DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Tuesday, January 20, 2009

တစ်လလျင် ၀င်ငွေကျပ်ခြောက်သောင်းမှ နှစ်သိန်းအထိရရှိနိုင်သောကြောင့် ရန်ကုန်အထည်ချုပ် စက်ရုံမှလုပ်သားများ ပြင်ဦးလွင်ဆွယ်တာလုပ်ငန်းများသို့ ပြောင်းရွှေ့

ပြင်ဦးလွင်မြို့ရှိ သိုးမွှေးဆွယ် တာ ထုတ်လုပ်သည့်လုပ်ငန်းခွင်၌ မတ်တတ်စက်ဟုခေါ်သည့် သံစက် များကို ယခင်စက်သေးများနေရာ တွင် အစားထိုးအသုံးပြုလာရာမှ ယင်းစက်သစ်များကို အသုံးပြုနေ ကျဖြစ်သော ရန်ကုန်အထည်ချုပ် စက်ရုံမှ လုပ်သားများ ပြောင်းရွှေ့ လုပ်ကိုင်လာကြကြောင်းသိရသည်။

၎င်းလုပ်သားများနေထိုင်ရန် နေရာများစီစဉ်ပေးခြင်း၊ လုပ်အားခ ကိုလည်း ပြီးစီးသည့်အထည်အရေ အတွက်အလိုက် အရှင်းပေးခြင်း ကြောင့် ယခင်လုပ်ကိုင်ခဲ့သည့် လုပ် ငန်းမှရရှိသောလစာထက် ၀င်ငွေပိုမို ရရှိခြင်း၊ အလုပ်ပါးချိန်တွင် မိမိတို့ဒေသသို့ပြန်လိုပါက လွယ်ကူစွာ ပြန်သွားနိုင်ခြင်း စသည်တို့ကြောင့် ရွှေ့ပြောင်းလုပ်သားများ တစ်နှစ် ထက်တစ်နှစ်ပိုများလာ ခြင်းဖြစ်နိုင်ကြောင်း လှိုင်သာယာမြို့နယ်မှ ပြင် ဦးလွင်မြို့သို့ ရွှေ့ပြောင်းလုပ်ကိုင် နေသူတစ်ဦးက သုံးသပ်သည်။

''အရင်က သင်္ဃန်းကျွန်းမြို့ နယ်ထဲက အထည်စက်ရုံမှာ လုပ်ခဲ့ တာပါ။ အခုလို သိုးမွေးအနွေး ထည်တွေထိုးရတာပါပဲ။ တစ်လကို ကျပ်ငါးသောင်းခွဲ၊ ခြောက်သောင်း ရခဲ့ပါတယ်။ ပြင်ဦးလွင်ကိုတော့ ဇွန်လက စပြီးရောက်လာတာ။ လုပ် ငန်းမကျွမ်းကျင်ခင်ကတော့ ကျပ် ခြောက်သောင်းလောက်ပဲရတာ။ အခုဆို တစ်ရက်ကို ဒီဇိုင်းရိုးရင် လူ ကြီးဝတ်ဆွယ်တာ ရှစ်ထည်လောက် ထိပြီးတယ်။ တစ်ထည်ကို ကျပ် ၅၀၀ ရတော့ တစ်နေ့ဝင်ငွေ ကျပ် ၄၀၀၀ လောက်ရနေပြီ။ အရင် စက်ရုံမှာတုန်းက လက်ဆိုလက်၊ ကိုယ်ထည်ဆိုကိုယ်ထည် သီးသန့်ဆွဲ ခဲ့ရတာ။ အခုဒီမှာက တစ်ထည်လုံး ဆွဲရတော့ ပညာလည်းပိုရတယ်''ဟု သင်္ဃန်းကျွန်း အထည်စက်ရုံတစ်ခု တွင် လုပ်ကိုင်ခဲ့ဖူးသည့် မနီလာက ပြောပြသည်။

ပြင်ဦးလွင်မြို့တွင် စက်ဆွဲ ထည်များအပြင် တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး၊ တက်တင်းစသည့် လက်ထိုးထည်များကိုလည်းရောင်းချ နေပြီး စက်ဆွဲထည်တွင် အသုံးပြု သည့် စက်အမျိုးအစားပေါ် မူတည် ကာ ဈေးနှုန်း၊ အထူ၊ အပါး၊ အရည် အသွေးလည်းကွာခြားကြောင်း သိရ သည်။ ကုန်ကြမ်းဖြစ်သည့် သိုးမွေး ချည်လုံးများကို တရုတ်နိုင်ငံမှ တင် သွင်းခြင်းဖြစ်ပြီး ဆွယ်တာအများဆုံး ထုတ်လုပ်သည့်ရာသီမှာမေလမှဒီဇင် ဘာလအထိဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလနောက်ပိုင်းတွင် လာမည့် နှစ်အတွက်ဒီဇိုင်းသစ်များကို ပညာ ရှင်အဆင့်ကျွမ်းကျင်သူများက တ ရုတ်၊ ထိုင်းကတ်တလောက်မှ ဒီဇိုင်း များကို လေ့လာကာ ပုံစံထုတ် စမ်း သပ်လေ့ရှိသည်ဟုဆွယ်တာလုပ်ငန်း များထံမှ သိရသည်။ တစ်မြို့လုံးနီး ပါးလုပ်ကိုင်သော လုပ်ငန်းဖြစ်ခြင်း ကြောင့် ဒီဇိုင်းဆန်းသစ်မှုမှာ အရေး အပါဆုံးဖြစ်ရာ ရန်ကုန်မြို့မှ ဒီဇိုင်း ပညာရှင်များကိုပါ ခေါ်ယူလုပ်ကိုင် နေကြကြောင်းလည်းသိရသည်။

ယခင်က ဆွယ်တာအရောင်းရ ဆုံးအချိန်မှာ တောင်ပြုန်းပွဲကျင်းပ ချိန်ဇူလိုင်လတွင်း၌ဖြစ်သော်လည်း ယခုနှစ်ပိုင်းတွင် ပြုလုပ်သော ပန်း ပွဲတော်၊ အိုင်စီတီပွဲတော်၊ မီးပုံး ပျံပွဲတော် စသည့်ပွဲတော်များတွင် လည်း ရောင်းချရသောကြောင့် တစ်နှစ်ပတ်လုံးနီးပါး ရောင်းချရ သည်ဟုလည်း အရောင်းဆိုင်များ ထံမှ သိရသည်။အသုံးပြုသည့်စက်များမှာ ရန်ကုန်အထည်ချုပ်စက်ရုံ၌ အသုံး ပြုခဲ့သည့်စက်များ၊ တရုတ်နှင့် ထိုင်းနိုင်ငံထုတ်စက်များ အများဆုံး ဖြစ်ပြီး စက်တန်ဖိုးမှာအမျိုးအစား အလိုက်တစ်လုံးလျင် အနည်းဆုံး ကျပ် သုံးသိန်းငါးသောင်းမှ ကျပ် ၁၅ သိန်းအထိရှိကြောင်း၊ လုပ် အားခမှာ ဒီဇိုင်းပေါ်မူတည်ပြီး ကလေးဝတ်တစ်ထည်လျင် ကျပ် ၁၅၀ မှ ကျပ် ၁၈၀၊ လူကြီးဝတ် တစ်ထည်လျင် ကျပ် ၅၀၀ မှ ကျပ် ၆၀၀ အထိရှိပြီး အမျိုးသားကျွမ်း ကျင်သူဆိုပါက တစ်ရက်လျင် ကလေးဝတ်အထည် ၂၀ သို့မဟုတ် လူကြီးဝတ် ၁၅ ထည်အထိဆွဲနိုင် ကြောင်း သိရသည်။ အခြားဒေသမှ လာရောက်သောလုပ်သားများတွင် အမျိုးသမီးများသာမက အမျိုးသား များပါ ပါဝင်ပြီး အချို့မှာ မိသားစု လိုက်ရွှေ့ပြောင်းလုပ်ကိုင်ကြကြောင်း ဆွယ်တာလုပ်ငန်းများထံမှ သိရှိရ ပါသည

No comments: