DREAM ANGEL သို့ လာရောက်လည်ပတ်ကြသူအားလုံးကို DREAM ANGEL မှ ကျေးဇူးအထူးတင်ရှိပါတယ်.........

Thursday, August 7, 2008

၈၈ နှစ် နှစ်ဆယ်ပြည့်အထိန်းအမှတ် ဆွမ်းကျွေး မျိုးဆက်သစ်ကျောင်းသားလူငယ်များ လျှို့ဝှက်ကျင်းပမည်။

မြန်မာနိုင်ငံရေးတွင် ဒုတိယလွတ်လပ်ရေးတိုက်ပွဲဟုပင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တင်စားပြောကြား ခဲ့သော 1988 ခုနှစ်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ကြရသော အာဇာနည်များကို ဂုဏ်ပြုသော အားဖြင့် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗကသမှ ဂုဏ်ပြုဆွမ်းကျွေးပွဲကို နှစ်ပတ်လည်နေ့ရက်ဖြစ်သော 8-8-2008 အစား ရှေ့တစ်ရက်တိုးပြီး 7-8-2008 နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အဖွဲ့ဝင်လူငယ်များမှ သိရသည်။
ဂုဏ်ပြုပွဲနှင့်ပတ်သက်ပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ပြုလုပ်မည်ဆိုသည်ကို အဖွဲ့ဝင်လူငယ်များ အချင်းချင်းပင်မသိရှိသေးပဲ မနက်ဖြန် 7-8-2008 နေ့နံနက်မှပင် ဖုန်းဖြင့် ဆက်သွယ် အသိပေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိမြန်မာ့နိုင်ရေးအခြေအနေတွင် မြေအောက်အဖွဲ့အစည်းအဖြစ်ဖြင့်လှုပ်ရှားနေကြရသော ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များအနေဖြင့် အချိန်၊ နေရာတို့ကို ထုတ်ဖော်ပြောကြားကာ လုပ်ဆောင်မည်ဆိုပါက အခက်အခဲများစွာကို တွေ့ကြုံရနိုင်သည့်အပြင် မြန်မာနိုင်ငံရေးအင်အားစုအတွင်း အင်အားနည်း ပါးလာ လျှက်ရှိသော အဖွဲ့ဝင်များ ပိုမိုစတေးခံကြရမည်ကို စိုးရိမ်သောကြောင့် ယခုလို လျှို့ဝှက်စီစဉ်ကျင်းပ ရခြင်းဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင်လူငယ်များမှ အထိမ်းအမှတ်ပွဲကျင်းပရန် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လျှောက်ထား ကြရာတွင်လည်း ဆရာတော်များမှ လက်မခံရဲဘဲရှိနေကြသဖြင့် တစ်ရက်ကြိုပြီး ဘုန်းတော်ကြီး သို့မဟုတ် တစ်စုံတစ်ဦး၏နေအိမ်တွင်ပင် အထိမ်းအမှတ်ပွဲကို ကျင်းပသွားမှာဖြစ်ကြောင်းသိရသည်။

No comments: