DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, November 13, 2008

အဲမန္တလေးလေယာဉ် နေပြည်တော်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

သဲသဲ
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 12 2008 19:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အဲမန္တလေး လေယာဉ်တစီး ပျံသန်းနေစဉ် မသင်္ကာဖွယ်မီးခိုးနံ့များ ရသဖြင့် နေပြည်တော် လေဆိပ်တွင် ယမန်နေ့ နံနက်ပိုင်းကအရေးပေါ် ဆင်းသက်ခဲ့ရသည်။

ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ပျံသန်းနေသည့် အဲမန္တလေး လေကြာင်းလိုင်းမှလေယာဉ်အမှတ် ၄၀၁/ ၄၀၂ သည် ပျံသန်းနေစဉ်အတွင်း စစ်အစိုးရ ရုံးစိုက်ရာနေပြည်တော် လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။

"မီးခိုးနံ့ထွက်လို့ ဆင်းလိုက်တာပါ။ မနက်ပိုင်း ၇ နာရီခွဲလောက်ကပါ၊မီးချောင်းထွန်းထားတဲ့ (ချုပ်) က လောင်သွားလို့ပါ" ဟု အမည်မဖော်လိုသူရန်ကုန်မြို့ရှိ အဲမန္တလေးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

လေယာဉ်အား စစ်ဆေးမှုများ ပြုလုပ်ကာ နေပြည်တော် လေဆိပ်မှ မန္တလေးမြို့သို့ဆက်လက် ပျံသန်းခဲ့ပြီး၊ ထိုခရီးစဉ်တွင် ခရီးသည်အားလုံးလိုက်ပါစီးနင်းခဲ့ကာ ထိခိုက်ချို့ယွင်းမှု တစုံတရာ မရှိကြောင်း သူကဆက်ပြောသည်။

အဲမန္တလေးတွင် ATR 72 အမျိုးအစား လေယာဉ် ၂ စင်းနှင့် ATR 42 အမျိုးအစား ၁စင်းရှိပြီး၊ ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊စစ်တွေ၊ သံတွဲ၊ တာချီလိတ် စသည့် ခရီးစဉ်များအား ပုံမှန် ပြေးဆွဲနေသည်။

No comments: