးပုံရိပ်” ဟူသော မှတ်တမ်းတင်ဓါတ်ပုံပြိုင်ပွဲ ကျင်းပပေးခဲ့ရာ အသင်းသူ/သားများ တက်တက်ကြွကြွ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ နာရေးရှင်တို့ကလည်း နောက်နေ့ တွင် သူတို့၏ နာရေးမှတ်တမ်းပုံများကို မှတ်မှတ်ရရ လာရောက်တောင်းခံခဲ့ကြသည်။



ဤသည်မှာ . . . မိမိတို့၏ ပီတိပင်ဖြစ်တော့သည်။

ဓါတ်ပုံဆုပေးရာတွင် အဓိက - နာရေးရှင်တို့၏ ပတ်ဝန်းကျင်အနေအထား၊

နာရေးရှင်တို့၏ ခံစားချက်အနေအထား၊

ဓါတ်ပုံပညာရပ်၏ ကျွမ်းကျင်မှုအနေအထား၊

ဓါတ်ပုံပညာရပ်၏ ထူးခြားသော ပုံဖော်မှုတို့ကို အဓိကထား ရွေးချယ် ဆုံးဖြတ်ကြသည်။

ဤတွင် . . . ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု တို့ဖြစ်ကြသည်။



ဓါတ်ပုံ အမှတ်စဉ် (၃ / ၄ / ၅) ထည့်ရန်

ယခု ၂၀၁၁ ခုနှစ်၊ မတ်လ (၂၀/၂၁) ရက်နေ့ခန့်တွင် နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့်တော့မည့် နေ့ရက်တွင် အထူးခြားဆုံး အစီအစဉ်တစ်ရပ်အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဓါတ်ပုံသင်တန်းဆင်း အသင်းသူ/သားများအား ဓါတ်ပုံပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခွင့်မပြုဘဲ စိတ်ပါဝင်စားသော ပြင်ပဓါတ်ပုံပညာရှင်များသာ ပါဝင်ရိုက်ကူးယှဉ်ပြိုင် ကုသိုလ်ယူမည့်ပွဲ ဖြစ်သည်။ အသင်းသူ/သားများ ပါဝင်ရိုက်ကူးခွင့် မပြုခြင်းမှာ - နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေးပို့ဆောင်မှု အင်အားလျော့ပါးခြင်း မရှိစေဘဲ စည်ကားသိုက်မြိုက်စွာ ဘ၀တစ်ပါးသို့ ပြောင်းလဲသွားသော လူသားတစ်ဦးအတွက် ထိရောက်စွာပေးဆပ်နိုင်ရန်အတွက် ဖြစ်သည်။ ထို့အပြင် ပြင်ပဓါတ်ပုံပညာရှင် များအနေဖြင့်လည်း မင်္ဂလာဆောင်အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဧည့်ခံပွဲများ၊ မွေးနေ့ပွဲများနှင့်သာ တင်းတိမ်ရောင့်ရဲမနေဘဲ လူသားတစ်ဦး၏ နောက်ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွာသွားသော ပုံရိပ်လွှာများ အား ကုသိုလ်လည်းရကာ မိမိတို့၏ ဓါတ်ပုံပညာရပ်ကိုလည်း တင်ပြနိုင်ခွင့် ရစေမည်ဖြစ်သည်။



ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နာရေးကူညီမှုပေါင်း (၁၀၀၀၀၀) တစ်သိန်းပြည့် အစီအစဉ်အတွက် အထူးကျင်းပမည်ဖြစ်သော “ဘ၀နိဂုံး . . . အဆုံးပုံရိပ်” ဓါတ်ပုံပြိုင်ပွဲအား စိတ်ဝင်စားသော ဓါတ်ပုံပညာရှင်များသည် ယခု မတ်လ (၁၈/၁၉) ရက်နေ့များတွင် နာရေးကူညီမှု အသင်း(ရန်ကုန်) အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၇၀၉၂၇၇၊ ၇၂၈၀၈၉၊ ၇၀၄၇၈၄၊ ၅၈၁၃၆၃၊ ၅၈၀၁၃၃ သို့၎င်း၊ တီဗီသက်မွန်နှင့်အဖွဲ့ အမှတ်(၁၂၆)၊ ၃၃ လမ်း(အလယ်)၊ ကျောက်တံတားမြို့နယ်။ ဖုန်း - ၀၉ ၅၀၄၄၄၃၈ သို့ ဆက်သွယ် စုံစမ်းမေးမြန်း၍ ပြိုင်ပွဲဝင်လျှောက်လွှာများအား ထုတ်ယူဖြည့်စွက်ကာ တစ်သိန်းပြည့် ကုသိုလ်ယူပွဲ ကြီး၏ မှတ်တမ်းပုံများကို ပါဝင်ဆင်နွှဲကြပါရန် သတင်းပေးအပ်ပါသည်။

Read More...

Thursday, February 10, 2011

မသာလုခြင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဖွဲ့စည်းထားသော နာရေးကူညီမှု အသင်းက နာရေးတခုကို ကျပ် ၂၀၀၀၀ ပေးကာ အသုဘ မြေကျသည်အထိ အခမဲ့ လိုက်လံ ၀န်ဆောင်မှုပေးရန် ပါတီခေါင်းဆောင်များက ညွှန်ကြား ထားသည်ဟု သတင်းရရှိသည်။

Members-of-the-Union-Solidarity-and-Development-Party-USDP

ကြံ့ဖွံ့ပါတီဝင်များကို ၎င်းတို့ အစည်းအဝေးပွဲအပြီး စုဝေးနေစဉ် ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - AP)

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ကြံ့ဖွံ့ပါတီဝင်များက အခမဲ့ နာရေးကူညီမှုများ ဆောင်ရွက် လာသည့်အပြင် တခြားသော ပြည်သူ့ အကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရန် ညွှန်ကြား ထားကြောင်း မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌတဦး ပြောသည်။

“မြို့နယ်တိုင်းမှာတော့ မဟုတ်ဘူး။ တချို့မြို့နယ်တွေမှာ နာရေးကူညီမှု အသင်းဆိုပြီး စလုပ်နေတယ်။ ဒါကလည်း ညွှန်ကြားချက် ကြောင့်ပါ” ဟု သူက ဆိုသည်။

တောင်ဥက္ကလာပ မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံ ထားရသော ကြံ့ဖွံ့ပါတီမှ ဦးအောင်မိုးကျော်က ရပ်ကွက်အတွင်း နာရေးဖြစ်ပေါ်လာလျှင် ကြံ့ဖွံ့ပါတီက ဖွဲ့စည်းထားသော နာရေးကူညီမှုအသင်းကိုသာ အကြောင်းကြားစေလိုကြောင်း ပြောဆိုနေသည်ဟု တောင်ဥက္ကလာပ ဒေသခံများက ဆိုသည်။

ထိုသို့ ကြံ့ဖွံ့ပါတီက နာရေးကိစ္စ လိုက်လံ ဆောင်ရွက်လာခြင်းမှာ ဦးကျော်သူ ဦးဆောင်သော နာရေး ကူညီမှုအသင်း (ရန်ကုန်) ကို ယှဉ်ပြိုင်လာခြင်းသာဖြစ်ကြောင်း၊ နာရေးကူညီခြင်းများကို ကြံ့ဖွံ့ အသင်းဘဝကလည်း ဆောင်ရွက်ဖူးကြောင်း၊ သို့ရာတွင် စေတနာမပါသဖြင့် အောင်မြင်မှု မရရှိကြောင်း ရန်ကုန် ဒေသခံများက ပြောကြသည်။

“နာရေးဖြစ်လာတိုင်း ကျော်သူကို အကြောင်းကြားစရာမလိုဘူး၊ ကြံ့ခိုင်ရေးကို အကြောင်းကြားရင် ငွေလည်းပေးမယ်၊ နာရေးကိစ္စလည်း လုပ်ပေးမယ်ဆိုပြီးလိုက်ပြောတာ။ ကြံ့ခိုင်ရေးက ဦးကျော်သူကို လိုက်ပြီး ပြိုင်တဲ့ပုံစံရှိတယ်။ မသာ လုတာပေါ့” ဟု တောင်ဥက္ကလာပ ၇ ရပ်ကွက်မှ ဆွမ်းလောင်းအသင်းတာဝန်ခံ တဦးကဆိုသည်။

တောင်ဥက္ကလာပမြို့နယ်တွင် အများစုသော နာရေးရှင်များက ကြံ့ဖွံ့ပါတီ၏ နာရေး အသင်းကို ဆက်သွယ်ခြင်း မရှိဘဲ ဦးကျော်သူ၏ နာရေးကူညီမှုအသင်းကိုသာ ဆက်သွယ်ပြီး ဈာပန ကိစ္စများကို ဆောင်ရွက်ကြကြောင်း သိရှိရသည်။

ကြံ့ဖွံ့ပါတီက အခမဲ့လိုက်ပါပို့ဆောင်သော နာရေးကိစ္စများကို ဗီဒီယို ကင်မရာများဖြင့် သေချာစွာ မှတ်တမ်းတင်၍ ပါတီခေါင်းဆောင်များဆီသို့ တင်ပြရကြောင်း သိရသည်။

“ကြံ့ခိုင်ရေးကို အကြောင်းကြားတဲ့ နာရေးကိစ္စဆိုရင် ဦးအောင်မိုးကျော်က ဗီဒီယို ကင်မရာကြီး တကားကားနဲ့ အသုဘ လိုက်ပို့တယ်။ အသုဘရှင်တွေက သာငိုနေတာ၊ ကြံ့ခိုင်ရေးတွေက ပျော်နေတဲ့ပုံပဲ။ အလောင်းကိုလည်း သေသေချာချာ ဗီဒီယို မှတ်တမ်းတင်တာ။ စေတနာ ပါလို့ လုပ်တဲ့ပုံစံမဟုတ်ဘဲ နာမည်ကောင်းလိုချင်လို့ လုပ်တဲ့ပုံစံမှန်း သိသာတယ်”
ဟု တောင်ဥက္ကလာ ၁၆ ရပ်ကွက် ရယက တဦးက ဆိုသည်။

နိုင်ငံရေးပါတီတခုမှ အလုပ်အမှုဆောင် တဦးက အာဏာရပါတီဖြစ်သော ကြံ့ဖွံ့ပါတီ၏ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ကြိုဆိုကြောင်း၊ သို့ရာတွင် လူမှုရေးလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် မဲဝယ်ခြင်း၊ ပါတီဝင် အင်အား စုဆောင်းခြင်းများမှာမူ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။

“လူမှုရေးလုပ်တဲ့ နေရာမှာ တကယ် စေတနာပါဖို့ လိုပါတယ်။ စေတနာမပါဘဲ ၀တ်ကျေတန်းကျေ သူများလုပ်လို့ လိုက်လုပ်တာမျိုး၊ မဲဝယ်ဖို့၊ ပါတီဝင်ရဖို့ လုပ်တာမျိုးကတော့ ဘယ်တော့မှလည်း မအောင်မြင်ဘူး။ နာမည်ကောင်းလည်း ရမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

မရမ်းကုန်းမြို့နယ် ကြံ့ဖွံ့ပါတီက ဆောင်ရွက်လျက်ရှိသော နာရေးကူညီမှုအသင်းတွင် ရန်ပုံငွေများကို အလွဲသုံးစားမှု ဖြစ်ခဲ့ခြင်းကြောင့် ပါတီဝင်များအကြား ပြသနာတက်ခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက လမ်းခင်းခြင်း၊ အသေးစားငွေချေးခြင်း၊ အခမဲ့ဆေးရုံ၊ ဆေးပေးခန်းများ ဖွင့်လှစ်ပေးခြင်း အပါအ၀င် လူမှုရေး လုပ်ငန်းများကို ပြည်သူပိုင် ဘဏ္ဍာများ အသုံးပြု၍ လုပ်ဆောင်ခြင်းဖြင့် ကြိုတင်မဲ စုဆောင်းခြင်း၊ ပါတီဝင် အမာခံအင်အား စုဆောင်းခြင်းများ ပြုလုပ်ခဲ့သည်။

Read More...

Monday, November 1, 2010

၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေး ဆန္ဒပြပွဲ ဖိတ်ကြားလွှာ

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး

အခွန်ရုံး (သံရုံး) ရှေ့ ကန့်ကွက်ဆန္ဒပြပွဲ

မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ရွေးကောက်ပွဲကို ကမ္ဘာ့ အဆိုးဝါးဆုံး အာဏာရှင် အာဏာရူးတို့က

လာမည့် နိုဝင်ဘာ (၇) ရက်၌ ကျင်းပတော့မည်။

မြန်မာပြည်သူများ၏ အနာဂတ်ကံကြမ္မာသည် အဆိုးဝါးဆုံး ဖန်တီးခံရတော့မည်မှာ

လက်တကမ်းသာ လိုတော့သည်။

အမျိုး၊ ဘာသာ၊ သာသနာကိုလည်း လူဆိုးလူမိုက်တို့က တရားဝင် ဖျက်ဆီးကြတော့မည်။

ဒေါ်အောင်ဆန်းစုကြည်က Use your liberty to promote ours ဟု ပြောထားသည်။ ကျွန်ုပ်တို့ ပြည်ပမှနေ၍ လွတ်လပ်တက်ကြွစွာ စနစ်တကျ စုစည်း လုပ်ဆောင်နိုင်သမျှသော မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုများသည် တနည်းတလမ်းအားဖြင့် အထောက်အကူ ဖြစ်စေသည်မှာ ငြင်းဆိုဖွယ်ရာ မရှိ။

ကျွန်ုပ်တို့ တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကြီးဆုံး၊ အစိုးရိမ်ရဆုံး အချိန်ကား ရောက်လျက်ရှိနေပြီ။

ဂျပန်ရောက် မြန်မာတိုင်း အတက်ကြွဆုံး အားမာန်၊ အပြင်းထန်ဆုံး စိတ်ဓါတ်ဖြင့် အခွန်ရုံး (မြန်မာသံရုံး) ရှေ့မှာ အကြီးကျယ်ဆုံး ကန့်ကွက်ဆန္ဒပြကြမည်။ တတပ်တအား ပူးပေါင်း ပါဝင်ကြလော့။

၆-၁၁-၂ဝ၁ဝ (စနေနေ့)

မွန်းလွဲ (၂) နာရီမှ ညနေ (၄) နာရီထိ

၇-၁၁-၂ဝ၁ဝ (တနင်္ဂနွေနေ့)

နံနက် (၁ဝ) နာရီမှ ညနေ (၄) နာရီထိ

နေရာ - အခွန်ရုံး (မြန်မာသံရုံး) ရှေ့ Shinagawa, Tokyo, Japan

မြန်မာနှင့် ဂျပန် မီဒီယာများမှ ပါဝင်အားဖြည့် ကူညီပေးကြမည် ဖြစ်သည့်အပြင် BCJP မှလည်း တိုက်ရိုက် ရုပ်သံလွှင့်ပေးမည် ဖြစ်သည်။

ပြန်ကြားရေး

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)

၁-၁၁-၂ဝ၁ဝ

Read More...

Sunday, September 26, 2010

သားဂျာနယ်ကျော်မှာတမ်း

ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ၂၃.၉.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် တစ်ဘ၀ခန္ဓာကိုစွန့်ပစ်၍ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားခဲ့သည်။ ဆရာမိုးဟိန်း၏ ရုပ်ခန္ဓာအားရွှေဂုံတိုင်အထူးကုဆေးရုံကြီး (SSC)ုမှ ရေဝေးသုဿန်အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သွားရောက် သယ်ဆောင်ပေးခဲ့ပါသည်။
ဦးမိုးဟိန်း (သားဂျာနယ်ကျော်)သည် ဖခင် ဂျာနယ်ကျော် ဦးချစ်မောင် + ဂျာနယ်ကျော် မမလေးတို့၏ သားကဗျာဆရာ၊ စာရေးဆရာတစ်ဦးဖြစ်သည့်အပြင် မြင်းခြံမြို့ မဟာပရိတ္တစေတီတော်မြတ်တည်ထားရာတွင် အလှူရှင်များနှင့် ပူးပေါင်းဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် မေမြို့စည်သာရပ်၌လည်း ဒဟတ်စံပြပရဟိတပျိုးခင်းကိုလည်း တည်ထောင်ထားသောပရဟိတလုပ်ငန်းကိုဦးဆောင်မျိုးစေ့ချပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ ရန်ကုန်မြို့ ကမ္ဘာအေးကုန် မြေရှိပရိယတ္တိသာသနာ့ တက္ကသိုလ်တွင်လည်းသံဃာတော်များအားအင်္ဂလိပ်စာကိုပညာဒါနအဖြစ် သင်ကြားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ထိုသို့သောစာပေ၊ ပညာဒါန၊ ပရဟိတလုပ်ငန်း၊ သာသနာ ပြုလုပ်ငန်းများလုပ်ဆောင်ပေးဆပ်ခဲ့သူတစ်ဦးအနေနှင့် မရဏမင်းအားစိန်ခေါ်ခဲ့ပြီးကမ္ဘာမြေပြင်ပေါ် တွင်ကျန်ရစ်ခဲ့သောလူသားများအား “မှာပါရစေ … ပြောပါရစေ” ဟုမှာတမ်းခြွေကာမရဏမင်းဆီပျော်ပျော်ကြီးလိုက်သွားပြီ ဖြစ်တော့သည်။

“ မှာပါရစေ … ပြောပါရစေ ”
(၁)

ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။

သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။

ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။

(၂)

ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။

“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့မရဏမင်းဆီပျော်ပျော်သွားမှာ။

ပြီးတော့ ပြောပါရစေ -

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကိုဆက်လုပ်ဖို့၊

ဟောဒီချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ

လူသာဆုံးတာကျန်တာမရှုံးဘူး။

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။



မိုးဟိန်း (သားဂျာနယ်ကျော်)



ယနေ့ ၂၅.၉.၂၀၁၀ (စနေ) နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်)က အလှူမီနီယမ် မှန်ခေါင်းဖြင့် ဈာပနအခမ်းအနား ပြင်ဆင်ပေးကာအသင်းသူ/သားများတို့မှ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားကိုကျင်းပပေးခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ကျန်ရစ်သူ မိသားစုဝင်များနှင့် အတူ နိုင်ငံရေးလောကမှ လူပုဂ္ဂိုလ်များ။

Read More...

Friday, September 3, 2010

RFA မှသတင်း မှားယွင်းကြောင်း ကျော်သူဖြေရှင်း

3.8.2010 ရက်နေ့ ကRFAသတင်းဌာနမှ..အနုပညာသည်လေး
ဦးအားရုပ်ရှင်ရိုက်ကူးခွင့်များပိတ်ပင်လိုက်သည်ဟုကိုကျော်သူမှပြောကြားသည်ဆိုသည်မှာမှားယွင်းနေပါသည်။
အမှန်မှာ...နာရေးကူညီမှုအသင်း(ရန်ကုန်)အားသွားရောက်လုပ်အားပေးသင်တန်းပေးခြင်းများကိုပိတ်ပင်ခြင်းဖြစ်ပါကြောင်း.....လေးစားစွာဖြင့်...ကျော်သူ
ရုပ်ရှင်သရုပ်ဆောင်များလူမှုရေးလုပ်လိုပါကရုပ်ရှင်အစည်းအရုံးမှသဘောတူထောက်ခံချက်ရပါမှလုပ်ရမည့်သဘောပင်ဖြစ်တော့သည်။( ရုပ်ရှင်သည်ပြည်သူ့ အတွက်....တဲ့ဗျာ။)
အောက်မှာ အာအက်ဖ်အေ ရဲ့ သတင်းပါ
ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ၄ ဦးကို အနုပညာလုပ်ငန်းပိတ်ပင်
2010-09-02

လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အကယ်ဒမီဆုရှင် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးဆောင်ဖွင့်လှစ်တဲ့ သရုပ်ဆောင်သင်တန်းမှာ သွားရောက် အကူအညီ ပေးခဲ့တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ၄ ဦးကို မြန်မာစစ်အစိုးရ လက်အောက်ခံ ရုပ်ရှင် အစည်းအရုံးက ရုပ်ရှင် အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

(Photo Courtesy of myanmarcelebrity.com)

ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူ (ယာအစွန်) ဦးဆောင် ဖွင့်လှစ်ထားသော သရုပ်ဆောင် သင်တန်းတွင် ပါဝင် အကူအညီပေးနေသည့် (ဝဲ မှ ယာ) ညီဂျော်၊ ဂွမ်းပုံနှင့် သန်းသန်းစိုးတို့ ဖြစ်ပါသည်။ (Photo Courtesy of myanmarcelebrity.com)

အပိတ်ခံရတဲ့ အနုပညာရှင် ၄ ဦးကတော့ ဟာသသရုပ်ဆောင် ညီဂျော်၊ အမျိုးသမီး သရုပ်ဆောင် သန်းသန်းစိုး၊ ဂွမ်းပုံနဲ့ ဆုရွှန်းလဲ့တို့ ဖြစ်တယ်လို့ ရန်ကုန် အနုပညာ အသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။

ဒါပေမဲ့ တားမြစ်ပိတ်ပင်တဲ့ အချိန်ကာလ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အခမဲ့ သရုပ်ဆောင်သင်တန်း ဖွင့်လှစ်ထားတဲ့ ရန်ကုန် နာရေးကူညီမှုအသင်းက ဦးကျော်သူကတော့ အခုလို လူမှုရေးလုပ်တဲ့ အနုပညာရှင်တွေကို လုပ်ကိုင်စားသောက်ခွင့် ပိတ်တာဟာ အနုပညာရှင်တွေရဲ့ လူမှုရေးစိတ်ဓာတ်ကို ဖျက်ဆီးရာရောက်သလို လက်ရှိ မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့ ဘဝဟာ အစိုးရအကြိုက် လိုက်နိုင်မှ လုပ်ကိုင်စားလို့ ရမဲ့ အနေအထား ဖြစ်နေတယ်လို့ ပြောပါတယ်။

Read More...

Wednesday, August 18, 2010

The Sorrows Of The Irrawaddy(trailer)



အလွမ်းများနှင့်ဧရာဝတီ ဗီဒီယိုဇာတ်ကားပါ။ နာဂစ်မုန်တိုင်းဒဏ်ခံ ခဲ့ရတဲ့ဧရာဝတီတိုင်း
ရှိ ရွာလေးတစ်ရွာ ရဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်ကလေးများကို အခြေခံပြီးရိုက်ကူးထား
တဲ့ကားလေးပါ။ဒီကားလေးကို ရိုက်နေတာ ၁နှစ်ကျော်ပါပြီ။၂၉.၈.၂၀၁၀ မှာ ဂျပန်နိုင်ငံ
otsuka မြို့ မှာပြသမှာပါ။ဗီဒီယို ကိုဘယ်လိုပြမှာလဲလို့ မေးစရာရှိပါတယ်။ ဒီလိုပါ မြန်မာ
နိုင်ငံက ဒီဗီဒီ ဇာတ်ကားတွေလို ပေါ့။ဗီဒီယို အနေနဲ့ ရိုက်တယ် ပိတ်ကားပေါ်မှာ projector
ထိုးပြတယ်။ဒါပေမဲ့ မြန်မာနိုင်ငံက ရိုက်တဲ့ကားတွေလောက်အဆင့်မမြင့်ပါဘူးဆိုတာကြို
တင်ဝန်ခံထားပါရစေ။ဒီဇာတ်ကားကို အခက်အခဲပေါင်းများစွာကြားကရိုက်ခဲ့ရတာပါ။
camera man မရှိပါ။ဒါကြောင့်ကင်မရာရိုက်ချက် ကောင်းကောင်းမရိုက်နိုင်ခဲ့ပါ။သို့ သော်လည်း
editing မှာ ကြည့်ကောင်းအောင် (တတ်နိုင်သလောက်)လုပ်ထားပါတယ်။ရန်ပုံငွေ ရှာတဲ့ ကား
ဖြစ်တဲ့အတွက် ပညာမျက်စိနှင့်မကြည့်ဘဲ ဂရုဏာမျက်စိနှင့်ကြည့်ပေးကြပါလို့ တောင်းပန်ပါ
တယ်ခင်ဗျာ။
co-director
script
audio and video editor
camera
crew
Aung Lin Naing
မှတ်ချက်။ ။ အဲဒီလိုတာဝန်တွေအများကြီးယူထားလို့ အထင်မကြီးပါနဲ့ ။လုပ်မဲ့သူမရှိလို့ တယောက်ထဲ
လုပ်ရတာပါ။သိတဲ့အတိုင်းပဲ ကွယ် ဂျပန်မှာက ကိုယ့်စားဝတ်နေရေးနဲ့ ကိုယ် လုံးပန်းနေကြရတာဆို
တော့အိပ်စိုက်လုပ်ရတဲ့ အလုပ်ကို တာဝန်ယူဖို့ ဆိုတာခက်ခဲပါတယ်။ ဒီလို အခက်အခဲကြားက ၀ိုင်းဝန်း
ကြတဲ့ လူတွေကို အထူးမှတ်တမ်းတင် ပါတယ်ခင်ဗျား......

Read More...

Friday, August 6, 2010

ဗိုလ်ခင်ညွန့် လမ်းသို့ မြန်းရတော့မည့် ဦးသိန်းစိန်










မြန်မာ စစ်အစိုးရ က ရွေးကောက်ပွဲ တွင် ကြံဖွတ် ပါတီ
ကို ဦးဆောင်ကာ ပါဝင်ယှဉ်ပြိုင်မည့်ဝန်ကြီးချုပ်
ဦးသိန်းစိန် သည် သြဂုတ် လ ဆန်းကတည်းက
ဝန်ကြီးချုပ်ရာ ထူးတာဝန်မှ ရပ်နားခံရပြီး သူ့ နေရာ တွင်
ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ (သို့ မဟုတ်) ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြင့် အစားထိုးမည် ဟု နေပြည်တော်
သတင်းရပ်ကွက်မှ သတင်းရရှိသည်။

ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန် သည် လွန်ခဲ့သည့်
နှစ်လ ခန့် ကတည်းက စစ်ဘက်ရာထူးကိုစွန့် လွှတ်ခဲ့ရပြီး
ယခု အရပ်ဘက် ၀န်ကြီးချုပ် ရာထူးကိုပါစွန့် လွှတ်ခဲ့ရခြင်း
ဖြစ်သည်။ ဦးသိန်းစိန် ၀န်ကြီးချုပ်ရာထူး စွန့် ရသည့်
သတင်း ကို Freedom News Group မှ လတ်တလောတွင်
အတည်မပြုနိုင်သေးသော် လည်း ထပ်မံ ကြားသိရ
သည့် သတင်းများ အရ မြန်မာ စစ်အစိုးရက ၀န်ကြီးချုပ်
ရာထူး နေရာ ကို အစိုးရ အဖွဲ့ မှ ဖယ်ရှားလိုက်ခြင်းကြောင့်

ဦးသိန်းစိန် မတိုင်ခင် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူနှစ်ဦး

ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် လည်း အလိုလိုပါသွား
ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။၁၉၈၈ ခုနှစ် စစ်အာဏာ
သိမ်း ပြီး ကတည်းက ၂၀၀၁ ခုနှစ်
ထိ မြန်မာ နိုင်ငံတွင် ၀န်ကြီးချုပ် ရာထူးမရှိခဲ့ချေ ။
ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် သည် ၂၀၀၇ ခုနှစ်
အောက်တိုဘာ လတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် ပြီး
နောက် ၀န်ကြီးချုပ် ရာထူးကို လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းစိန် ၀န်ကြီးချုပ် ရာထူးမှ အနား ယူရခြင်း နှင်
့ပတ်သက်၍ ရန်ကုန် မြို မှ စစ်အရာရှိ ဟောင်းတစ်ဦး
က တခြားဝန်ကြီး တွေ လည်း အကုန် ထွက်ရမယ်ထင်တယ်။
တကယ်လို့ ကြံဖွတ် နိုင်ရင်တောင် ဗိုလ်ချုပ်ကြီး
သိန်းစိန် က ၀န်ကြီးချုပ် ပြန်ဖြစ်နိုင်ပါ့ မလား ဆိုတာ
ပြောဖို့ မလွယ်ဘူး ဟု ပြောသည်။

ဦး သိန်းစိန် သည် ၀န်ကြီးချုပ် ဘ၀ တွင် နောက်
ဆုံးအကြိမ် အဖြစ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိန္ဒိယ
သွားစဉ်က နေပြည်တော် လေဆိပ်တွင် လိုက်ပါ ပို
့ဆောင် နှုတ်ဆက် သူများ တွင် ခမ်းနားခြင်းကင်းမဲ့စွာဖြင့်
မထင်မရှား ပါဝင် ခဲ့သည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် အား ရာထူးမှ ဖယ်ရှားသည့် သတင်းအား မြန်မာ စစ်အစိုးရ က တရားဝင်
သတင်းထုတ်ပြန်ခြင်း မရှိ သေးဟု သိရသည်။

ယခင်သတင်း

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် (၆၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ထွက်ခွာသွားခဲ့သည့် ၀န်ကြီးချုပ် သိန်းစိန်အား နအဖ ထိပ်ပိုင်း စစ်အာဏာပိုင်များက လိုက်လံ ပို့ဆောင် နုတ်ဆက်ရာတွင် နိုင်ငံတော် ၀န်ကြီးချုပ် တဦး၏ အင်္ဂါရပ်နှင့် အညီ ပို့ဆောင် နုတ်ဆက်ခြင်း မခံခဲ့ရဟု သတင်းရရှိသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် မျက်နာဖုံး စာမျက်နှာ၌ ဝန်ကြီးချုပ် သိန်းစိန်အား နအဖ စစ်အာဏာရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှ စက်တင်္ဘာလ ၂၆ ရက်နေ့က နေပြည်တော် လေဆိပ်တွင် အခြံအရံနှင့် လိုက်ပါ ပို့ဆောင်စဉ် ၀န်ကြီးချုပ်သိန်းစိန်မှာ ပို့ဆောင် နုတ်ဆက်သူများ၏ ဘေးသို့ ရောက်ရှိနေသဖြင့် ၀န်ကြီးချုပ်သိန်းစိန်မှာ ၀န်ကြီး တဦး၏ ဂုဏ်အင်္ဂါရပ်နှင့် အညီ လိုက်ပါ ပို့ဆောင်ခြင်း မခံရဟု သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၀န်ကြီးချုပ် သိန်းစိန်၏ ခရီးစဉ်အား လိုက်ပါပို့ဆောင်သော ဓါတ်ပုံအား ကြေးမုံသတင်းစာတွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ဖေါ်ပြပါရှိသည်ကို တွေ့ရှိပြီးနောက် ၀န်ကြီးချုပ်သိန်းစိန်၏ အနေအထားနှင့် သူ၏ ၀န်ကြီးချုပ် တာဝန် အပေါ် လူများက မေးခွန်းထုတ်လာခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ လုပ်ငန်းရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တဦးရဲ့ ကုလသမဂ္ဂ ခရီးစဉ်အတွင်း ကြိုဆို လိုက်လံ ပို့ဆောင်တဲ့ နေရာမှာ ၀န်ကြီးချုပ် တဦးရဲ့ ဂုဏ်အင်္ဂါနှင့် အညီ ပို့ဆောင်မခံရဘဲ ပို့ဆောင်သူတွေရဲ့ဘေးက တပည့်တပန်း တဦးလို လိုက်ပါနေတာကို မြင်ရတော့ ၀န်ကြီးချုပ်သိန်းစိန်ဆိုတာ ဘာမှ ပါဝါ အာဏာမရှိတဲ့ ၀န်ကြီးချုပ်ကြီးပါလား ဆိုပီး လူတွေက သဘော ပေါက်သွားကြတာပါဘဲ။”

တချို့လူများက ကြေးမုံသတင်းစာတွင် ဖေါ်ပြသော ဓါတ်ပုံကို ကြည့်ပြီး ၀န်ကြီးချုပ် သိန်းစိန်သည် တချိန် တခါက အာဏာပါဝါ အစွမ်းထက်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ခင်ညွှန့်ကဲ့သို့ ဘေးဖယ်ခံရမည့် အတိတ် နမိတ် အဖြစ် တချို့လူများက ပြောဆိုနေကြသည်ဟုလည်း သိရှိရသည်။

“ဝန်ကြီးချုပ် တယောက်အနေနဲ့ကတော့ဗျာ ခုလို ပို့ဆောင် နုတ်ဆက်တဲ့ နေရာမှာ ရှေ့ဆုံးနေရာက မဟုတ်ရင်တောင် အလယ်က နောက်နေရာလောက်မှာတော့ ပါသင့်တာပေါ့၊ အခုက ထီးမိုး မခံရတဲ့ အပြင် ဘေးကိုပါ ရောက်နေတော့ ဓါတ်ပုံကို ကြည့်ပီး လူတွေက ဝန်ကြီးချုပ် သိန်းစိန်ရဲ့ အနေအထားကို သဘောပေါက်သွားကြတာ ဖြစ်ပါတယ်။ သူဟာ နအဖထဲမှာ ဘာမှ အာဏာပါဝါ အစွမ်းအစ မရှိတဲ့ လူဆိုပီးတော့ ကြေးမုံ သတင်းစာက ပြည်သူတွေသိအောင် ထုတ်ဖေါ် ပြသလိုက်တာပေါ့ဗျာ” ဟု စစ်တွေမြို့ခံ နောက်တဦးကလည်း (ရယ်လျက်) ပြောဆို သွားခဲ့သည်။(
နိရဉ္စရာ သတင်း မှကူးယူဖော်ပြပါသည်)

Read More...

Tuesday, June 29, 2010

သမိုင်းမော်ကွန်းဝင်သစ်ပင်ကြီးများ

သမိုင်းမော်ကွန်းဝင် သစ်ပင်ကြီးများ
ယနေ့ ၂၈.၆.၂၀၁၀ (တနင်္လာ)နေ့တွင် MONSOON Nursery & landscape Group မှ အုပ်ချုပ်သူ ဦးကြည်စိုးနှင့် ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦး တို့မှ နာရေးကူညီမှုအသင်း (ရန်ကုန်) မြောက်ဒဂုံမြို့နယ် ရုံးချုပ်ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း အဆောက်အဦးရှေ့ မြေကွက်လပ်တွင် မြက်ခင်းနှင့် အလှပင်များကို လာရောက် ကုသိုလ်ဖြစ် လှူဒါန်းစိုက်ပျိုး ပေးခဲ့ပါသည်။
ကုသိုလ်ဖြစ် လာရောက်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်မှာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက် ငွေလှူဒါန်းကြသော အလှူရှင်များ၊ အခမဲ့ ဆေးဝါး လာရောက်ကုသကြသော လူနာများ၊ နာရေးကိစ္စလာရောက် အကူအညီတောင်းခံကြသော (၇)ရက် သားသမီးအပေါင်းအား နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ခြံဝင်းထဲသို့ ၀င်ရောက်လာသည်နှင့် စိတ်ကြည်နူး ရွှင်လန်း ငြိမ်းချမ်း သွားစေလိုသော ဆန္ဒနှင့် မိမိတို့တွင် တွယ်ငြိလာသော အပူများ၊ သောကများ လျော့ပါး ကင်းဝေး သွားစေရန် ရည်ရွယ်ပါသည်။
ဆက်လက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်) ဈာပန ရုံးခန်း အဆောက်အဦး တည်ဆောက်မည့် မြေကွက်လပ် အလွတ်များတွင်လည်း မြန်မာနိုင်ငံရှိ အထင်ကရ ပုဂ္ဂိုလ်ကျော်များ၏ အမည်နာမများနှင့် ကိုက်ညီမည့် သမိုင်း မော်ကွန်းဝင် အထိမ်းအမှတ် အရိပ်ရသစ်ပင်ကြီးများကိုလည်း စိုက်ပျိုးသွားမည်ဟု ဥက္ကဌ ဦးကျော်သူမှ MONSOON Nursery & landscape Group အုပ်ချုပ်သူ ဦးကြည်စိုး၊ ပန်းဥယျာဉ် ဒီဇိုင်းအင်ဂျင်နီရာ ဦးသိမ်းဦးတို့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ထိုကြောင့် အနာဂတ်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ကြွရောက်လာကြမည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ လူနာများ၊ နာရေးရှင်များ၊ မျိုးဆက်သစ် ကလေးငယ်များနှင့် လေ့လာသူ အပေါင်းတို့အတွက် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သည် အေးချမ်း သာယာ စိုပြေသည့် ငြိမ်းချမ်းသော ကမ္ဘာသစ်ကလေးတစ်ခု ဖြစ်ပေတော့မည်။

Read More...

Friday, May 7, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ ဆိုင်းဘုတ်များဖြုတ်ချ


မန္တလေးတိုင်း မတ္တရာမြို့နယ် NLD ဥက္ကဋ္ဌ ဦးခင်မောင်သန်း နေအိမ်တွင် တင်ထားသည့် ဆိုင်းဘုတ်အား မြို့နယ်စည်း အဖွဲ့ဝင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ မနေ့ က (မေလ၆ရက် ၂၀၁၀ )နံနက်ပိုင်းတွင် ဖြုတ်ချခဲ့ကြောင်း သိရသည်။
ထို့ အတူ ပဲခူးမြို့ ပန်းလှိုင်ရပ်ကွက် ၂၃ လမ်းရှိ ပဲခူးမြို့နယ်စည်း ဥက္ကဋ္ဌ ၏ အိမ်နံပါတ် ၉၂ နေအိမ်တွင် တင်ထားခဲ့သော ဆိုင်းဘုတ်ကို ဖြုတ်ချခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုင်းဘုတ်များနှင့် အလံများကို
မဖြုတ်ချရန် ပြောကြားခဲ့သော်လည်း အချို့ အဖွဲ့ ဝင်များက မိမိတို့ အပေါ်တွင် စစ်အစိုးရမှ အမျိုးမျိုး သော
ပုဒ်မများတပ်ပြီး ဒုက္ခပေးလာမှာ စိုးသဖြင့် ဖြုတ်ချလိုက်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် NLD ဗဟိုရုံးချုပ်တွင်တော့ ဆိုင်းဘုတ်နှင့် အလံကို ဆက်လက်ထားရှိသွားမည်ဖြစ်ကာ ပါတီသက်တမ်း ကုန်ဆုံးပြီးနောက် ထိုနေရာ၌ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်လက်အသုံးပြုသွားမည်ဟု ပါတီဝင်များကပြောသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှာ တရားဝင်ပါတီအဖြစ် ဆက်လက်
တည်ရှိခြင်းမရှိတော့ သဖြင့် အလံများဆိုင်းဘုတ်များ တပ်ထားခြင်းကို စစ်အစိုးရ က ပုဒ်မ အမျိုးမျိုးဖြင့်
တရားစွဲဆိုခြင်းများပြုလုပ်နိုင်သည် ဟု အဖွဲ့ ချုပ် အဖွဲ့ ဝင်ဟောင်း များကထင်မြင်ချက်ပေးနေကြသည်။

Read More...

နေပြည်တော် ယူနိုက်တက် ဘော်လီဘောအသင်းတည်ထောင်ခြင်း

ရန်ကုန် ၂၀၁၀ သင်္ကြန် တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှု နှင့်ပါတ်သတ် ၍ စစ်အစိုးရမှ နေပြည်တော်တွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီ က ရန်ကုန် သင်္ကြန် တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု၏
အဓိကတရားခံ ကိုမမိသေးသော်လည်း ပါဝင်ပါတ်သတ်ခဲ့သူ တဦးကို တော့ဖမ်းမိ ထားပြီဖြစ် ကြောင်း
ပြောကြားခဲ့သည်။
ဗုံးခွဲတဲ့ အဓိက တရားခံ အဖွဲ့အစည်းမှာ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW) ဖြစ်ပြီး
ABSDF၊ KNU စတဲ့ အဖွဲ့ အစည်း များမှ ၀ိုင်းဝန်း ပံ့ပိုးကြတယ် လို့ ၎င်း သတင်းစာရှင်းလင်းပွဲ
မှာပြောကြားသွားပါတယ်။
ဖမ်းဆီးထားသူမှာ ဗုံးခွဲမှုတွင် အဓိကတရားခံ မဟုတ်ဘဲ ဘေးက စောင့်ကြည့် ပေးခဲ့သူ ဖြစ်တဲ့ ဖြိုးဝေအောင်
ခေါ် မိုဟာမက်ယှဗန် ဆိုသူဖြစ်ပါတယ်။
ABSDF အဖွဲ့ ရဲ့ ဥက္ကဌ ဖြစ်သူ ကိုသံခဲ က လည်းဒီလို ပြောဆိုချက်ကို ငြင်းလိုက်ပြီး ဒီဗုံးခွဲမှုဟာ စစ်အစိုးရ
ကိုယ်တိုင်ရဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
ရန်ကုန်သင်္ကြန် ဗုံးပေါက်ကွဲမှုတွင် လူအများသေကြေ ပျက်စီး ကြပြီးနောက် ထိုဗုံးဖောက်ခွဲမှု ကို ပြုလုပ်သူ
မှာ စစ်အစိုးရ ၏ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ၏မြေးဖြစ်သူ ဖိုးလပြည့် ၏ ရန်သူများဖြစ်ပြီး ဖိုးလပြည့်
၏မောက်မာမှု ဗိုလ်ကျမှုများကို မခံမရပ် နိုင်သဖြင့် ၄င်းအား လုပ်ကြံခြင်းဖြစ်သည် ဟု သတင်းထွက်ခဲ့သေးသည်။
သော်လည်း ယခုအခါ စစ်အစိုးရမှ ပြည်ပ anti-government အဖွဲ့ အစည်းများဘက်သို့ ဘော်လီဘော
ပုတ် လိုက်ခြင်းဖြစ်သည် ဟု အများက ပြက်ရယ်ပြု ပြောကြားနေကြကြောင်းလည်းသိရှိရသည်။

Read More...

Friday, April 9, 2010

မျက်နှာမသစ်တဲ့နေ့စွဲများ

(မိုးထိအောင်)9.4.2010

ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
မနေ့ညကအိပ်မက်တွေကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
မနေ့အဖြစ်အပျက်တွေကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ကိုအောင်ဆန်း၊ကိုနုနဲ့ကိုဗဟိန်းတို့ကိုမေ့မိမှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ရေနံမြေကရဲဘော်တွေရဲ့အောင်ပွဲကိုမေ့မိမှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ငုယင်ဗန်ထရိုင်းကိုမေ့မိမှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ချေဂွေဗားရားရဲ့မတရားမှုတော်လှန်ရေးတွေမေ့မိမှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ကိုသံချောင်းတို့ကျွန်းတိုက်ပွဲကိုမေ့မိမှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ဂျက်ဆင်ထိပ်ကလရိပ်ပြာကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
တံတားနီနေ့ကအော်သံတွေကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
အချိန်တန်ရင်စစ်တန်းလျားပြန်မယ်ပြောတဲ့ဗိုလ်ချုပ်မှူးကြီးကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ဦးထောင်ပိုကုန်းမှာအ၀ိုင်းခံရတဲ့နေ့ကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ဒီပဲယင်းလူသတ်ပွဲကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ရွှေဝါရောင်တွေကိုမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
အခြေခံဥပဒေကိုမဲမပေးချင်လို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
စက်မှုဇုံထဲကနှမငယ်ရဲနီမေတွေတောင်းဆိုသံတွေမေ့မှာစိုးလို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ရွှေးကောက်ပွဲဥပဒေကိုလက်မခံနိုင်လို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
ရွှေဂုံတိုင်ကြေငြာစာတန်းကိုမေ့မှာစိုးလို့
ငါဒီန့မျက်နှာမသစ်ချင်ဘူး
မတ်လ(၂၉)မှာတိုက်ပွဲခေါ်သံကိုဦးဆောင်တဲ့ရဲဘော်တွေအသံကိုမမေ့နိုင်လို့
ငါဒီနေ့မျက်နှာမသစ်ချင်ဘူး
အတိတ်သမိုင်းတွေကိုမမေ့ချင်လို့
ငါမျက်နှာမသစ်တော့ဘူး
ငါမျက်နှာမသစ်တော့ဘူး
ငါမျက်နှာမသစ်တော့ဘူး..............။

Read More...

Saturday, April 3, 2010

29 . 3. 2010 Photos (NLD မှ သမိုင်းဝင်သည့် ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့သည့် နေ့)



Read More...





Read More...